Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 17, 2018

ဘီးလင်းမြို့နယ်တွင် ရန်ကုန်မင်္ဂလာဆောင်သွားမည့်ယာဉ် အတိုက်ခံရပြီး တစ်ဦးသေဆုံး

ဘီးလင်းမြို့နယ်တွင် ရန်ကုန်မင်္ဂလာဆောင်သွားမည့်ယာဉ် အတိုက်ခံရပြီး တစ်ဦးသေဆုံး
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် နိုဝင်ဘာ ၁၆ ရက်၊ ည ၁၂း၀၀ နာရီဝန်းကျင်ခန့်က ယာဉ် ၂ စီးတိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဘီးလင်းမြို့မ ရဲစခန်းမှ သိရှိရသည်။

"၆ဘီးယာဉ်က ရန်ကုန်ကိုမင်္ဂလာဆောင်သွားမယ့်သူတွေ လိုက်ပါလာတဲ့ ယာဉ်ကိုဝင်တိုက်တာ။ မင်္ဂလာ ဆောင်သွားမယ့်ယာဉ်ပေါ်မှာ လူက ၁၇ ယောက်လောက်ပါတယ်။ အဲ့ထဲကမှ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ် ရာရသွားတယ်။ ၆ ဘီးယာဉ်မောင်းကိုတော့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်''ဟု ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်ညတွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ဘားအံမြို့နေသူ မျိုးမြင့်ကျော်(၄၀)နှစ် မောင်းနှင်လာသော (၆) ဘီးကားသည် ကားလမ်းမိုင်တိုင်အမှတ် ၁၂၁/၂ နှင့် ၁၂၁/၃ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ် ကြောသို့ရောက်ရှိသွားပြီး မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မော်လမြိုင်မြို့နေသူ ဦးအောင်ဇော်ဝင်း(၄၀)နှစ် မောင်းနှင်လာသော Hiace အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မင်္ဂလာဆောင်သွားမည့် ယာဉ်ပေါ်မှလူ(၁၇)ဦးအနက် မော်လမြိုင်မြို့နေသူ ဇော်မင်းထွန်း (၃၄)နှစ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားပြီး ဦးစိန်ဝင်း(၄၈)နှစ်မှာ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးမြင့်ကျော်အား ဘီးလင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၅၀ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment