CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, October 16, 2018
ေက်ာင္းသူရဲ႕ကားနဲ႔တုိက္မိရာမွ ဒဂုံတကၠသုိလ္ လက္ေထာက္ကထိက ဆရာမေဒၚအိေကခိုင္မင္း ကြယ္လြန္
ဒဂုံတကၠသုိလ္ ဥပေဒပညာဌာနတြင္ တာဝန္ထမ္းေဆာင္လ်က္႐ွိေသာ လက္ေထာက္ကထိက ဆရာမေဒၚအိေကခိုင္မင္းသည္ အေ၀းသင္ေက်ာင္းသူတစ္ဦးလုိက္ပါလာေသာ ကားႏွင့္တုိက္မိ၍ အေရးေပၚေဆးရုံေရာက္သြားရာမွ ကြယ္လြန္သြားရျပီျဖစ္ေၾကာင္း ဒဂံုတကၠသိုလ္ ဆရာဆရာမမ်ားသမဂၢထံမွ သိရသည္။
အခင္းျဖစ္စဥ္မွာ ေအာက္တုိဘာ ၁၂ ရက္ နံနက္ ၁၀ နာရီေက်ာ္အခ်ိန္ခန္ ့က ဆရာမေဒၚအိေကခုိင္မင္း လုိက္ပါလာသည့္ ဆုိင္ကယ္ႏွင့္ အေ၀းသင္ေက်ာင္းသူတစ္ဦး လုိက္ပါလာသည့္ Belta ကားနံပါတ္ 2H —- တို႔မွာ ဒဂံုတကၠသိုလ္ ေတာ္ဝင္လမ္းမေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီး ဆရာမ ေဒၚအိေကခိုင္မင္း၏ ဦးေခါင္းတြင္ျပင္းထန္စြာ ဒဏ္ရာရ႐ွိခဲ့ေၾကာင္း သိရသည္။
ဒဏ္ရာရရွိသြားေသာ ဆရာမအား အေရွ ့ဒဂုံေဆးရုံသုိ ့အေရးေပၚအျဖစ္ ခ်က္ျခင္းပုိ ့ေဆာင္ေပးခဲ့ျပီးေနာက္ ယင္းမွတစ္ဆင့္ ေျမာက္ဥကၠလာပေဆးရုံသုိ ့ဆက္လက္ပုိ ့ေဆာင္လုိက္ရေၾကာင္း၊ ယင္းေနာက္ ေအာက္တုိဘာ ၁၅ ရက္(ယေန ့) ေန ့လယ္ပုိင္းတြင္ အခင္းျဖစ္ပြားစဥ္ရ႐ွိခဲ့သည့္ ဥိီးေခါင္းဒဏ္ရာေၾကာင့္ ကြယ္လြန္သြားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ကြယ္လြန္ခ်ိန္တြင္ ဆရာမ ေဒၚအိေကခုိင္မင္းမွာ အသက္(၃၃)ႏွစ္အရြယ္သာ ရွိေသးေၾကာင္းႏွင့္ အခင္းျဖစ္စဥ္အတြက္ လူေသမႈအျဖစ္ ရဲတပ္ဖြဲ ့က ေျပာင္းလဲအမႈဖြင့္၍ ယာဥ္ပုိင္ရွင္ကုိ CCTV မွတ္တမ္းမ်ားမွတစ္ဆင့္ ရွာေဖြေနျပီျဖစ္ေၾကာင္းလည္း ဒဂံုတကၠသိုလ္ ဆရာဆရာမမ်ားသမဂၢထံမွ သိရသည္။
ဆရာမ ေဒၚအိေကခုိင္မင္း၏ စ်ာပနကို ၎၏ ဇာတိျဖစ္သည့္ ပဲခူးတိုင္းေဒသႀကီး၊ ပ်ဥ္ပံုႀကီးၿမိဳ႕တြင္ စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
Bahutha
#Unicode Version#
ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လက်ထောက်ကထိက ဆရာမဒေါ်အိကေခိုင်မင်းသည် အဝေးသင်ကျောင်းသူတစ်ဦးလိုက်ပါလာသော ကားနှင့်တိုက်မိ၍ အရေးပေါ်ဆေးရုံရောက်သွားရာမှ ကွယ်လွန်သွားရပြီဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဆရာဆရာမများသမဂ္ဂထံမှ သိရသည်။
အခင်းဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်က ဆရာမဒေါ်အိကေခိုင်မင်း လိုက်ပါလာသည့် ဆိုင်ကယ်နှင့် အဝေးသင်ကျောင်းသူတစ်ဦး လိုက်ပါလာသည့် Belta ကားနံပါတ် 2H —- တို့မှာ ဒဂုံတက္ကသိုလ် တော်ဝင်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆရာမ ဒေါ်အိကေခိုင်မင်း၏ ဦးခေါင်းတွင်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသော ဆရာမအား အရှေ့ဒဂုံဆေးရုံသို့အရေးပေါ်အဖြစ် ချက်ခြင်းပို့ဆောင်ပေးခဲ့ပြီးနောက် ယင်းမှတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံသို့ဆက်လက်ပို့ဆောင်လိုက်ရကြောင်း၊ ယင်းနောက် အောက်တိုဘာ ၁၅ ရက်(ယနေ့) နေ့လယ်ပိုင်းတွင် အခင်းဖြစ်ပွားစဉ်ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် ဆရာမ ဒေါ်အိကေခိုင်မင်းမှာ အသက်(၃၃)နှစ်အရွယ်သာ ရှိသေးကြောင်းနှင့် အခင်းဖြစ်စဉ်အတွက် လူသေမှုအဖြစ် ရဲတပ်ဖွဲ့က ပြောင်းလဲအမှုဖွင့်၍ ယာဉ်ပိုင်ရှင်ကို CCTV မှတ်တမ်းများမှတစ်ဆင့် ရှာဖွေနေပြီဖြစ်ကြောင်းလည်း ဒဂုံတက္ကသိုလ် ဆရာဆရာမများသမဂ္ဂထံမှ သိရသည်။
ဆရာမ ဒေါ်အိကေခိုင်မင်း၏ ဈာပနကို ၎င်း၏ ဇာတိဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ပျဉ်ပုံကြီးမြို့တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Bahutha
ေက်ာင္းသူရဲ႕ကားနဲ႔တုိက္မိရာမွ ဒဂုံတကၠသုိလ္ လက္ေထာက္ကထိက ဆရာမေဒၚအိေကခိုင္မင္း ကြယ္လြန္
Reviewed by MP4 YoU
on
October 16, 2018
Rating: 5
Reviewed by MP4 YoU
on
October 16, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment