Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 7, 2018

မုဒုံမြို့နယ်၌ယနေ့နေ့လည်ပိုင်းတွင် အပြန်လှန်သေနတ်ဖြင့်ပြစ်ခတ်မှုဖြစ်ပွား တရားခံအားအရှင်ဖမ်းဆီးရ


မုဒုံ စက်တင်ဘာ ၇

မုဒုံမြို့နယ် မြို့မ ၂ ရပ်ကွက် ရွှေညောင်ပင်ရပ်တွင် ၇.၉.၂၀၁၈ရက်နေ့ နေ့လည်၁၁ နာရီချိန်ခန့်၌ သေနတ်ကိုင်အမျိုးသားတစ်ဦးရောက်ရှိနေသည်ဟုသတင်းရရှိသောကြောင့် မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမြအောင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးသက်စိုး မြို့မရဲစခန်းမှူး(ခေတ္တ)ရဲအုပ် ဝင်းဇော်ဌေး၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ်ငြိမ်းချမ်း၊ သတင်းရဲတပ်ဖွဲ့စိပ်(မုဒုံ)၊ စစ်ဘက်ဆိုင်ရာလုံးခြုံရေးတပ်စိပ်(မုဒုံ)နှင့် ဌာနေပြည်သူစစ်ခေါင်းဆောင်ဦးစိုးနိုင်နှင့်အဖွဲ့တို့သွားရောက်ရာ အဆိုပါသေနတ်ကိုင်ဆောင်ထားသူသည် ဝက်တဲကွင်းအရောက်တွင် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ၁ ချက် ၊ နောက်မှတာဝန်ရှိသူများ လိုက်လာနေသည်ကိုမြင်တွေ့သောကြောင့်ပြေးရင်ဖြင့် ၂ ချက် စုစုပေါင်း(၃)ချက်ပစ်ခတ်သဖြင့် ဖမ်းဆီးရေးအဖွဲ့မှ ရဲတပ်ကြပ်မြင့်သိန်းနှင့်အဖွဲ့မှ ပြန်လည်ပြစ်ခတ်ရာ ကျောကုန်း၊ တံတောင်ဆစ်အနီး ထိမှန်သော်လည် ၎င်းသေနတ်ကိုင်ဆောင်ထားသူသည် လယ်ကွင်းအတိုင်းထွက်ပြေးသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ လူစုခွဲ၍ စက်လှေနှင့်သော်လည်ကောင်း ၊ ခြေလျင်ဖြင့်သော်လည်ကောင်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ နေ့လည် ၁နာရီခွဲအချိန်ခန့်တွင် တရားခံအားဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူမှာ အောင်မြတ်(ခ)အုန်းမှုတ် အသက် ၅၅ နှစ် အမှတ် ၁၀ လမ်း ဘုရားသုံးဆူမြို့၌လက်ရှိနေထိုင်သူဖြစ်ပြီး(ယခင်ဇာတိ) မုဒုံမြို့ မြို့မ၂ ရပ်ကွက် မြစပယ်လမ်းနေသူဟုသိရှိရသည်။ ၎င်းနှင့်အတူ ပါရာအမျိုးစားပစ္စတိုသေနတ်တစ်လက် ပွိုင့်22 ကျည်ကျန် 4 တောင် သိမ်းဆည်းရမိခဲ့ရာ မုဒုံမြို့မရဲစခန်းမှဥပဒေနှင့်အညီအမှုဖွင့်အရေးယူဆောင်ရွတ်နေကြောင်းသတင်းရရှိသည်။

ပြန်ကြားရေးမှူး
MCRA-SH (မှုခင်းရှုထောင့်နှင့်သတင်းစုံးစမ်ရေး)
မုဒုံမြို့နယ်ရုံးခွဲ၊မွန်ပြည်နယ်။





No comments:

Post a Comment