Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

2019ခုႏွစ္ တစ္ႏွစ္တာေဟာစာတမ္း


(၁)ႏွစ္စာေဟာစာတမ္းေလး တင္ေပးလိုက္ပါၿပီ။လာမည့္2019မွာ မိမိကံၾကမၼာ ဘာေတြဘယ္လိုျဖစ္မလဲဆိုတာဖတ္ၾကည့္ပီးအမ်ားဖတ္႐ႈႏိုင္ေအာင္လည္း #Shareေပးၾကပါ။

တနဂၤေႏြသားသမီးမ်ား

ဤႏွစ္အတြင္း ကိုယ္ထူးကိုယ္ခြၽန္အလုပ္လုပ္တာပိုအဆင္ေျပမည္။ 2019ခုႏွစ္အတြင္း ရပ္တန္႔ထားေသာလုပ္ငန္းမ်ား ျပန္လည္ေဆာင္ရြက္ရမည့္ကာလျဖစ္သည္။ တစ္ပါးသူအေပၚအားကိုး၍မရေသာကာလျဖစ္သည္။ မိမိလြယ္ကူမည္ဟုယူဆေသာကိစၥမ်ားအေႏွာင့္အယွက္ေပးျခင္း ခံရတတ္သည္။ဖုန္းႏွင့္စက္ပစၥည္းမ်ားေရာင္းဝယ္ျခင္း၊အိမ္ျခံေျမလုပ္ငန္းမ်ားလုပ္ျခင္း၊ေဖ်ာက္ရည္၊ယမကာထုတ္လုပ္ျခင္းလုပ္ငန္းမ်ားမွ အက်ိဳးအျမတ္မ်ားရမည္။

ျပည္တြင္းျပည္ပ ဆက္သြယ္ေရးလုပ္ငန္းမ်ားလုပ္ျခင္း၊ ကြန္ပ်ဴတာႏွင့္ တီထြင္ပညာမ်ားလုပ္ျခင္းေကာင္းမည္။ ေငြေၾကးကိစၥကေတာ့မထင္မွတ္ဘဲဒီႏွစ္အတြင္း ထင္မွတ္ထားတာထက္ ပိုဝင္ကိန္းၾကံဳမည္။ အိမ္ယာ၊တိုက္ခန္း၊ေျမယာျခံကြက္မ်ားရ႐ွိတတ္သည္။ ဖုန္းႏွင့္အဖိုးတန္ပစၥည္းမ်ား က်ေပ်ာက္ကိန္း႐ွိသည္။ လူစုလူေဝး မ်ားျပားေသာေနရာမ်ားတြင္ သြားလာလႈပ္႐ွားျခင္း ေ႐ွာင္ရမည္။ယခုႏွစ္တြင္တနလၤာ၊ဗုဒၶဟူး၊ၾကာသပေတးေန႔ သားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆိုေဆာင္ရြက္ရာတြင္ ေအာင္ျမင္မႈမ်ားရ႐ွိမည္။အိမ္တြင္းေရးျပသနာမ်ားမၾကာမၾကာ ေျဖ႐ွင္းရတတ္သည္။တခါတခါမွန္ရဲ႕သားနဲ႔အက်ဥ္းအၾကပ္ထ ဲၾကံဳရတတ္သည္။

ပ်ိဳရြယ္သူမ်ားအခ်စ္ေရးႏွင့္ ပတ္သက္၍ စန္းပြင့္လိမ့္မည္ အႏွစ္ႏွစ္အလလမစြံသူမ်ား ဒီႏွစ္မွာစြံဖို႔မ်ားပါတယ္။ အခ်စ္ကံေကာင္းမည္။ပညာေရးတြင္ မိမိ၏ႀကိဳးပမ္းမႈေၾကာင့္ ထူးထူးျခားျခား တိုးတက္ေအာင္ျမင္လာလိမ့္မည္။သို႔ေသာ္ပညာေရးႏွင့္ အခ်စ္ေရးမ်ားေရာေထြးေနျခင္းမ်ား ၾကံဳေနရတတ္သည္။

က်န္းမာေရးတြင္ အေရျပားေရာဂါ၊ အာရံုေၾကာအားနည္းျခင္း၊ အပူနာေပါက္ျခင္း၊ေခါင္းကိုက္ျခင္းေဝဒနာမ်ား မၾကာခန ခံစားရတတ္သည္။ တန္ခူး၊ကဆုန္လမ်ားတြင္အလုပ္လုပ္တာ၊ အေရးႀကီးစကားေျပာဆိုတာေတြသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည္။ သီတင္းကြၽတ္၊တန္ေဆာင္မုန္း၊နေတၱာ္လမ်ားတြင္ ေအာင္ျမင္မႈမ်ားၾကံဳရမည္။ အဲဒီလေတြမွာအလုပ္လုပ္လ်င္ ဖိႀကိဳးစားပီးလုပ္ပါ။

ယၾတာ➖ေမၿမိဳ႕ပန္း၊ပိေတာက္ၫြန္႔၊ေပါက္ၫြန္႔(၉)ၫြန္႔စီ ဘုရားမွာတင္ပါ။
မိမိေမြးေန႔ေတြမွာေခါက္ဆြဲထုပ္၊ၾကံရည္၊ၾကာဇံထုပ္မ်ားလႉေပးပါ။

အက်ိဳးေပးေသာအကၡရာႏွင့္ဂဏာန္းမ်ား➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

တနလၤာသားသမီးမ်ား

တနလၤာသားသမီး တို႔သည္ လာမည့္ 2019 ခုႏွစ္အတြင္း အစစအရာရာ အဆင္ေျပလာမည့္ ကာလျဖစ္သည္။ မိမိရပ္တန္႔ထားေသာလုပ္ငန္းကိစၥမ်ား ျပန္လည္အသက္ဝင္လာေအာင္ ေဆာင္ရြက္ရမည္။ သို႔ေသာ္ လုပ္ငန္းခြင္တြင္အၿပိဳင္အဆိုင္မ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည့္ ကာလျဖစ္သည္။ အထူးသျဖင့္အစု႐ွယ္ယာ ဝင္ျခင္း ကုန္မာဆိုင္ႏွင့္ စိုက္ပ်ိဳးေရးပစၥည္းမ်ားေရာင္းဝယ္ျခင္း၊ ေျမၾသဇာႏွင့္ဆန္ ေရာင္းဝယ္ျခင္းမ်ားမွ အက်ိဳးအျမတ္ျဖစ္ထြန္းမည္။ 2019ခုႏွစ္တြင္အလုပ္သစ္မ်ား ဝင္ေရာက္လုပ္ကိုင္ရတတ္ျခင္း၊ ရာထူးတိုးျခင္း၊ ဂုဏ္သတင္းေက်ာ္ေဇာျခင္း၊ ေနရာအေျပာင္းေရႊ႕မ်ားၾကံဳမည္။

လူမႈေရးျပသနာမ်ား ဝင္ေရာက္ေျဖ႐ွင္းေပးရတန္သည္။ 2019ခုႏွစ္တြင္ တနဂၤေႏြ၊ဗုဒၶဟူး၊ ေသာၾကာသားသမီးမ်ားႏွင့္ မည္သည့္ ကိစၥမဆိုေဆာင္ရြက္ရာတြင္ အထူးဂ႐ုစိုက္ရမည္။အိမ္ေထာင္ေရးတြင္ မိတ္ေဆြ၊အသိုင္းအဝိုင္း၊ ေဆြမ်ိဳး စကားမ်ားေၾကာင့္ အိမ္ေထာင္ေရးအထင္အျမင္လြဲမွားမႈမ်ား ေပၚေပါက္လာတတ္သည္။ အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ားေတြ႔ရတတ္သည္။ မိသားစုတြင္က်န္းမာေရးျပဳစု ေစာင့္ေ႐ွာက္မႈမ်ား ျပဳလုပ္ေပးရတတ္သည္။

ပ်ိဳရြယ္သူမ်ား အိမ္ေထာင္ေရးတြင္ အသစ္ အဆန္းမ်ားေတြ႔ရတတ္သည္။မိမိရည္းစားျခံခုန္တတ္သည္။ စႏိုက္ေၾကာ္သူမ်ားႏွင့္ေတြ႔ရတတ္သည္။ ဘုရားဖူးသြားလာရာမွခ်စ္သူရည္းစားေတြ႔ရတတ္သည္။ပညာေရးတြင္ေ႐ွ႕ပိုင္း၌ ႀကိဳးစားအားထုတ္မႈေကာင္းၿပီး ေနာက္ပိုင္းတြင္အေပါင္းအသင္းမ်ားေၾကာင့္ စိတ္ေလၿပီးမိမိရည္မွန္းခ်က္မ်ားႏွင့္ ေဝးကြာသြားတတ္သည္။က်န္းမာေရးတြင္ အဖ်ားအနာျဖစ္ျခင္း၊ ခါးနာျခင္း၊မ်က္စိအားနည္းျခင္း၊ ေသြးအားနည္းျခင္းမ်ား ခံစားရျခင္းျဖစ္မည္။ ယခုႏွစ္အတြင္း က်န္းမာေရးအထူးဂ႐ုစိုက္ေပးပါ။

