Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 11, 2018

နှာခေါင်းကို လက်ဖြင့်လာပိတ်သော ဇနှီးအား စိတ်ဆိုးဒေါသထွက်၍ ပေါက်ဆိန်သံရိုက်တူဖြင့် ရိုက်သတ်မှု ဖြစ်ပွား


မုနိမြီ၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ နယ် မြစ်ကျိုးလေးအိမ်စုကျေးရွာတွင် စက်တင်ဘာ(၁၀) ရက်နေ့ မနက်( ၆) နာရီအချိန်ခန့် က လင်ယောကျာ်းဖြစ်သူမှ ပေါက်ဆိန် သံရိုက်တူတို့ ဖြင့်ထုရိုက်၍ဇနီးဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေရဲစခန်းမှ ပြေားကြားဖြင့် သတင်းရရှိသည်။

ဖြစ်စဉ်တွင် လေးအိမ်စုကျေးရွာနေ ရာအိမ်မှူး ဦကျော်စိုးဆိုသူမှာ၎င်း ၏နေအိမ်ခြံနှင့်ကျောခြင်းကပ်ခြံမှ အော်ဟစ်နေသံများကြားရသဖြင့် လေးအိမ်စုကျေးရွာနေ ကိုကုလားဆိုသူနှင့်ကိုကုလား၏ဇနီးတော်စပ်သူမတင်ချို တို့ နှင့်အတူ မြစ်ကျိုးနယ်မြေရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားပြီး အော်ဟစ်သံများကြားရသည့် ကျောခြင်းကပ်ခြံ ဦးစိုးမြင့် ၏နေအိမ်ပေါ်သို့  တက်ရောက်ကြည့်ရှုခဲ့ရာ ဦးစိုးမြင့်တွငွ နေအိမ်အတွင်းပက်လက်အနေအထားအဖြင့်လှဲနေသည်ကို တွေ့ရှိရပြီး ၎င်း ၏ခြေရင်းတွင် ဦးစိုးမြင့်၏ဇနီးတော်စပ်သူဒေါ်ခင်စန်းဦး(ခေါ်) ဒေါ်ကုလားမအားအား စောင်ဖြင့်တစ်ကိုယ်လုံးလွမ်းခြုံ ထားသည်ကို တွေ့ရှိရကြောင်း စောင်ကိုလှန်ကြည့်ရာ ဒေါ်ခင်စန်းဦး၌ ဦးခေါင်ခွံနောက်စေ့ကွဲအက်ဒဏ်ရာ လည်ဂုတ်တွင်ပြတ်ရှဒဏ်ရာအခြားပြတ်ရှဒဏ်ရာများနှင့်သွေးများထွက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု နယ်မြေရဲစခန်းသို့ ပထမသတင်းပေးတိုင်တန်းချက်များ အရသိရသည်ဟု"မုနိမြီ"၏ မေးမြန်မှုအားဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ တရားလိုဦးစိုးမြင့်အား မေးမြန်းရာ ဇနီးသည်မှ မိမိ၏နှာခေါင်းကို လက်ဖြင့်လာပိတ်သဖြင့်စိတ်ဆိုးဒေါသထွက်ပြီး နေအိမ်အတွင်းရှိ ပေါက်ဆိန်သံရိုက်တူ တို့ ဖြင့် ထုရိုက်မိကြောင်းပြောသည်ဟု တိုင်တန်းချက်အရ သိရှိရသည်။

ထိုနောက် ရာအိမ်မှူး ဦးကျော်စိုးမှတရားလို ပြုလုပ်တိုင်ကြားသဖြင့် ဇနီးအားရိုက်နှက်ခဲ့သည့် ဦးစိုးမြင့်အား မြစ်ကျိုးနယ်မြေရဲစခန်းမှ
(ပ) ၁၀၆ / ၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ် ဖမ်းဆီးပြီး ဆက်လက်
စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

သာခိုင်(မုနိမြီ)

No comments:

Post a Comment