Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 9, 2018

ပုံျပင္မဟုတ္ေသာျဖစ္ရပ္မွန္ နာဂေဒသ နန္းယြန္းျမဳိ့နယ္တြင္ ၂ ပတ္အတြင္း ကေလးငယ္ ၇ ဦးေသဆုံး

ေရာဂါထပ္မံျဖစ္ပြားေသာေနရာသည္ စစ္ကုိင္းတုိင္းေဒသႀကီး၊နာဂေဒသ၊နန္းယြန္းျမဳိ့နယ္၊႐ွန္ဟဲႏုတ္ညဳိအုပ္စု၊႐ွန္ဟဲေပၚကြန္ေက်းရြာတြင္ျဖစ္သည္။

၄င္းေက်းရြာသည္ အိမ္ေထာင္စု ၁၀၅ ခု လူဦးေရ က်ား ၂၉၈၊ မ ၃၀၆ ဦးေနထုိင္ျခင္းျဖစ္ၿပီး၊ အသက္ ၁၈ ႏွစ္ေအာက္မွာ က်ား ၁၄၄၊ မ ၁၄၉ ဦး႐ွိပါသည္။

အဆုိပါေက်းရြာတြင္ လန္းပန္းေက်းရြာ၌ ျဖစ္ပြားခဲ့ေသာေရာဂါလကၡဏာနဲ႔သ႑န္တူ ေသာေရာဂါျဖစ္ပြားေနေၾကာင္းကုိ ၅.၉.၂၀၁၈ တြင္ျဖစ္ပြားခဲ့ရာ..၇.၉.၂၀၁၈ ရက္ေန့တြင္ ဦးရႊမ္ပုန္း+ေဒၚေပၚေသာင္း တုိ႔၏ သား ေမာင္ရႊမ္းေနာင္း အသက္ ၁ လသားအရြယ္ တစ္ဦးေသဆုံးခဲ့သည္။

နန္းယြန္းျမဳိ့နယ္တြင္ ျသဂုတ္လ ၂၅ ရက္ မွ စက္တင္ဘာလ ၈ ရက္ေန႔အတြင္း ကေလးငယ္ ၇ ဦးေသဆုံးခဲ့ျခင္းျဖစ္သည္။

ေရာဂါလကၡဏာ မွာ ကုိယ္ပူ၊ေခ်ာင္းဆုိး၊ ႏွာေခါင္းေသြးယုိ၊အသက္႐ွဴလမ္းေၾကာင္းၾကပ္ျခင္းေဝဒနာခံစားၾကသည္။ အခ်ဳိ့မွာဝမ္းေလ်ွာဝမ္းပ်က္ျခင္းလည္းေရာေႏွာသည္။

ဖ်ားနာသူမ်ားသည္ ကေလးလူႀကီးအရြယ္စုံ ျဖစ္ၿပီး၊ ေရာဂါခံစားသူမ်ားသည္ ေရာဂါကူးစက္ ခံရသည္နဲ႔ အျပင္းအထန္ခံရၿပီး လူႀကီးမ်ားပင္ မထူမထ ႏုိင္သည္အထိျဖစ္လာသည္။

(၉-၉-၁၈)

(လက္ရွိ က်နး္မာေ၇း၀န္ထမ္းမ်ားေရာက္ရွိလာျပီျဖစ္ေပမဲ့အဓိကေဆး၀ါးမ်ားလိုအပ္ေနဆဲ )
ေတာင္ေပၚတိုင္းရင္းသားေဒသမ်ားက်နး္မာေရးေစာင့္ေရွာက္မူနည္းနဲ့ေဒသမ်ားက လူထုမ်ားဘ၀ျဖစ္ပါတယ္ !!!!

ပုံျပင္မဟုတ္ေသာျဖစ္ရပ္မွန္

နယ္ေျမေဒသ
နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင္ရေဒသ၊နန္းယြန္းျမဳိ့နယ္၊ဒုံဟီးနယ္၊လန္းပန္းေက်းရြာ..။

ျဖစ္စဥ္

၂၄.၈.၂၀၁၈ ခုႏွစ္ တြင္ ရာသီကူးေျပာင္းကာလတြင္ျဖစ္တတ္ေသာေရာဂါ..ႏွာေစး၊ေခ်ာင္းဆုိး၊အသက္႐ွဴလမ္းေၾကာင္းၾကပ္ျခင္း၊ကုိယ္ပူ၊တစ္ကုိယ္လုံးကုိက္ခဲခင္း၊ဝမ္းေလ်ာဝမ္းပ်က္ျဖစ္ျခင္း၊ ယေန႔တုိင္ျဖစ္ပြားလ်က္႐ွိ

ေက်းရြာအခ်က္အလက္

လန္းပန္းေက်းရြာ၊အိမ္ေျခ ၆၁အိမ္ လူဦး ေရ က်ား ၂၂၅ ဦး၊မ ၂၀၀ ဖ်ားနာသူဦးေရ ၃၅၇ ဦး လူႀကီလူငယ္၊က်ားမ..မေရြး

ေသဆုံးသူမ်ား
၂၅.၈.၂၀၁၈ ေန႔တြင္ ေမာင္ယန္းေသာ့ အသက္ ၁၀ ႏွစ္
၂၆.၈.၂၀၁၈ ရက္ေန႔တြင္ မေနာ္နဲ အသက္ ၂ ႏွစ္ ၄ လ
၂၈.၈.၂၀၁ဂ ရက္ေန႔တြင္ မေတာေနာ အသက္ ၁ လအရြယ္တုိ႔ေသဆုံးခဲ့သည္

ျဖစ္ရသည့္အေၾကာင္းရင္း

Seasonal flue ဟုဆုိေသာ္လည္း ၄င္းေဒသ႐ွိကေလးသူငယ္မ်ားသည္ အဟာရခ်ဳိ့တဲ့ေနေသာအခါ..တစုံတရာေရာဂါခံစားရပါက ခုခံႏုိင္သည့္စြမ္းအားမ႐ွိျခင္း၊ဆက္သြယ္ေရးခက္ခဲ၍သတင္းအခ်က္အလက္ရယူမႈေနာက္က်ျခင္း၊ေဆးဝါးအလ်င္မမွီျခင္းတုိ႔ေၾကာင့္လူ႔အသက္ကုိကယ္ဆယ္ရန္ေနာက္က်ခဲ့သည္။

အဓိက အခ်က္အလက္မ်ားကိုသာေကာက္ႏွဳတ္ေဖာ္ျပပါတယ္ ။
နန္းယြန္း ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိမ္းေမာင္








#Unicode Version#
ရောဂါထပ်မံဖြစ်ပွားသောနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊နန်းယွန်းမြို့နယ်၊ရှန်ဟဲနုတ်ညိုအုပ်စု၊ရှန်ဟဲပေါ်ကွန်ကျေးရွာတွင်ဖြစ်သည်။

၎င်းကျေးရွာသည် အိမ်ထောင်စု ၁၀၅ ခု လူဦးရေ ကျား ၂၉၈၊ မ ၃၀၆ ဦးနေထိုင်ခြင်းဖြစ်ပြီး၊ အသက် ၁၈ နှစ်အောက်မှာ ကျား ၁၄၄၊ မ ၁၄၉ ဦးရှိပါသည်။

အဆိုပါကျေးရွာတွင် လန်းပန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောရောဂါလက္ခဏာနဲ့သဏ္ဍန်တူ သောရောဂါဖြစ်ပွားနေကြောင်းကို ၅.၉.၂၀၁၈ တွင်ဖြစ်ပွားခဲ့ရာ..၇.၉.၂၀၁၈ ရက်နေ့တွင် ဦးရွှမ်ပုန်း+ဒေါ်ပေါ်သောင်း တို့၏ သား မောင်ရွှမ်းနောင်း အသက် ၁ လသားအရွယ် တစ်ဦးသေဆုံးခဲ့သည်။