ကဆုန္၊ နယုန္လမ်ားတြင္ အေရးႀကီးကိစၥမ်ားလုပ္လ်င္ အထူးဂ႐ုစိုက္ပါ။ အ႐ွံုးေပၚမည္။ဝါေခါင္၊ေတာ္သလင္း၊ နေတာ္လမ်ားတြင္ ဘာမွမစင္းစားဘဲလုပ္လ်င္ေတာင္ေအာင္ျမင္မႈမ်ားၾကံဳရမည္။ယၾတာ➖မိမိေမြးေန႔တြင္ေဇာ္စိမ္းၫြန္႔၊ဇီးၫြန္႔၊ဇြန္ၫြန္႔(၉)ၫြန္႔စီဘုရားမွာတင္လႉပူေဇာ္ပါ။ေထာပတ္ဆီႏွင့္ဆီမီးခြက္သက္ေစ့ပူေဇာ္ပါ။လိေမၼာ္ေဖာ္ရည္ႏွင့္ယိုစံုမ်ားတင္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား (က၊ပ၊တ၊ဖ)(၂၊၅၊၇၊၀)

အဂၤါသားသမီးမ်ား

အဂၤါသားသမီးမ်ားသည္ 2019ခုႏွစ္ ေ႐ွ႕ပိုင္း(၆)လတြင္ လုပ္ငန္းခြင္တြင ္အၾကံအစည္သစ္မ်ား ေဆာင္ရြက္ရမည့္ႏွစ္ျဖစ္သည္။ မိတ္ေကာင္းေဆြေကာင္းမ်ားႏွင့္ ေတြ႔ဆံုၿပီး လုပ္ငန္းခြင္္မ်ား ေအာင္ျမင္လာလိမ့္မည္။ ႏိုင္ငံရပ္ျခားခရီးသြားလာျခင္းမ်ား ၾကံဳလာတတ္သည္။ရပ္ေဝးမိတ္ေဆြမ်ားႏွင့္ အခု႐ွယ္ယာလုပ္ငန္းမ်ား လုပ္ျခင္း အလုပ္သစ္ စတင္ထူေထာင္ျခင္းမ်ား ေကာင္း၏။ လုပ္ငန္းခြင္တြင္ မိန္ေဆြအသစ္မ်ားႏွင့္ဆက္ဆံရမည္။ ေရေၾကာင္းခရီးသြားလာျခင္းမ်ား မေကာင္းပါ။

2019ထဲမွာ မိတ္ေဆြမ်ားေပးထားေသာကတိမ်ား ပ်က္ျပားျခင္းေၾကာင့္ မိမိေဆာင္ရြက္ထားသမ်ွ သဲထဲေရသြန္သလို ျဖစ္သြားတတ္သည္။ ေငြေၾကးကိစၥမ်ားအလြယ္တကူကတိေပး ေဆာင္ရြက္ျခင္းမ်ားမျပဳသင့္ပါ။ လူမႈေရးျပသနာမ်ားႏွင့္႐ုတ္တရက္ ရင္ဆိုင္ရတတ္သည္။ဒီႏွစ္ထဲမွာေသာၾကာ၊ၾကာသပေတး၊ ဗုဒၶဟူးေန႔သားသမီးမ်ားနဲ႔မည္သည့္ ကိစၥမဆို ေဆာင္ရြက္ရာတြင္ ေအာင္ျမင္မႈမ်ားရ႐ွိမည္။အိမ္ေထာင္႐ွင္မ်ားသားသမီးရတနာထြန္းကားၿပီး သတင္းေကာင္းၾကားရတတ္သည္။ ပ်ိဳရြယ္သူမ်ားခ်စ္သူႏွင့္ နီးစပ္ရန္မလြယ္ကူသေလာက္ခက္ခဲမည္။ ေဝးကြာေနေသာ ခ်စ္သူမ်ားျပန္လည္ဆံုစည္းရတတ္သည္။

ပညာေရးတြင္ ဥာဏ္ရည္ထက္မ်က္ၿပီး ဂုဏ္သတင္းႀကီးမားလာလိမ့္မည္။ သို႔ေသာ္ပညာေရးတြင္ဝီရိယ႐ွိမွမိမိေမ်ွာ္မွန္းေသာပညာရပ္က ိုဆည္းပူးျခင္းရမည္။အျခားအလုပ္မစင္းစားဘဲလက္႐ွိ အတတ္ပညာကိုအေျချပဳ၍ အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးေလ့လာႏိုင္လ်င္အထူးေအာင္ျမင္မည္။က်န္းမာေရးတြင္ထံုက်ဥ္ျခင္း၊ ခါးေအာက္ပိုင္းေရာဂါမ်ားခံစားရျခင္း၊ ေသြးအားနည္းျခင္း၊မ်ားျဖစ္တတ္သည္။ တပို႔တြဲ၊တေပါင္း၊တန္ခူးလာမ်ားတြင္ အထူးကံေကာင္းမည္။က်န္တဲ့လေတြမွာေတာ့သတိနဲ႔ယွဥ္ၿပီးလုပ္ေဆာင္ပါ။

ယၾတာ ➖ႏွင္းဆီပန္း၊ႏွင္းပန္း၊ ရြက္လွ၊ဝါးၫြန္႔၊သစၥာပန္း(၅)ပြင့္စီ ဘုရားမွာတင္လႉေပးပါ။ မိမိေမြးေန႔မွာ ထန္းလ်က္၊ထိုးမုန္႔၊ နာနတ္ယိုဆြမ္းဘုရားမွာကပ္လႉပူေဇာ္ေပးပါ။အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊၀၊၂၊၆)

ဗုဒၶဟူးသားသမီးမ်ား

ဗုဒၶဟူးေန႔သားသမီးမ်ား2019ထဲမွာေတာ့ စီးပြားေရးကိစၥမ်ားႏွင့္ ပတ္သက္၍ အယူအဆအမွားမ်ားႏွင့္ ရင္ဆိုင္ရမည္။ ျပည္တြင္းျပည္ပ ဆက္သြယ္ေရးလုပ္ငန္းမ်ား လုပ္ျခင္း၊ ကြန္ပ်ဴတာႏွင့္ တီထြင္ပညာမ်ားေဆာင္ရြက္ျခင္း၊ စက္သံုးဆီေရာင္းဝယ္ျခင္း၊အစု႐ွယ္ယာလုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ားလုပ္ျခင္း ေကာင္း၏။ စိတ္ျမန္ျခင္း၊စိတ္ႀကီးျခင္းမ်ား၊အေလာတႀကီးအလုပ္လုပ္ျခင္းမ်ား တတ္ႏိုင္သမ်ွေ႐ွာင္က်ဥ္ရမည္။ နာမည္အလြဲသံုးစားျပဳျခင္းမ်ား ခံရတတ္သည္။

2019ထဲတြင္ တနလၤာ၊ဗုဒၶဟူး၊ ၾကာသပေတးသားသမီးမ်ားႏွင့္ မည္သည့္ကိစၥမဆို ေဆာင္ရြက္ရာတြင္ အထူးဂ႐ုစိုက္ရမည္။ ယခုႏွစ္တြင္ သတိတရားေ႐ွး႐ႈ၍ သြားလာေဆာင္ရြက္ရမည္။ ရင္းႏွီးေသာသူမ်ားႏွင့္ မိမိအၾကားအယူအဆသေဘာထား မကိုက္ညီမႈမ်ားၾကံဳရမည္။ညီအစ္ကို၊ေမာင္ႏွမခ်င္းစကားမ်ားရမည္။

ပ်ိဳရြယ္သူမ်ားအခ်စ္ေရးႏွင့္ ပတ္သက္ၿပီး မိမိရည္ရြယ္ထားေသာသူမ်ားႏွင့္ ထင္သေလာက္ခရီးမေပါက္ျခင္း၊ မိမိထက္အသက္၊ဝါႀကီးေသာသူမ်ားႏွင့္ အိမ္ေထာင္က်ရျခင္း၊ အျခားရပ္ေဝးေဒသမွ သူႏွင့္အိမ္ေထာင္က်ရျခင္းမ်ား ၾကံဳရတတ္သည္။ ဇနီး၊ခင္ပြန္း၊သားမယားအတြက္ေငြေၾကးကုန္က်မႈလည္းမ်ားမည္။ အိမ္တြင္းေရးျပသနာမ်ားေျဖ႐ွင္းရမည္။

ဥာဏ္ဆိုင္ရာပညာရပ္မ်ား၊ တီထြင္ဆန္းသစ္ေသာပညာရပ္မ်ား သင္ယူသင့္သည္။ပညာေရးတြင္ မိမိရည္မွန္းခ်က္ေအာင္ျမင္မႈမ်ား ဆြတ္ခူးႏိုင္မည္။က်န္းမာေရးတြင္ေခ်ာင္းဆိုးျခင္း၊ အဆုတ္ႏွင့္ပါတ္သက္ေသာေရာဂါ၊ မီယပ္ေရာဂါ၊အ႐ိုးအဆစ္ေရာဂါမ်ားျဖစ္တတ္သည္။ ဝါဆို၊သီတင္းကြၽတ္၊ျပာသိုလမ်ားတြင္အလုပ္လုပ္ပါက သတိႏွင့္ယွဥ္လုပ္ပါ။ လြဲေခ်ာ္တတ္သည္။ အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ား ဤလပိုင္းေတြမွာမလုပ္ပါႏွင့္။

ယၾတာ-ဘုရားမွာေရႊပန္း၊ေအာင္သေျပၫြန္႔၊ ဝါးၫြန႔္(၉)ၫြန႔္စီတင္ပါ။ယပ္ေတာင္(၁၇)ေခ်ာင္းဘုရားမွာပူေဇာ္ေပးပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)=

ၾကာသပေတးသားသမီးမ်ား
{ဆရာေဇာ္ေဇာ္ပုိင္ 09-440349932}

ၾကာသပေတးသားသမီးမ်ားသည္ 2019ခုႏွင္ေ႐ွ႕ပိုင္း(၃)လတြင္ လုပ္ငန္းခြက္တြင္ အၾကံစည္သစ္မ်ား ေဆာင္ရြက္ရမည့္ႏွစ္ျဖစ္သည္။ အခက္အခဲမည္မ်ွ ႐ွိေစေဆာင္ရြက္စရာမ်ားေ႐ွ႕တိုး၍ ေဆာင္ရြက္ရမည္ ့ႏွစ္ျဖစ္သည္။ စီးပြားေရးတိုးခ်ဲ့လုပ္ကိုင္လိုစိတ္မ်ား ေပၚေပါက္ေနတတ္သည္။ ဘဏ္လုပ္ငန္း၊ ေငြေၾကးေခ်းငွါးျခင္း၊ အစု႐ွယ္ယာဝင္ျခင္းမ်ား ေကာင္းက်ိဳးေပးမည္။မေမ်ွာ္လင့္ဘဲေငြေၾကးအေျမာက္အမ်ားဝင္မည္။

ညီအစ္ကို၊ ေမာင္ႏွမ၊ေဆြမ်ိဳးသားခ်င္းမ်ား ေႏွာင့္ယွက္မႈေၾကာင့္ မိမိလုပ္ငန္းခြင္ အက်ိဳးအျမတ္မ်ားပ်က္စီးတတ္သည္။ အိမ္ျခံေျမျပဳျပင္မႈမ်ားၾကံဳမည္။ ျပည္တြင္းျပည္ပခရီးတို၊ ခရီး႐ွည္မ်ားခနခန သြားကကိန္း႐ွိသည္။ပ်ိဳရြယ္သူမ်ားေမတၱာေရးကံေကာင္းၿပီး၊ မိမိရည္မွန္းထားေသာခ်စ္သူမ်ားႏွင့္ေမတၱာေရးမ်ားမည္။ အိမ္ေထာင္႐ွင္မ်ား အိမ္တြင္းေရးျပသနာမ်ား အေႏွာင့္အယွက္မ်ား ဝင္တတ္သည္။အေပ်ာ္အပါးလိုက္စားမႈေၾကာင့္ လူမႈေရးျပသနာမ်ားေျဖ႐ွင္းရတတ္သည္။
မိမိႀကိဳးစားေသာပညာရပ္မ်ားတြင ္ဝီရိယစိုက္ရမည့္ႏွစ္ျဖစ္သည္။ ေဆြမ်ိဳးသားခ်င္း အကူညီေကာင္းမ်ားပညာေရးတြင္ ကူၫီမည္။ လုပ္ငန္းခြင္စာေမးပြဲမ်ား၊အင္တာဗ်ဴးမ်ားေျဖဆိုခြင့္ အခြင့္လမ္းေကာင္းမ်ားရ႐ွိမည္။က်န္းမာေရးတြင္အဖ်ား႐ွည္ေရာဂါ၊ဆီးခ်ိဳေရာဂါ၊ေသြးတိုးေရာဂါ၊ အပူနာေရာဂါမ်ားျဖစ္တတ္သည္။ ျပာသို၊တပို႔တြဲ၊တေပါင္းလမ်ားတြင္လုပ္ငန္းကိစၥမ်ား အထူးလာဘ္လာဘမ်ားအက်ိဳးျဖစ္ထြန္းမည္။ယၾတာ-ဘုရားမွာ သေျပၫြန္႔၊သီးၫြန္႔၊သနပ္ခါၫြန္႔(၁၉)ၫြန္႔စီတင္လႉပူေဇာ္ပါ။ဘုရားတစ္ဆူဆူမွာ ထီး၊ တံခြန္၊ကုကၠား၊မ်ားလႉေပးပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

ေသာၾကာသားသမီးမ်ား

2019ထဲမွာ ေသာၾကာသားသမီးေတြဟာ ေပၚေပါက္လာေသာ စိတ္ကူးမ်ားကို လက္ေတြ႔ေအာင္ျမင္မႈ ရေသာႏွစ္ျဖစ္သည္။ လုပ္ငန္း၊အလုပ္သစ္၊ ေနရာသစ္တိုးခ်ဲ႕လုပ္ကိုင္ပါက ေအာင္ျမင္မႈရမည္။နာမည္ဘုန္းကံတိုးတက္ၿပီး ေနရာအႏွံပ်ံ႕ႏွံ႔သြားကိန္း႐ွိသည္။ လုပ္ငန္းခြင္တြင္မိတ္ေဆြအသစ္၊နယ္ပယ္အသစ္ႏွင့္ ဆက္ဆံရမည္။ စိတ္ေလာႀကီးၿပီးတစ္ပါးသူ၏ ေငြေၾကးဥစၥာမ်ားက ိုလုပ္ငန္းခြင္သံုးစျြဲခင္းမ်ား ေ႐ွာင္သင့္သည္။ ဇိမ္ခံပစၥည္းမ်ားဝင္မည္။ ေငြေၾကးကိစၥမ်ား၊ အစု႐ွယ္ယာလုပ္ငန္းမ်ား၊ ေငြေခ်းေငြငွါးလုပ္ငန္းမ်ား အထူးသတိျပဳေဆာင္ရြက္ပါ။ စက္ပစၥည္းမ်ားဝင္လာမည္။ အမ်ားသေဘာတူညီမႈေၾကာင့္ လူမႈေရး၊ဘာသာေရးကိစၥမ်ား ေဆာင္ရြက္ရမည္။

