Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 27, 2018

လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံခဲ့သည့် တာမွေမြို့နယ်၌ ဓားထောက်ခြောက်လှန့်တောင်းယူ သူ (၂)ဦးအနက် (၁)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ စက်တင်ဘာ ၂၈

၂၆.၉.၂၁၀၈ ရက်နေ့ ၀၂၂၄ အချိန်တွင် ဦး------- သည် AA/-----Pramio
Saloon အဖြူရောင်အငှားယာဉ်ဖြင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း
မောင်းနှင်နေစဉ် စီဒိုးနားဟိုတယ်ရှေ့၊ အင်းလျားကန်ဘောင်အရောက်
တွင် အသက်(၂၀)ကျော်ခန့်ရှိ လူငယ်(၂)ဦးမှ ဦး-------၏အငှားယာဉ်အား
ပုဇွန်တောင်ဈေးသို့ (၂၅၀၀)ကျပ်ဖြင့် ငှားရမ်း၍ လိုက်ပို့ပေးခဲ့ရာ
ပုဇွန်တောင်ဈေးအရောက်ရှိစဉ် လူငယ်(၂)ဦးမှ ၎င်းတို့၏သူငယ်ချင်းမရှိ
ဘူး တော့ဘူးပြောဆိုပြီး မင်္ဂလာဈေးသို့လိုက်ပို့ရန်ထပ်မံပြောသဖြင့်
လိုက်ပို့ပေးခဲ့ရာ မင်္ဂလာဈေးအကျော် မီးပွိုင့် အရောက် တာမွေမြို့နယ်၊
မအူကုန်းရပ်ကွက်၊ ၁၃၃ လမ်းထဲသို့ ၀င်ရန်ပြောသဖြင့် ၀င်ပေးခဲ့ရာ
အဆိုပါလမ်း တွင် ကားပေါ်တွင်လိုက်ပါလာသည့် လူငယ်(၂)ဦးအနက်
(၁)ဦးမှ အရိုးအသွား(၅)လက်ခန့်ရှိ စတီးဓားထုတ်၍ ခြောက်လှန့်ကာ
ဦး-----ထံတွင်ပါလာသည့် ငွေကျပ်(၈၀၀၀၀)နှင့် Huawei အမျိုးအစား
ဆင်ကတ်ပါ ဖုန်း(၁) လုံးတို့အား ရယူသွားသဖြင့် ၎င်းလူငယ်(၂)ဦးအား
တာမွေမြို့မရဲစခန်း(ပ) ၉၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့်
အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုံစမ်းဆောင်ရွက်ချက်အရ ခြောက်လှန့်တောင်းယူသွားသည့်
လူငယ်(၂)ဦးအနက်(၁)ဦးမှာ ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်၊ရန်ငြိမ်းလမ်း
သွယ်(၂)နေ ကျော်ဇင်ထွန်း ဖြစ်ကြောင်းသိရှိရသဖြင့် ၂၇.၉.၂၀၁၈
ရက်နေ့ ၁၆၄၀ အချိန်တွင် ၎င်းအား နေအိမ်တွင်ဖမ်းဆီးရမိခဲ့ပြီး
အရေးယူဆောင်ရွက်လျက်ရှိကာ ကျန်တစ်ဦးဖြစ်သည့် အေးချမ်းပိုင်အား
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment