Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 5, 2018

၇ တန္းေက်ာင္းသူေလး ကို မုဒိမ္းက်င့္ သတ္ျဖတ္ခဲ႔ တဲ႔ တရားခံကုိ မိပါျပီ


စစ္ကိုင္းတိုင္းေဒသႀကီး၊ တန္႔ဆည္ၿမိဳ႕တြင္ ၇ တန္းေက်ာင္းသူေလးအား မုဒိမ္းက်င့္ ဆြဲႀကိဳးယူၿပီး သတ္ျဖတ္တိမ္းေရွာင္ေနသူကိုဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း တန္႔ဆည္ရဲစခန္းမွ သိရသည္။ တရားခံမွာ ငယ္ေလး(ခ)ဉာဏ္လင္းေအာင္ဆိုသူျဖစ္ၿပီး ေမာ္လူးၿမိဳ႕နယ္၊ ပင္ဝယ္ရြာဇာတိျဖစ္ၿပီး အလည္လာရင္း လူသတ္မႈက်ဴးလြန္ျခင္းျဖစ္ေၾကာင္း သိရသည္။’ေသဆံုးသူ ေက်ာင္းသူေလးမွာ ကြၽန္းေတာကုန္းရြာမွျဖစ္ၿပီး ၿပီးခဲ့သည့္ တနလၤာေန႔က သတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

တရားခံအားလိုက္လံရွာေဖြသည့္ အဖြဲ႕ထဲတြင္ပါဝင္ခဲ့သူတစ္ဦးက “ညပိုင္းအခ်ိန္က်မွ ေခ်ာင္းဦးရြာ အေရွ႕ဘက္ လယ္ေတာက တဲမွာ ထမင္းေတာင္းစားတဲ႔အခ်ိန္ တဲပိုင္ရွင္က တာဝန္ရွိသူေတြကို သတင္းေပးလိုက္တာ။ တဲပိုင္ရွင္ကအသက္ႀကီးေနၿပီဆိုေတာ့ အခ်ဳိသပ္ ထမင္းေကြ်း အဝတ္ေတြလဲခိုင္းၿပီး သူမသိေအာင္ အုပ္ခ်ဳပ္ေရးမွဴး အေၾကာင္းၾကားတာ။ အဲဒါနဲ႔ တိတ္တဆိတ္ အုပ္ခ်ဳပ္ေရးမွဴး၊ ရဲနဲ႔ တာဝန္သိျပည္သူ အနည္းငယ္နဲ႔ သြားဖမ္ရာက မိခဲ့တာ” ဟု iSee media သို႔ ေျပာသည္။ တရားခံအားတန္႔ဆည္ၿမိဳ႕မရဲစခန္းက(ပ)၁၆၂/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၃၀၂ ျဖင့္ အမႈဖြင့္ ထားၿပီး စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။
 Isee Media Page

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့တွင် ၇ တန်းကျောင်းသူလေးအား မုဒိမ်းကျင့် ဆွဲကြိုးယူပြီး သတ်ဖြတ်တိမ်းရှောင်နေသူကိုဖမ်းဆီးရမိပြီဖြစ်ကြောင်း တန့်ဆည်ရဲစခန်းမှ သိရသည်။ တရားခံမှာ ငယ်လေး(ခ)ဉာဏ်လင်းအောင်ဆိုသူဖြစ်ပြီး မော်လူးမြို့နယ်၊ ပင်ဝယ်ရွာဇာတိဖြစ်ပြီး အလည်လာရင်း လူသတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။’သေဆုံးသူ ကျောင်းသူလေးမှာ ကျွန်းတောကုန်းရွာမှဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့က သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

တရားခံအားလိုက်လံရှာဖွေသည့် အဖွဲ့ထဲတွင်ပါဝင်ခဲ့သူတစ်ဦးက “ညပိုင်းအချိန်ကျမှ ချောင်းဦးရွာ အရှေ့ဘက် လယ်တောက တဲမှာ ထမင်းတောင်းစားတဲ့အချိန် တဲပိုင်ရှင်က တာဝန်ရှိသူတွေကို သတင်းပေးလိုက်တာ။ တဲပိုင်ရှင်ကအသက်ကြီးနေပြီဆိုတော့ အချိုသပ် ထမင်းကျွေး အဝတ်တွေလဲခိုင်းပြီး သူမသိအောင် အုပ်ချုပ်ရေးမှူး အကြောင်းကြားတာ။ အဲဒါနဲ့ တိတ်တဆိတ် အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ တာဝန်သိပြည်သူ အနည်းငယ်နဲ့ သွားဖမ်ရာက မိခဲ့တာ” ဟု iSee media သို့ ပြောသည်။ တရားခံအားတန့်ဆည်မြို့မရဲစခန်းက(ပ)၁၆၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၂ ဖြင့် အမှုဖွင့် ထားပြီး စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

 Isee Media Page

No comments:

Post a Comment