ပ်ိဳရြယ္သူမ်ား ခ်စ္သူရည္းစားအခ်င္းခ်င္းတစ္ဦးေပၚတစ္ဦး ယံုၾကည္မႈအားနည္းလာမည္။ အေကာင္းလုပ္လည္း မေကာင္းျမင္တတ္မည္။ အိမ္ေထာင္႐ွင္မ်ားပတ္ဝန္းက်င္၊ေဘးအေႏွာင့္အယွက္ေၾကာင့္ ရံဖန္ရံခါစကားျငင္းဆိုရမႈမ်ား ျဖစ္မည္။ ဒီႏွစ္အတြက္ေတာ့အိမ္ေထာင္ေရး၊ အခ်စ္ေရးကံမေကာင္းဘူးလို႔ ဆိုရမွာဘဲ။သတိထားေနၾကေပေတာ့။

ပညာေရးတြင္ လူမႈေရး႐ႈပ္ေထြးမႈေၾကာင့္ ေႏွာင့္ေႏွးမႈမ်ားၾကံဳရမည္။ ပညာသင္စရိတ္အတြက္ ခက္ခဲလာတတ္သည္။က်န္းမာေရးတြင္ ႏွလံုးေသြးေၾကာက်ဥ္းျခင္း၊ ထံုနာက်ဥ္နာေရာဂါ၊ ေလႏွင့္ အူလမ္းေၾကာင္းေရာဂါမ်ား ျဖစ္ပြားတတ္သည္။ နဲနဲျဖစ္ျဖစ္၊ မ်ားမ်ားျဖစ္ျဖစ္ ျဖစ္လာပါက ကြၽမ္းက်င္ေသာဆရာဝမ္ႏွင့္ ကုသပါ။မေပါ့ပါႏွင့္။

ဒီႏွစ္ထဲမွာဝါေခါင္၊ တန္ေဆာင္မုန္း၊ တပို႔တြဲလမ်ား၌ မည္သည့္ကိစၥမဆို ေဆာင္ရြက္ရာတြင္ အထူးဂ႐ုစိုက္လုပ္ပါ။ သီတင္းကြၽတ္၊တန္ခူး၊ကဆုန္လေတြမွာေတာ့စိတ္ခ်မ္းသာမႈပိုရမည္။ယၾတာ-ဘုရားမွာသရက္ၫြန္၊ဇြန္ၫြန္႔၊ စံပယ္ၫြန္႔(၂၁) ၫြန္႔စီ ကပ္လႉပူေဇာ္ပါ။မိမိေမြးေန႔မွာဇီးေဖ်ာ္ရည္ႏွင့္ ဆီေၾကာ္မုန္႔ဆြမ္း ကပ္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

စေနသားသမီးမ်ား

စေနသားသမီးမ်ားသည္ 2019အတြင္း လုပ္ငန္းခြင္ကို တိုးခ်ဲ့ရန္ဆႏၵ႐ွိေသာ္လည္း သတိတရားျဖင့္ လုပ္ကိုင္သင့္သည္။ အေကာင္းအဆိုး ဒြန္တလဲလ်က္႐ွိသည္။ ေလေၾကာင္းလုပ္ငန္း၊ေရေၾကာင္းလုပ္ငန္း၊ ဖန္စီႏွင့္ဖက္႐ွင္လုပ္ငန္း လုပ္ျခင္း ဆက္သြယ္ေရးပစၥည္းမ်ား ေရာင္းဝယ္ျခင္းေကာင္းမည္။ အတိုက္အခိုက္အမ်ိဳးမ်ိဳးၾကားမွ ေအာင္ျမင္မႈမ်ိဳးကိုရ႐ွိမည္။ တပည့္၊လက္ေအာက္ငယ္သားႏွင့္ အစု႐ွယ္ယာလုပ္ငန္းမ်ား လုပ္ကိုင္မႈတြင္ အထူးသတိထားၿပီး ျပဳလုပ္သင့္သည္။

