CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 24, 2018
ဆိုင်ကယ်ရပ်ကာ ဖုန်းပြောနေသူအား လူ ၆ ဦးကာ ၀ိုင်းရိုက်သဖြင့် အမှုဖွင့်
မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ ဆည်တော်လမ်းခွဲတွင် ဆိုင်ကယ်ရပ်ကာ ဖုန်းပြောနေသောသူနှင့် ရပ်စောင့်နေသူများအား ၀ိုင်းဝန်းရိုက်နက်ခဲ့သည့်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့က အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
မတ္တရာမြို့နယ်၊ ရေန့သာကျေးရွာအုပ်စု၊ အောင်မြေအေးရွာနေ ဝေယံထက်(ခ)၀က်ကြီးသည် သူငယ်ချင်းဖြစ်သူ သိန်းထိုက်အောင်၊ ရဲနိုင်ဝင်း၊ အာကာဟိန်း၊ စိုးမင်းထက်နှင့် အောင်ရဲသူတို့သည် ဆိုင်ကယ် သုံးစီးဖြင့် ဥက္ကံရွာ သစ်တောရုံးပေါက်ရှိ ကွမ်းယာဆိုင်သို့သွားရောက်ပြီး ပြန်လာစဉ် ဆည်တော်လမ်းခွဲ၊ သင်္ချိုင်းကုန်းမြောက်ဘက်အကွေ့အရောက်တွင် သိန်းထိုက်အောင်မှ ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသဖြင့် ဝေယံထက်(ခ)၀က်ကြီး၊ အောင်ရဲသူနှင့် ရဲနိုဝင်းတို့မှာ ရပ်စောင့်နေကြောင်း သိရသည်။
ယင်းသို့ရပ်စောင့်နေစဉ် အာကာဟိန်းနှငိ့ စိုးမင်းထက်တို့မှာ ဆိုင်ကယ်ဖြင့်မောင်းနှငိကျော်သွားပြီး ခဏအကြာတွင် သိန်းထိုက်အောင်ဖုန်းပြောနေသော နေရာသို့ ရေနံ့သာရွာနေ သက်မင်းဖြိုးပါ လူငယ် ၆ ဦးသည် ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး လူငယ်တစ်ဦးမှ အသင့်ပါလာသော ၀ါးရင်းတုတ်ဖြင့် အောင်ရဲသူအား ရိုက်နှက်ခဲ့သဖြင့် ဝေယံထက်(ခ)၀က်ကြီးနှင့် အောင်ရဲသူမှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ယင်းသို့ထွက်ပြေးခဲ့သဖြင့် လူငယ် ၆ ဦးမှာ ရဲဝင်းနိုင်အား ၀ိုင်းဝန်းရိုက်နှက်ခ့ပြီး ထပ်မံလူငယ်တစိဦးမှာ ၀ါးရင်းတုတ်ဖြင့် သိန်းထိုက်အောင်အား ရိုက်နှက်ခဲ့ပြီး ဆိုင်ကယ်နှစ်စီးအား ၀ါးတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်ူရိုက်နှက်ခံခံ့ရသည့်အတွက် သိန်းထိုက်အောင် ဦးခေါင်းသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)၊ ရဲဝင်းနိုင် ၀ဲလက်ဖူးရောင်နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အောင်ရဲသူ ၀မ်းဗိုက်နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဝေယံထက်(ခ)၀က်ကြီးမှ ရေနံ့သာနယ်မြေရဲစခန်းတို့ ဖုန်းဆကိအကြောင်းကြားခဲ့ရာ ရဲတက်ဖွဲ့ဝင်များရောက်ရှိလာကြောင်း၊ သိန်းထိုက်အောင်၏ ရရှိထားသောဒဏ်ရာများမှာ စိုးရိမ်ရသဖြင့် မတ္တရာဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံးသို့ လွဲပြောင်းကုသလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝေယံထက်(ခ)၀က်ကြီးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် သက်မင်းဖြိုးပါ ၆ ဦးအား ရေနံ့သာနယ်မြေရဲစခန်းတွင် ၁၁၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၂၉၄/၄၂၇/၁၁၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။
ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
ဆိုင်ကယ်ရပ်ကာ ဖုန်းပြောနေသူအား လူ ၆ ဦးကာ ၀ိုင်းရိုက်သဖြင့် အမှုဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment