Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 10, 2018

ချမ်း​မြေ့​မောင်​ချို လာမပြိုင်​ရင်​ Winner ကို တခါတည်း​ကြော်​ငြာမည်


မြန်​မာအိုက်​​ဒေါနဲ့ ပတ်​သက်​ပြီးစာနယ်​ဇင်းရှင်းလင်းပွဲကို ဒီက​နေ့ သြဂုတ်​လ (၁၀) ရက်​ည ၆နာရီမှာ ​ရွှေထွဋ်​တင်​ကွင်းတွင်​ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

ရှင်းလင်းပွဲမှာ မြန်​မာအိုင်​​ဒေါ season (3) မှာ အခုလက်​ရှိဖြစ်​​နေတဲ့ အ​ကြောင်းအရာ​တွေနဲ့ပတ်​သက်​ပြီး တာဝန်​ရှိသူတစ်​ဦးက ” အခုမှာ​တော့ ချမ်း​မြေ့​မောင်​ချိုကို ဆရာဝန်​နဲ့အတူ ကျန်းမာ​ရေးကို အ​သေးစိတ်​စစ်​​ဆေး​နေပါတယ်​။

ကျွန်​​တော်​တို့ ပရိသတ်​နဲ့​တွေ့ဆုံဖို့ အခွင့်​အ​ရေး​ပေးခဲ့ပါတယ်။နှစ်ယောက်​လုံးပြန်​လာတဲ့အခါ ပြိုင်​ပွဲမှာ ပင်​ပန်းတာ​တွေ​ကြောင့်​နှစ်​​ယောက်​လုံး ​နေမ​ကောင်းဖြစ်​ခဲ့​ပေမယ့်​ ဖြိုးမြတ်​​အောင်​က ပြန်​လည်​​နေ​ကောင်းလာခဲ့ပါတယ်​။

Show ရဲ့ format အရ ဆက်​လက်​ကျင်းပမှာဖြစ်​ပြီး ချမ်း​မြေ့​မောင်​ချိုက​တော့ လာဆိုနိုင်​​သေးတယ်​လို့ ကျွန်​​တော်​ ​မျှော်​လင့်​ပါတယ်​။ ကျွန်​​တော်​တို့က ​ပေးမပြိုင်​တာထက်​ သူကိုယ်​တိုင်​ပြိုင်​ဖို့ကို ​မျှော်​လင့်​ပါတယ်​။

ကျွန်​​တော်​တို့​ကြော်​ငြာထားတဲ့အတိုင်း မနက်​ဖြန်​မှာ ဆက်​လက်​ကျင်းပမှာဖြစ်​ပါတယ်။ ပွဲစတဲ့အထိ​စောင့်​မယ်​ ပွဲစတာနဲ့ သူလာပြိုင်​ မပြိုင်​ ထုတ်​ပြန်​မယ်​၊ ကျိန်တော်တို့လည်း ချမ်း​မြေ့​မောင်​ချို ပြိုင်​မပြိုင်​ မသိဘူး။ ရီဟာဇယ်​​တော့ လာမလုပ်​ဘူး၊ ပြိုင်​ပွဲမှာပြိုင်​မယ့်​သီချင်း​တွေကို ကျွန်​​တော်​တို့က သူတို့နယ်​ကို မပြန်​ခင်​ထဲက ​ပေးထားပြီးဖြစ်​ပါတယ်​။

ချမ်း​မြေ့​မောင်​ချိုက​တော့ full rehearsal ကို မလုပ်​ရ​သေးပါဘူး။ သူက စင်​နဲ့လည်းမစိမ်းတဲ့အတွက်​ သူ့အတွက်​အဆင်​​ပြေမယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​။Voting နဲ့ပတ်​သက်​ပြီး ကျွန်​​တော်​တို့ ဘယ်​သူမှမနစ်​နာသွား​အောင်​ လုပ်​မှာပါ။ နှစ်​​ယောက်​လုံးယှဉ်​ပြိုင်​မှ voting ကအသက်​ဝင်​မှာပါ။

တစ်​​ယောက်​ပဲဆိုရင်​​တော့ voting နဲ့ပတ်​သက်​ပြီး စီစဉ်​ထားတာရှိပါတယ်​။ ဒါက​တော့ ကျွန်​​တော်​တို့​စောင့်​မှာဖြစ်​တဲ့အတွက်​ ပြိုင်​ပွဲကျမှ​ပြောပြမှာပါ။ ချမ်း​မြေ့​မောင်​ချိုသာ လာမပြိုင်​ရင်​ winner ကိုတခါတည်း​ကြော်​ငြာမှာဖြစ်​ပါတယ်​။

Voting ကနှစ်​ဦးရှိမှ​ ပေးမှာဖြစ်​တဲ့အတွက်​ ချမ်း​မြေ့​မောင်​ချိုသာ​ရောက်​မလာရင်​ ပြိုင်​ပွဲရဲ့ format အရ ကျန်​တဲ့တစ်​​ယောက်​ကို winner ​ပေးမှာဖြစ်​ပါတယ်​ ” လို့ တာဝန်​ရှိသူက​ပြောကြားခဲ့ပါတယ်​။

Credit-Akonthi

No comments:

Post a Comment