Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 27, 2018

မော်လမြိုင်လေယာဉ်ကွင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမောင်းသင်လေယာဉ်တစ်စီး လေယာဉ်ပြေး လမ်းဘေးထိုးဆင်းမှုဖြစ်ပွား


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်လေယာဉ်ကွင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမောင်းသင် လေယာဉ်တစ်စီး နိုဝင်ဘာ ၂၇ ရက်က ဆင်းသက်ခဲ့ရာ လေယာဉ်ပြေးလမ်းဘေး ထိုးဆင်း ခဲ့သော်လည်း လေယာဉ်ပေါ်ပါ လူများ ထိခိုက်မှု မရှိခဲ့ကြောင်း မော်လမြိုင် လေဆိပ်မှ သိရှိရသည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ XY-AMB (Cesskna အမျိုးအစား) အမည်ရှိ လေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ နံနက် ၈း၄၇ နာရီမှ အမြင့်ပေ ၇၀၀၀ နှင့် ပြန်သန်းခဲ့ရာ မော်လမြိုင်လေယာဉ်ကွင်းတွင် နံနက် ၉း၂၈ နာရီတွင် ဆင်းသက်ရာ ပြေးလမ်းဘေး ထိုးဆင်းခဲ့ကြောင်း သိရသည်။

''လေယာဉ်က အမောင်းသင်ဖို့လာတဲ့ လေယာဉ်ပါ မော်လမြိုင် လေယာဉ်ကွင်းမှာ အမောင်းသင်နေကျပါ။ အမောင်းသင်တဲ့ လေယာဉ်တွေက လေယာဉ်အဟောင်းတွေ မဟုတ်ဘူး။ မော်လမြိုင် လေယာဉ်ကွင်းမှာ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်လို့ ပြောရမယ်။ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး။ လေယာဉ်ဘီး လမ်းချော်တာ မဟုတ်ဘူး။ ဘေးထိုးဆင်းသွားတာပါ။လူတင် လေယာဉ်လဲ မဟုတ်ဘူး။''ဟု မော်လမြိုင်လေဆိပ် မန်နေဂျာ ဦးလှဦးက ပြောသည်။

လေယာဉ်လမ်းဘေးထိုးဆင်းမှုကြောင့် လေယာဉ်ပေါ်ပါ လေယာဉ်မောင် ၅ ဦးနှင့် လေယာဉ်မယ် ၄ ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိဘဲ လေယာဉ်ရှေ့ဘီးကျိုးပြီး ပန်ကာကွေ့ကောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမောင်းသင်လေယာဉ်သည် လူတင်စီးပါက ၁၂ ယောက်စီးနင်းနိုင်မည်ဖြစ်ပြီး တစ်စင်းလုံး ငှားရမ်းသည့် လေယာဉ်ဖြစ်ကာ လေယာဉ်ပြေးလမ်း အမှတ် ၀၄ တွင် လေယာဉ်မှာ လမ်းဘေးထိုးဆင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်လေယာဉ်ကွင်းသည် တနင်္လာနေ့အပတ်တိုင်း ကော့သောင်း- မော်လမြိုင်၊ ရန်ကုန်- မော်လမြိုင်သို့ ပြေးဆွဲလျက်ရှိရာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မော်လမြိုင်လေယာဉ်ကွင်းအား တိုးချဲ့ရန်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment