Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 26, 2018

တောင်ကိုရီးယားရှိ မြန်မာ မှုခင်းတစ်ခု


ခရစ်စမတ်အကြိုနေ့ - မနေ့ကဖြစ်ခဲ့တဲ့ တောင်ကိုရီးယားရှိ မြန်မာ မှုခင်းတစ်ခု

ခရစ်စမတ်ပိတ်ရက်မို့ သူများတွေပျော်နေကြပေမယ့် မပျော်နိုင်တဲ့သူတွေကတော့ ကျွန်မ အသိ ကိုရီးယားရောက် မြန်မာကျောင်းသူလေး သုံးယောက်....။

ကောင်မလေးတွေက အတော့်ကိုရိုးတယ်။

ကောင်မလေး သုံးယောက် အေးအေးဆေးဆေး စာသင်နေရာကနေ စိတ်ပူပန်ရမယ့်နေ့ကိုရောက်လာတယ်။

မနေ့ကပေါ့..။

ဒီဇင်ဘာလ ၂၄ ရက်

ခရစ်စမတ် အကြိုနေ့..။

သူတို့ ငှားနေတဲ့ အိမ်မှာ အိမ်သာတက်မလို့ အိမ်သာထဲဝင်လိုက်တုန်း တစုံတခုကို တွေ့လိုက်တယ်။ ဘာလေးပါလိမ့်လို့ သေသေချာချာ ကြည့်လိုက်တော့ ကင်မရာသေးသေးလေး တစ်လုံး။

ရှက်ကြောက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ ကျောင်းသူမလေးတွေက ကျွန်မဆီ ဖုန်းဆက်လာတယ်။

" အစ်မရေ ဘယ်လိုလုပ်ရမလဲ မသိဘူးတဲ့"

ဒီကင်မရာလေးက ဘယ်အချိန်ကတည်းက ရှိနေတာလဲ မသိ။ မတော်မရော်ကြံချင်တဲ့ ကိုရီးယားလူမျိုး သူ တစ်ယောက်ယောက်က အိမ်ထဲ တိတ်တဆိတ်ခိုးဝင်ပြီး ဒီကင်မရာကို တပ်ဆင်သွားလေသလား ..?

ကျွန်မ အတော့်ကို စိတ်ပူမိသွားတယ်။



" ညီမ ရဲစခန်းသွားပါ အစ်မ ကူညီပြီး ပြောပေးမယ်" ဆိုပြီး အားပေးစကားပြောတော့ ကောင်မလေးတွေက ရဲစခန်းတိုင်တယ်။

ကျွန်မနေတဲ့နေရာနဲ့ ကျောင်းသူလေးတွေနေတဲ့နေရာက အတော်ဝေးတော့ ဖုန်းနဲ့ပဲကူညီရတယ်။

ကြောက်လန့် ရှက်ရွံ့နေတဲ့ ကျောင်းသူလေးတွေကို ရဲစခန်းသွားဖို့ မနည်းအားပေးလိုက်ရတယ်။

ရဲထောက်လှမ်းရေးတွေ ချက်ချင်းရောက်လာတယ်။ ကျွန်မနဲ့ ရဲအရာရှိ ဖုန်းနဲ့စကားပြောဖြစ်ကြတယ်။

ကင်မရာ CCTV ကျွမ်းကျင် အထူးစစ်ဆေးရေးတွေရောက်လာတော့ ည သန်းခေါင်ကျော်နေပြီ။

သူတို့ စစ်ဆေးကြတယ်။

ကင်မရာ ခိုးတပ်တဲ့သူကို တစ်ခါတည်း တွေ့ရှိခဲ့တယ်။

ကောင်မလေးတွေ တာဝန်ရှိသူတွေက ပြကြည့်တော့ ကိုယ့်မြန်မာလူမျိုး မျက်နှာသိတစ်ယောက် ဖြစ်နေတယ်။ 😞

သူများနိုင်ငံမှာ ပညာသင်ကြားဖို့ အခက်အဲများစွာကျော်ဖြတ်ရုန်းကန်နေရတဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်း မောင်နှမလိုသဘောမထားပဲ အချောင်နှိုက်ချင်တဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်ရက်တာ အတော့်ကို ဝမ်းနည်း ဒေါသဖြစ်မိတယ်။

အကယ်၍ လိုအပ်လာရင် အဲဒီကောင်မလေး ၃ ယောက်ကို တတ်နိုင်သမျှ ကူညီ ဝန်းရံကြဖို့ ကျွန်မတို့ ကိုရီးယားရောက် မြန်မာမောင်နှမတွေကို မေတ္တာရပ်ခံပါတယ်။

တရားဥပဒေက ဘယ်လို ကူညီမလဲ အရင် စောင့်ကြည့်ပါဦးမယ်။

မရွှေမိုး ( ကိုရီးယား )



December 25th, 2018.



Note:မိန်းကလေးတွေ အားလုံး သတိထားနိုင်စေဖို့ ၊ နောက်ထပ် အမှားတွေကာကွယ်နိုင်ဖို့ ၊အမှန်တရားဖက်က စည်းစည်းလုံးလုံး ရပ်တည်နိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်။

No comments:

Post a Comment