Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 12, 2018

ကျိုင်းတုံ၌ လူငယ် ၇ ဦးမှ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တစ်ဦးသေဆုံး



ကျိုင်းတုံ ၁၁ စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ်လုံအုပ်စု ၀မ်ကာရွာတွင် ယမန်နေ့က တုတ်၊ ဓား ကိုင်ဆောင်ထားသည့် လူငယ် (၇)ဦးမှ လေယာဉ်ကွင်းလမ်းအနီး ဖုန်းဖြင့်ဂိမ်းကစားနေသူ စိုင်းရီတစ် (ခ) ချင်ဆမ် (၁၅)နှစ်နှင့် သူငယ်ချင်းနှစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် စိုင်းရီတစ် (ခ) ချင်ဆမ်သည် ကျိုင်းတုံဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူသည့် လူငယ်များအား မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်နဲ့ တပ်ဖွဲ့ဝင်များက ညတွင်းချင်း လိုက်လံရှာဖွေခဲ့ရာ ကျိုင်းတုံမြို့ ရပ်ကွက်(၄) နောင်ကွမ်ရွာနေ စိုင်းရှဲန်ဝမ်း၊ ရပ်ကွက်(၁) ၀မ်နတ်မော်ရွာနေ အောင်မြတ်ဦး၊ ရပ်ကွက် (၁) အာခါဈေးရပ်နေ အိုက်ဆမ်နှင့် ရပ်ကွက်(၄) နောင်ကွမ်ရွာနေ စိုင်းတစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ရပ်ကွက်(၄) အာခါဈေးရပ်နေ စိုင်းထောင်းခမ်းနှင့် စိုင်းရှဲန်တစ်၊ မိုင်းလတ်အုပ်စု ၀မ်ဝိုးရွာနေ အိုက်ဆောင်တို့ (၃)ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူများအား မြို့ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment