Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 17, 2018

လာဘ္ပြင့္ေစရန္ မိမိရရန္႐ွိေသာ ေငြမ်ားျပန္ရရန္။ မိမိ ေပးရန္႐ွိေသာ ေႂကြးမ်ားေပးႏိုင္ရန္ ေအာက္ပါ အစီအရင္ ျပဳလုပ္ပါ


1. မည္သည့္ေန႔သားသမီး မဆို တနဂၤေႏြေန႔ နံနက္ 5နာရီတြင္ ျပဳလုပ္ပါ
2. ေတာင္းထဲတြင္ ဆန္တစ္ျပည္ထည့္ပါ
3. ဖီးၾကမ္း ငွက္ေပ်ာသီး 5ဖီးကို သင့္ေတာ္သလို စီထည့္ပါ(ဖီးၾကမ္းသာ ျဖစ္ရမည္ အျခားငွက္ေပ်ာမရပါ)
4. သေျပခက္ 3ခက္ ဖေယာင္းတိုင္ တစ္ထုပ္ အေမႊးတိုင္ တစ္ထုပ္ကို သင့္ေလ်ာ္သလို စီ၍ ထည့္ပါ
5. အလယ္တြင္ ေငြထီး တစ္လက္စိုက္ပါ
6. ဘိုးေတာ္ သိၾကားမင္းႏွင့္တကြ နတ္အေပါင္းအား လႉဒါန္းပါသည္ဟု ကပ္လႉပါ
7. မိမိရြတ္ဆိုေနက် ဘုရားစာရြတ္ဆို၍ ဘုရား႐ွိခိုးပါ။ အမ်ွအတန္းမ်ားေဝပါ
8 ေငြေၾကးႏွင့္ ပတ္သက္၍ မိမိလိုရာ ဆုတစ္ခုသာ ေတာင္းပါ
9. ပြဲကို တနလၤာ ေန႔ နံနက္ 10နာရီတြင္ ကပ္လႉသူ ကိုယ္တိုင္စြန္႔ပါ။ ငွက္ေပ်ာသီးႏွင့္ ဆန္ကို မ႐ွိဆင္းရဲသူအား ေပးလႉပါ
10 ဖေယာင္းတိုင္ႏွင္ အေမႊးတိုင္ကို အိမ္ဘုရားတြင္ လႉပါ
11. ေငြထီးႏွင့္ သေျပပန္းကို ေရ ႐ွိေသာ ျမစ္ ေခ်ာင္း ေျမာင္း ကန္ တစ္ခုသို႔ စြန္႔ပစ္ပါ။

ေဗဒင္ေမးၾကမယ္

Unicode Version
လာဘ်ပွင့်စေရန် မိမိရရန်ရှိသော ငွေများပြန်ရရန် /မိမိ ပေးရန်ရှိသော ကြွေးများပေးနိုင်ရန် အောက်ပါ အစီအရင် ပြုလုပ်ပါ

1. မည်သည့်နေ့သားသမီး မဆို တနင်္ဂနွေနေ့ နံနက် 5နာရီတွင် ပြုလုပ်ပါ
2. တောင်းထဲတွင် ဆန်တစ်ပြည်ထည့်ပါ
3. ဖီးကြမ်း ငှက်ပျောသီး 5ဖီးကို သင့်တော်သလို စီထည့်ပါ(ဖီးကြမ်းသာ ဖြစ်ရမည် အခြားငှက်ပျောမရပါ)
4. သပြေခက် 3ခက် ဖယောင်းတိုင် တစ်ထုပ် အမွှေးတိုင် တစ်ထုပ်ကို သင့်လျော်သလို စီ၍ ထည့်ပါ
5. အလယ်တွင် ငွေထီး တစ်လက်စိုက်ပါ
6. ဘိုးတော် သိကြားမင်းနှင့်တကွ နတ်အပေါင်းအား လှူဒါန်းပါသည်ဟု ကပ်လှူပါ
7. မိမိရွတ်ဆိုနေကျ ဘုရားစာရွတ်ဆို၍ ဘုရားရှိခိုးပါ။ အမျှအတန်းများဝေပါ
8 ငွေကြေးနှင့် ပတ်သက်၍ မိမိလိုရာ ဆုတစ်ခုသာ တောင်းပါ
9. ပွဲကို တနင်္လာ နေ့ နံနက် 10နာရီတွင် ကပ်လှူသူ ကိုယ်တိုင်စွန့်ပါ။ ငှက်ပျောသီးနှင့် ဆန်ကို မရှိဆင်းရဲသူအား ပေးလှူပါ
10 ဖယောင်းတိုင်နှင် အမွှေးတိုင်ကို အိမ်ဘုရားတွင် လှူပါ
11. ငွေထီးနှင့် သပြေပန်းကို ရေ ရှိသော မြစ် ချောင်း မြောင်း ကန် တစ်ခုသို့ စွန့်ပစ်ပါ။

ဗေဒင်မေးကြမယ်

No comments:

Post a Comment