နန်းယွန်းမြို့နယ်တွင် သြဂုတ်လ ၂၅ ရက် မှ စက်တင်ဘာလ ၈ ရက်နေ့အတွင်း ကလေးငယ် ၇ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ရောဂါလက္ခဏာ မှာ ကိုယ်ပူ၊ချောင်းဆိုး၊ နှာခေါင်းသွေးယို၊အသက်ရှူလမ်းကြောင်းကြပ်ခြင်းဝေဒနာခံစားကြသည်။ အချို့မှာဝမ်းလျှောဝမ်းပျက်ခြင်းလည်းရောနှောသည်။

ဖျားနာသူများသည် ကလေးလူကြီးအရွယ်စုံ ဖြစ်ပြီး၊ ရောဂါခံစားသူများသည် ရောဂါကူးစက် ခံရသည်နဲ့ အပြင်းအထန်ခံရပြီး လူကြီးများပင် မထူမထ နိုင်သည်အထိဖြစ်လာသည်။

(၉-၉-၁၈)

(လက်ရှိ ကျန်းမာရေးဝန်ထမ်းများရောက်ရှိလာပြီဖြစ်ပေမဲ့အဓိကဆေးဝါးများလိုအပ်နေဆဲ )

တောင်ပေါ်တိုင်းရင်းသားဒေသများကျန်းမာရေးစောင့်ရှောက်မူနည်းနဲ့ဒေသများက လူထုများဘဝဖြစ်ပါတယ် !!!!

ပုံပြင်မဟုတ်သောဖြစ်ရပ်မှန်

နယ်မြေဒေသ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊နန်းယွန်းမြို့နယ်၊ဒုံဟီးနယ်၊လန်းပန်းကျေးရွာ..။

ဖြစ်စဉ်

၂၄.၈.၂၀၁၈ ခုနှစ် တွင် ရာသီကူးပြောင်းကာလတွင်ဖြစ်တတ်သောရောဂါ..နှာစေး၊ချောင်းဆိုး၊အသက်ရှူလမ်းကြောင်းကြပ်ခြင်း၊ကိုယ်ပူ၊တစ်ကိုယ်လုံးကိုက်ခဲခင်း၊ဝမ်းလျောဝမ်းပျက်ဖြစ်ခြင်း၊ ယနေ့တိုင်ဖြစ်ပွားလျက်ရှိ

ကျေးရွာအချက်အလက်

လန်းပန်းကျေးရွာ၊အိမ်ခြေ ၆၁အိမ် လူဦး ရေ ကျား ၂၂၅ ဦး၊မ ၂၀၀ ဖျားနာသူဦးရေ ၃၅၇ ဦး လူကြီလူငယ်၊ကျားမ..မရွေး

သေဆုံးသူများ

၂၅.၈.၂၀၁၈ နေ့တွင် မောင်ယန်းသော့ အသက် ၁၀ နှစ်

၂၆.၈.၂၀၁၈ ရက်နေ့တွင် မနော်နဲ အသက် ၂ နှစ် ၄ လ

၂၈.၈.၂၀၁ဂ ရက်နေ့တွင် မတောနော အသက် ၁ လအရွယ်တို့သေဆုံးခဲ့သည်

ဖြစ်ရသည့်အကြောင်းရင်း

Seasonal flue ဟုဆိုသော်လည်း ၎င်းဒေသရှိကလေးသူငယ်များသည် အဟာရချို့တဲ့နေသောအခါ..တစုံတရာရောဂါခံစားရပါက ခုခံနိုင်သည့်စွမ်းအားမရှိခြင်း၊ဆက်သွယ်ရေးခက်ခဲ၍သတင်းအချက်အလက်ရယူမှုနောက်ကျခြင်း၊ဆေးဝါးအလျင်မမှီခြင်းတို့ကြောင့်လူ့အသက်ကိုကယ်ဆယ်ရန်နောက်ကျခဲ့သည်။

အဓိက အချက်အလက်များကိုသာကောက်နှုတ်ဖော်ပြပါတယ် ။
နန်းယွန်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်

No comments:

Post a Comment