Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2018

တိုင်းပြည်ဆင်းရဲနေချိန်မှာ ဇိမ်ခံလေယာဉ်ကြီး စီးရမှာ ရှက်တာကြောင့် Air Force One လေယာဉ်ကြီးကို ရောင်းချ သွားမည်ဟု မက္ကဆီကို သမ္မတအသစ် ကြေညာ

မက္ကဆီကို သမ္မတသစ် အန်းဒရိစ့်မန် နျူရယ်လို ပက်ဇ်အိုဘရာဒေါသည် ရွေး ကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်စဉ် အခါကတည်းက မက္ကဆီကို၏ သမ္မတများ စီးနင်းသောလေယာဉ်ကြီးကို ရောင်းချသွားမည်ဟု ကြိမ်းဝါးထားခဲ့ခြင်း ဖြစ်သည်။

လိုပက်ဇ်အိုဘရာဒေါသည် သမ္မတ များစီးနင်းသည့် Boeing 787-8 Dreamliner TP-01 လေယာဉ်ကြီးကို ရောင်းချခြင်းဖြင့် နိုင်ငံတွင်းမှဆင်းရဲသည့် လူနေမှုအသိုင်းအဝိုင်းများကို ကူညီထောက် ပံ့ရန်လုပ်ဆောင်ထားခြင်းဖြစ်သည်။ လို ပက်ဇ်အိုဘရာဒေါက တွစ်တာစာမျက်နှာ ပေါ်၌ကျုပ်သမ္မတလေယာဉ်ကို စီးမှာ မဟုတ်ပါဘူး။ ကျုပ်ရှက်တယ်။ ဒီလောက် ဆင်းရဲနေတဲ့နိုင်ငံမှာ ဇိမ်ခံလေယာဉ်ကြီး ကိုစီးနေရရင် ရှက်လွန်းလို့မျက်နှာတောင် ဖော်ရဲမှာမဟုတ်ဘူးဟု ဆိုခဲ့သည်။

လို ပက်ဇ်အိုဘရာဒေါသည် သမ္မတရာထူးကို လက်ခံရယူပြီးတစ်ရက်အကြာ၌ Veracruz ပင်လယ်ကွေ့နိုင်ငံသို့ သွားရောက် ရာတွင် သာမန်ခရီးသည်တင်လေယာဉ်ကို သာစီးနင်းခဲ့သည်။ မက္ကဆီကိုစီးတီးနိုင်ငံ တကာလေဆိပ်၌ သမ္မတအား အခြားခရီး သည်များကဲ့သို့ပင် မြင်တွေ့ခဲ့ကြရသည်။ဲJose Morelosy Pavon အမည်ရှိလေ ယာဉ်ကြီးကို ၂၀၁၂ ခုနှစ်တွင် မက္ကဆီကို အစိုးရက ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး တန်ဖိုးများလွန်းသည့်အတွက် အငြင်းပွားစရာများဖြစ်လာကာ ၂၀၁၆ ခုနှစ် အထိ အသုံးမပြုဘဲထားခဲ့သည်။

လေ ယာဉ်ကြီးကိုရောင်းချသွားရန် ကြေညာထား သော်လည်း ဈေးအတိအကျကို ထုတ်ဖော် ပြောဆိုခြင်းမရှိသေးဘဲ ဝယ်ဈေးထက်ပို များစွာရောင်းချသွားမည်ဟု ခန့်မှန်းရသည်။ မက္ကဆီကိုအာဏာပိုင်များသည် အစိုးရက ပိုင်ဆိုင်သောလေယာဉ်အစင်း ၆၀ နှင့် ရဟတ်ယာဉ်အစင်း ၇၀ ကိုရောင်းချသွား ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

ref ; အေးယုနိုင် 
( Pyi Myanmar )

No comments:

Post a Comment