ျပည္တြင္းျပည္ပခရီးသြားရကိန္း ခနခနၾကံဳလာမည္။ ေငြေၾကးကိစၥအဆင္ေျပမည္။အသက္ ၁၅ ႏွစ္မွ ၁၇ ႏွစ္ၾကား၊အသက္ ၂၀ မွ ၂၂ ႏွစ္ၾကား၊အသက ္၂၉ ႏွစ္မွ ၃၁ ႏွစ္ၾကား ေရာက္႐ွိေနသူမ်ားအခ်စ္ေရးႏွင့္ ပါတ္သက္၍ အဖုအထစ္မ်ားေတြ႔ရတတ္သည္။နားလည္မႈမ်ားလြဲတတ္သည္။ စကားတစ္ခြန္းဆို တစ္ခြန္းျပသနာတက္မည္။ အိမ္ေထာင္႐ွင္မ်ား တစ္ပါးသူအတြက္ မိမိဂုဏ္သိကၡာ က်ဆင္းတတ္သည္။

2019ထဲမွာတေပါင္း၊ နယုန္၊နေတၱာ္လမ်ားတြင္ အလုပ္လုပ္တာ အထူးသတိႏွင့္ယွဥ္လုပ္ပါ။အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ား ထိုလမ်ားတြင္အေလာတလ်င္မလုပ္သင့္ပါ။ယၾတာ-ဘုရားမွာ အုန္းၫြန္႔၊အင္ၾကင္းၫြန္႔၊ လက္ဖက္ၫြန္႔(၁၂)ၫြန္႔စီ တင္လႉပူေဇာ္ပါ။သစ္သီးငါးမ်ိဳးဆြမ္းေတာ္ကပ္လႉပူေဇာ္ပါ။

အက်ိဳးေပးအကၡရာႏွင့္ဂဏာန္းမ်ား(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

ဆရာေဇာ္ေဇာ္ပိုင္

#Unicode Version#

(၁)နှစ်စာဟောစာတမ်းလေး တင်ပေးလိုက်ပါပြီ။လာမည့်2019မှာ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပီးအများဖတ်ရှုနိုင်အောင်လည်း #Shareပေးကြပါ။

တနင်္ဂနွေသားသမီးများ

ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2019ခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။ မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။

ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက် ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်းရှိသည်။ လူစုလူဝေး များပြားသောနေရာများတွင် သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။

ပျိုရွယ်သူများအချစ်ရေးနှင့် ပတ်သက်၍ စန်းပွင့်လိမ့်မည် အနှစ်နှစ်အလလမစွံသူများ ဒီနှစ်မှာစွံဖို့များပါတယ်။ အချစ်ကံကောင်းမည်။ပညာရေးတွင် မိမိ၏ကြိုးပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများ ကြုံနေရတတ်သည်။

ကျန်းမာရေးတွင် အရေပြားရောဂါ၊ အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။ တန်ခူး၊ကဆုန်လများတွင်အလုပ်လုပ်တာ၊ အရေးကြီးစကားပြောဆိုတာတွေသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည်။ သီတင်းကျွတ်၊တန်ဆောင်မုန်း၊နတ္တော်လများတွင် အောင်မြင်မှုများကြုံရမည်။ အဲဒီလတွေမှာအလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။

ယတြာ➖မေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၉)ညွန့်စီ ဘုရားမှာတင်ပါ။
မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။

အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)

တနင်္လာသားသမီးများ

တနင်္လာသားသမီး တို့သည် လာမည့် 2019 ခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများ ပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။ သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ကာလဖြစ်သည်။ အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း ကုန်မာဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန် ရောင်းဝယ်ခြင်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ 2019ခုနှစ်တွင်အလုပ်သစ်များ ဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ ဂုဏ်သတင်းကျော်ဇောခြင်း၊ နေရာအပြောင်းရွှေ့များကြုံမည်။

လူမှုရေးပြသနာများ ဝင်ရောက်ဖြေရှင်းပေးရတန်သည်။ 2019ခုနှစ်တွင် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ သောကြာသားသမီးများနှင့် မည်သည့် ကိစ္စမဆိုဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။အိမ်ထောင်ရေးတွင် မိတ်ဆွေ၊အသိုင်းအဝိုင်း၊ ဆွေမျိုး စကားများကြောင့် အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာတတ်သည်။ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။ မိသားစုတွင်ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ပြုလုပ်ပေးရတတ်သည်။

ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။ပညာရေးတွင်ရှေ့ပိုင်း၌ ကြိုးစားအားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့် စိတ်လေပြီးမိမိရည်မှန်းချက်များနှင့် ဝေးကွာသွားတတ်သည်။ကျန်းမာရေးတွင် အဖျားအနာဖြစ်ခြင်း၊ ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများ ခံစားရခြင်းဖြစ်မည်။ ယခုနှစ်အတွင်း ကျန်းမာရေးအထူးဂရုစိုက်ပေးပါ။

ကဆုန်၊ နယုန်လများတွင် အရေးကြီးကိစ္စများလုပ်လျင် အထူးဂရုစိုက်ပါ။ အရှုံးပေါ်မည်။ဝါခေါင်၊တော်သလင်း၊ နတော်လများတွင် ဘာမှမစင်းစားဘဲလုပ်လျင်တောင်အောင်မြင်မှုများကြုံရမည်။ယတြာ➖မိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၉)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊ဝ)

