Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 21, 2018

မဲဆောက်မှာ မူးယစ်မှောင်ခို ဥမင်လိုဏ်ခေါင်းတွေ့

မဲဆောက်မှာ မူးယစ်မှောင်ခို ဥမင်လိုဏ်ခေါင်းတွေ့
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ အခြားမှောင်ခိုပစ္စည်းတွေ လျှို့ဝှက်သယ်ဆောင်တဲ့ မီတာ ၁ဝဝ ရှည်တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတခုကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ရှောင်တခင် ဝင်ရောက် စီးနင်းလိုက်ပါတယ်။

မြန်မာနဲ့နယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က ထိုင်းနိုင်ငံသား မူးယစ်ရာဇာတဦးရဲ့ နေအိမ်ကို မနေ့ မနက်က ရဲတွေ၊ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ရာမှာ ၉ ဧက နီးပါးကျယ်တဲ့ နေအိမ်ခြံဝန်းအတွင်း အဲဒီမြေအောက်ဥမင်လမ်းကြောင်းကို တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် အဲဒီခြံဝင်းထဲမှာ ဆောက်လုပ်ဆဲ ကျောက်သွေးစက်ရုံတရုံ၊ ကုမ္ပဏီရုံးခန်းတခုနဲ့ ကုန်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တခုကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဆောက်အဦး ရှေ့မျက်နှာစာမှာ ဓါတ်ခွဲခန်းတခုကိုလဲတွေ့ရပြီး ice လို့ခေါ်တဲ့ မူးယစ်ဆေးတွေ ထုတ်လုပ်တဲ့နေရာလို့လည်း ရဲကယူဆနေပါတယ်။

အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ Sua ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။ Sua ရဲ့ မူးယစ်မှောင်ခိုမှုနဲ့ပတ်သက်ပြီး ၂ဝ၁၆ နိုဝင်ဘာလက ထိုင်းနိုင်ငံမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က၊ အမေရိကန်၊ သြစတေးလျမူးယစ်နှိမ်နင်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီကာလအတွင်း မူးယစ်မှောင်ခိုသမား ၂ ဦးကို ကားတစီးထဲမှာ ice ကီလိုဂရမ် ၁၁ဝဝ နဲ့အတူ မြန်မာနိုင်ငံမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့က ကုန်လှောင်ရုံတစ်ခုကိုရှာဖွေခဲ့ရာမှာလဲ ice ကီလိုဂရမ် ၆ဝဝ ကျော်တွေ့ရှိခဲ့ပြီး ထိုင်ဝမ်နိုင်ငံသား ၂ ယောက်ကိုလဲ ဖမ်းဆီးခဲ့ပါတယ်။

Sua ရဲ့ ဂိုဏ်းဟာ အကျဉ်းကျနေတဲ့ လာအိုမူးယစ်မှောင်ခို Keophimpa နဲ့ ဆက်နွယ်မှုရှိနေတယ်လို့လည်း ရဲတွေက သံသယရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment