Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

သိန်းနီမြို့၊ကြူကြူလက်ဘက်ရည်ဆိုင်ပိုင်ရှင်မှ အမျိုးသမီးအလုပ်သမား ကို သံတုတ်ဖြင့် ရိုက်သဖြင့်ဆေးရုံတက်ကုသနေရကြောင်းသိရှိရ


ဒီဇင်ဘာ(၂၂)

သိန်းနီမြို့တွင်ဖွင့်လှစ်ထားသော ကြူကြူ လက်ဘက်ရည်ဆိုင် ပိုင်ရှင် မှ အမျိုးသမီးအလုပ်သမား(၂)ဦအား သံတုတ်ဖြင်ရိုက်၊ခြေဖြင့်ကန်၊ရေနွေးပူဖြင့်လောင်းသည့်အတွက် အဆိုပါဆိုင်မှအလုပ်သမားအမျိုးသမီးငယ်ဖြစ်သည့် မသွယ်သွယ်န်ုင်(၁၅)နှစ် သိန်းနီဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်းသိရှိရပါသည်။
အဆိုပါ လက်ဘက်ရည်ဆိုင်အလုပ်သမား မသွယ်သွယ်နိုင် သည် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုရဲအောင် မှ သံတုတ်ဖြင့်လက်ကိုရိုက်သည့်အတွက် ညာဘက်လက်အရိုးကျိုးသည့်ဒဏ်ရာ
အပြင် မျက်နှာတွင်လည်းဖူးယောင်သည့်ဒဏ်ရာများရရှိနေကြောင်းသိရသည့်အပြင် ကျန်ရှိသော အမျိုးသမီးအလုပ်သမားတစ်ယောက်သည်လည်း ဆီးစပ်ကိုကန်ခံခဲ့ရသည့်အတွက် ဆီးစပ်နာသောဝေဒနာကိုလည်းခံစားနေရကြောင်းသိရှိရပါသည်
သိန်းနီပြည်သူ့ဆေးရုံတွင် ၂၁.၁၂.၂၀၁၈ နေ့ကတည်းကတက်ရောက်ပြသဆေးကုသမှုခံယူနေရသော မသွယ်သွယ်နိုင် မှ ပြောပြသည်မှာ သမီးတို့ကို ၂၀.၁၂.၂၀၁၈ ည ကိုးနာရီကျော်လောက်က ဆိုင်ရှင် ကိုရဲအောင် က သံတုတ်နဲ့လက်ကိုရိုက်တာပါ၊ပြီးတော့မျက်နှာကိုလည်းလက်နဲ့ရိုက်ပါတယ်
အဲ့ဒီနေ့က သမီးတို့က အမျိုးသမီးရေးရာကို သမီးတို့အဖြစ်တွေပြောပြအကူအညီတောင်းဖို့ ဆိုင်ကနေခိုးထွက်ခဲ့ပါတယ် သမီးတို့နဲ့သိတဲ့အမျိုးသမီးရေးရာကလူနဲ့မတွေ့ခဲ့လို့ဆိုင်ကိုပြန်လာတဲ့အချိန်မှာ ကိုရဲအောင်က ရိုက်တာပါ အမျိုးသမီးရေးရာကိုအကူအညီတောင်းရတာကလည်း သမီးတို့က အရင်ကလည်းခဏခဏအရိုက်ခံရလို့ပါ ရေနွေးပူနဲ့လည်းလက်တွေကိုလောင်းချတာလည်းခံရပါတယ်ဒါကြောင့်သမီးတို့အခြေအနေကိုပြောပြပြီးအကူအညီတောင်းတာပါ
ရိုက်ခံရလို့ ၂၁.၁၂.၂၀၁၈ ရက်နေ့ ည ၆ နာရီလောက်မှာ သိန်းနီဆေးရုံကိုလာပြတာပါ ဒီနေ့(၂၂.၁၂.၂၀၁၈)မှာလက်ကိုဓါတ်မှန်ရိုက်တော့ သမီးလက်အရိုးကျိုးနေတာကိုသိရတာပါ လို့ ဖုန်းဖြင့်ပြန်လည်ဖြေကြားများအရသိရှိရပါသည်

ယခုအခါ ရိုက်နှက်ခံရသောအမျိုးသမီးအလုပ်သမားနှစ်ဦးမှ သိန်းနီရဲစခန်းအားအကြောင်းကြားကာ အမှုဖွင့်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်းသိရှိရပြီး သိန်းနီစေတနာရှင်များအသင်း မှ အဆိုပါဆေးကုသမှုခံယူနေရသော မသွယ်သွယ်နိုင်(၁၅) နှစ် အားငွေကျပ် ငါးသောင်းကိုလည်းကောင်း ၊သိန်းနီမြို့မှစေတနာရှင်အလှူရှင်များမှ ငွေကျပ်ခုနှစ်သောင်းကိုလည်းကောင်း ကူညီထောက်ပံ့ပေးထားကြောင်းကိုလည်းစုံစမ်းသိရှိရပါသည်။

ချယ်ရီလှိုင်





No comments:

Post a Comment