အင်္ဂါသားသမီးများ

အင်္ဂါသားသမီးများသည် 2019ခုနှစ် ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင ်အကြံအစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်များ အောင်မြင်လာလိမ့်မည်။ နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။ရပ်ဝေးမိတ်ဆွေများနှင့် အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း အလုပ်သစ် စတင်ထူထောင်ခြင်းများ ကောင်း၏။ လုပ်ငန်းခွင်တွင် မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများ မကောင်းပါ။

2019ထဲမှာ မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။ လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့် ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့် နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသော ချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။

ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။ သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်က ိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစင်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ တပို့တွဲ၊တပေါင်း၊တန်ခူးလာများတွင် အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။

ယတြာ ➖နှင်းဆီပန်း၊နှင်းပန်း၊ ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၅)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။ မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊ဝ၊၂၊၆)

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးနေ့သားသမီးများ2019ထဲမှာတော့ စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်း ကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများ ခံရတတ်သည်။

2019ထဲတွင် တနင်္လာ၊ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင် သတိတရားရှေးရှု၍ သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။

ပျိုရွယ်သူများအချစ်ရေးနှင့် ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့် ထင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင့် အိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှ သူနှင့်အိမ်ထောင်ကျရခြင်းများ ကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။

ဉာဏ်ဆိုင်ရာပညာရပ်များ၊ တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင် မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊ အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။ လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များ ဤလပိုင်းတွေမှာမလုပ်ပါနှင့်။

ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၉)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)=

ကြာသပတေးသားသမီးများ
{ဆရာဇော်ဇော်ပိုင် 09-440349932}

ကြာသပတေးသားသမီးများသည် 2019ခုနှင်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွက်တွင် အကြံစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှ ရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များ ပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးချေးငှါးခြင်း၊ အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။

ညီအစ်ကို၊ မောင်နှမ၊ဆွေမျိုးသားချင်းများ နှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင် အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ ခရီးရှည်များခနခန သွားကကိန်းရှိသည်။ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြသနာများ အနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။
မိမိကြိုးစားသောပညာရပ်များတွင ်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်း အကူညီကောင်းများပညာရေးတွင် ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၉)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)

သောကြာသားသမီးများ

2019ထဲမှာ သောကြာသားသမီးတွေဟာ ပေါ်ပေါက်လာသော စိတ်ကူးများကို လက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊ နေရာသစ်တိုးချဲ့လုပ်ကိုင်ပါက အောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီး နေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့် ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများက ိုလုပ်ငန်းခွင်သုံးစြွဲခင်းများ ရှောင်သင့်သည်။ ဇိမ်ခံပစ္စည်းများဝင်မည်။ ငွေကြေးကိစ္စများ၊ အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများ အထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။ အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။

ပျိုရွယ်သူများ ချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်း မကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများ ဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊ အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။

ပညာရေးတွင် လူမှုရေးရှုပ်ထွေးမှုကြောင့် နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက် ခက်ခဲလာတတ်သည်။ကျန်းမာရေးတွင် နှလုံးသွေးကြောကျဉ်းခြင်း၊ ထုံနာကျဉ်နာရောဂါ၊ လေနှင့် အူလမ်းကြောင်းရောဂါများ ဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝမ်နှင့် ကုသပါ။မပေါ့ပါနှင့်။

ဒီနှစ်ထဲမှာဝါခေါင်၊ တန်ဆောင်မုန်း၊ တပို့တွဲလများ၌ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်လုပ်ပါ။ သီတင်းကျွတ်၊တန်ခူး၊ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊ စံပယ်ညွန့်(၂၁) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့် ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)

စနေသားသမီးများ

စနေသားသမီးများသည် 2019အတွင်း လုပ်ငန်းခွင်ကို တိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့် လုပ်ကိုင်သင့်သည်။ အကောင်းအဆိုး ဒွန်တလဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း ဆက်သွယ်ရေးပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းမည်။ အတိုက်အခိုက်အမျိုးမျိုးကြားမှ အောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့် အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင် အထူးသတိထားပြီး ပြုလုပ်သင့်သည်။

ပြည်တွင်းပြည်ပခရီးသွားရကိန်း ခနခနကြုံလာမည်။ ငွေကြေးကိစ္စအဆင်ပြေမည်။အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့် ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆို တစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များ တစ်ပါးသူအတွက် မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။

2019ထဲမှာတပေါင်း၊ နယုန်၊နတ္တော်လများတွင် အလုပ်လုပ်တာ အထူးသတိနှင့်ယှဉ်လုပ်ပါ။အရေးကြီးသောဆုံးဖြတ်ချက်များ ထိုလများတွင်အလောတလျင်မလုပ်သင့်ပါ။ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊ လက်ဖက်ညွန့်(၁၂)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)

No comments:

Post a Comment