Latest News

Sunday, December 2, 2018







ပီတာသင်္ဃန်းကျွန်း

#Unicode Version#
ဖြစ်စဉ်မှာ တရားလို ဒေါ်———သည် ညဏ်ရည်မသန်စွမ်းသည့် သမီးဖြစ်သူ မ——–(၁၄)နှစ် နှင့်အတူ ပခုက္ကူမြို့နယ် ————ကျေးရွာတွင်နေထိုင်ပြီး၁၇.၁၁.၂၀၁၈ ရက်နေ့၌ သမီးဖြစ်သူ မ——-(၁၄)နှစ်မှာ

ဓမ္မတာမလာသည်မှာ(၄)လခန့်ရှိသည်ကို သိရှိရသဖြင့်ကျန်းမာရေးမကောင်းသည်ထင်ပြီး ရွာရှိ သားဖွားဆရာမထံ သွားရောက်ပြသစမ်းသပ်ရာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရှိရ၍ ၎င်းနေ့ ၁၆:၅၀ အချိန်ခန့်တွင် မခုက္ကူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဆေးခန်းတွင် ထပ်မံပြသရာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မ——– (၁၄)နှစ်အား မေးမြန်းရာ လွန်ခဲ့သော ၅လခန့် နေ့ရက်မမှတ်မိ နေ့လည်အချိန်ခန့်က တရားလိုဒေါ်——–နှင့် မောင်နှမနှစ်ဝမ်းကွဲတော်စပ်ပြီး သမီးဖြစ်သူ၏ ဦးလေးနှစ်ဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ ပိုင်စိုးသက်မှ သရဲကြောက်၍လိုက်ခဲ့ရန်ခေါ်သဖြင့် လိုက်သွားခဲ့ရာ ရွာ၏အနောက်မြောက်ဘက်ရေကန်ဘောင်ဘေးအရောက်တွင်

၁၄ နှစ်အရွယ် ညဏ်ရည်မမှီတဲ့ မိန်းခလေး ကိုယ်ဝန် (၄) လရှိနေရာမှ ဦးလေး နှစ်ယောက်က မုဒိန်းကျင့်ခဲ့ပုံတွေ ပြောပြ 2

အသင့်စောင့်နေသော ပိုင်စိုးသက်၏ အစ်ကိုအရင်းဖြစ်သူ အောင်မျိုးမင်းမှ ဦးစွာ သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ခဲ့ပြီး ပိုင်စိုးသက်မှလည်း သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ၎င်းနောက်နေ့ရက်မမှတ်မိ နေ့လည်ပိုင်းက အောင်မျိုးမင်းမှ ကြာပန်းခူးပေးမည်ဟုပြောဆိုပြီး ရွာ၏မြောက်ဘက် ဦး——-၏ယာခင်းအတွင်းတွင်လည်း သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ၎င်းနောက် နေအိမ်မြောက်ဘက် ကျေးရွာပိုင် ရေစက်ပျက်ထားသည့် တိုက်ပျက်အတွင်း၌လည်း အောင်မျိုးမင်းမှ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ မ——–(၁၄)နှစ်၏ပြောပြချက်အရ သိရှိရသဖြင့် သမီးဖြစ်သူ မ———-(၁၄)နှစ်အားသားမယားအဖြစ်ပြုကျင့်သူ အောင်မျိုးမင်းနှင့် ပိုင်စိုးသက်တို့(၂)ဦးအား အရေးယူပေးရန် ဆွေမျိုးများနှင့် ညှိနှိ ုင်းတိုင်ပင်နေရ၍ ၂၈.၁၁.၂၀၁၈ ရက်နေ့ မှလာရောက် အမှ ုဖွင့်တိုင်တန်ခဲ့ကြောင်း သိရှိရသည်။

တရားလို ဒေါ်——-မှ တိုင်တန်သဖြင့် အောင်မျိုးမင်း(၁၇)နှစ်-ကျဘမ်း မီးသွေးကန်ကျေးရွာကျွဲတဲအုပ်စု-ပခုက္ကူမြို့နယ်နေသူနှင့် ပိုင်စိုးသက်(၁၄)နှစ် ကျဘမ်း လိပ်စာတူနေသူ(၂)ဦးအား ပခုက္ကူမြို့မရဲစခန်းမှ ပ/၅၆၈၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်သိရှိရသည်။

ပီတာသင်္ဃန်းကျွန်း