Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

ယောက်ကျားထုကြီး သတိပြုဆင်ခြင်နိုင်ဖို့ရာ





လိင်ပိုင်းဆိုင်ရာ_ထိပါးနှောင့်ယှက်မှု
လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေတွေ့လို့ ဟေ့ချစ်ချစ်လို့ ခေါ်ပြီး ပါးစပ်သရမ်းရင် ပုဒ်မ - ၅၀၉ ထောင်ဒဏ် တစ်နှစ်၊
ကားပေါ်မှာ မိန်းကလေးတွေကို မတော်မရော်သွားထိရင် ပုဒ်မ - ၃၅၄ ထောင်ဒဏ် နှစ်နှစ်၊
လင်နဲ့မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် ပုဒ်မ - ၃၂၃ ထောင်ဒဏ် တစ်နှစ်၊

ငါ့မိန်းမမို့ ငါရိုက်တာကွာ မင်းနဲ့ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာကွဆိုပြီး တုတ်နဲ့ရိုက်ရင် ပုဒ်မ - ၃၂၄ ထောင်ဒဏ် သုံးနှစ်၊ ဒါ့အပြင် ပုဒ်မ - ၃၂၆ နဲ့ညှိရင်တော့ ထောင်ဒဏ် နှစ် ၂၀ ၊
မိန်းမနဲ့နွား မသနားနဲ့ကွဆိုပြီး ဒီလိုရိုက်၊ ဒီလိုကန်ဆိုရင် ပုဒ်မ - ၃၂၅ ထောင်ဒဏ် ခုနစ်နှစ်၊
သမီးကညာ အခါမလင့်စေနဲ့စေဆိုပြီး အတင်းအကျပ်ပေးစားရင် ပုဒ်မ - ၃၇၆ ထောင်ဒဏ်
နှစ် ၂၀ ၊

ယောက်ျားကောင်း မောင်းမတစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့ အပျော်မယားရှာရင် ပုဒ်မ - ၁၃ ထောင်ဒဏ် ခုနစ်နှစ်၊
ဒါ့အပြင် ပုဒ်မ - ၁၇ နဲ့ညှိရင် ထောင်ဒဏ် ၁၀ နှစ်၊

ပုံ - Credit---- The Fifth Pillar

No comments:

Post a Comment