#Unicode Version#
လာပြန်ပြီးနော် တောင်ကြီးကSolarကားနောက်ထပ်တစီး… Congratulations ပါဗျာ….
* * * အင်ဂျင်နီယာ ဘွဲ့ယူမည့် SOLAR ကားလေး * * *
နည်းပညာတက္ကသိုလ် (တောင်ကြီး) MECHANICAL ဌာနမှ ဘွဲ့ယူ ကျမ်း အတွက် Solar ကားလေး ကို တင်သွင်း ဖတ်ကြားခဲ့ပြီဖြစ်သည်။
6BE ကျောင်းသား/ကျောင်းသူ များ ဖြစ်သည့် မောင်သန့်ဇင်မင်းကိုကို / ခွန်သန်းနိုင်ဦး / မောင်သိန်းကျော်စိုး / နန်းမြစိမ်းနွယ်ဦး တို့ မှ ဘွဲ့ယူကျမ်း အတွက် တီထွင်လုပ်ဆောင်ခဲ့သည်။
Supervisor ဒေါ်နန်းခင်ချောဆင့် / Co supervisor ဦးအောင်မျိုးစန်းလှိုင် /ဒေါ်သဉ္ဇာသိန်းလှိုင်တို့မှ လမ်းညွှန်မှုပေးခဲ့သည်။
၅နှစ်စာ သင်ကြား ခဲ့သော အင်ဂျင်နီယာပညာရပ် များ ကို အကောင်းဆုံး အသုံးချပြီး လုပ်ဆောင်ခဲ့သည် ။
SOLAR ကား ဆိုင်ရာ အချက်အလက်များ
* အောင်ပန်း နှင့် အေးသာယာ (၁၇)မိုင် စမ်းသပ် မောင်းနှင်ခဲ့သည်။* AUTO ဂီယာ အမျိုးအစားဖြစ်သည်။* ရှေ့တိုး နောက်ဆုတ် လုပ်ဆောင်၍ရသည်။* BATTERIES ၅ လုံး တပ်ဆင်ထားသည်။
* လူဦး ရေ အများဆုံး ( ၄ ) ဦးတင်ဆောင် မောင်းနှင်နိုင်သည်။* SOLAR အချပ်ရေ 40 Watt ၅ ချပ် အသုံးပြုထား သည်။
* Brushless DC မော်တာကို ကား အင်ဂျင်အတွက် အသုံးပြုထားသည်။
* ဘရိတ် အတွက် Drum Brake အမျိုးအစား ကို အသုံးပြုထားသည်။* * * ဘွဲ့ ယူကျမ်း အတွက် စုစုပေါင်း ကုန်ကျ စရိတ် ၁၅ သိန်း ဖြစ်သည်။ * * *
Original
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 17, 2018
တောင်ကြီး နည်းပညာ တက္ကသိုလ်က ကျောင်းသား ကျောင်းသူများ တီထွင်ထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး ကား
တောင်ကြီး နည်းပညာ တက္ကသိုလ်က ကျောင်းသား ကျောင်းသူများ တီထွင်ထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး ကား
Reviewed by MP4 YoU
on
October 17, 2018
Rating: 5
Reviewed by MP4 YoU
on
October 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment