Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 18, 2018

US_China_Trade_War


ကျနော်တော့ ဖတ်ရင်း ဖတ်ရင်း ဒေါ်နွယ်ထွန်း ကိုကြိုက်ကြိုက် လာတယ်ဗျ ။ ရှီ ကလည်း လက်ရည်
ညီတယ် ။

( ဒီ အရေး မှာ ရှီ ဘာလို့ ကျနော် တို့ ကို မရွေး ခဲ့လဲ။ရွာလွန် ရွက်တိုက် အာဖရိက ဗီယက်နမ် နဲ့
ထိုင်း ကို အာရုံ ကျ ခဲ့လဲ ။ စဉ်းစား ကြည့်ရင်အဖြေပေါ်ပါပြီ )

Trump (၁)

နိုင်ငံရေးမှာ ငွေ ကြေးရံပုံငွေ ဟာ အများကြီး အထောက်အကူပြုပါတယ်
ဒါကြောင့်
ငွေ ရှိတဲ့သူတွေ နိုင်ငံရေးကို ကျွမ်းကျင်ခဲ့ ရင်
စွမ်းအားကြီးပိုကြီး တတ်ပါတယ်..

အမေရိကန်သမ္မတ Trump ဟာ နဂိုကတည်းက စီးပွားရေး လုပ်ငန်းရှင်ကြီးပါ,
နိုင်ငံရေးကို သမ္မတ ၃ဆက်ခန့် လေ့လာလိုက်စားလိုက်တဲ့ အခါ ???
လစ်ဘရယ်ဆန်ပြီး နိုင်ငံရေး သိပ်မပြတ်သားခဲ့တဲ့ သမ္မတ အိုဘားမားလက်ထက် စတင်ယိမ်းယိုင်လာတဲ့ အမေရိကန်အတွက် ပြတ်သားတဲ့Trump ကို အမေရိကန် လူဖြူ အများစုကြီးက ရွေးကောက်တင်မြှောက်လိုက်ပါတယ်..

သူတို့အရွေးမှန်တယ်ပြောရမယ်..

power ပြန်တက်စပြုလာတဲ့ ရုရှား
စီးပွားရေးမှာ အလွန်အမင်း ပိုမိုအားသာစပြုလာတဲ့တရုတ်
တို့ဟာ အိုဘားမားလက်ထက်မှာ
ယူကရိန်းရဲ့ ပင်လယ်နက်ထွက်ပေါက် ကရိုင်းမီးယားကို ရုရှားတို့ သိမ်းတာ ထိုင်ကြည့်ခဲ့ရသလို
အာဖရိက နဲ့ အာရှ အတွင်း ပိုင်း တောင်အာရှ တို့ကို တရုတ် လက်ဝါးကြီး အုပ်တာကို မတားဆီးနိုင်ခဲ့ပါဘူး..
ဒါ့အပြင် ပိုဆိုးလာတာက
တရုတ်အမေရိကန် ကုန်သွယ်ရေးမှာ တရုတ်ဘက်က ကုန်သွယ်ရေးပို ငွေ အလွန်အမင်း တစ်ဖက်သတ်ဖြစ်လာပြီး
အမေရိကန်ရဲ့ ငွေတိုက်စာချုပ်အများအပြား တရုတ်တွေ ဝယ်ယူလာတဲ့အပြင် အမေရိကန် ရဲ့ Trade mark ခရိုင်စလာ GM Apple စတဲ့ လုပ်ငန်း ရှယ်ယာတွေ တစစ တရုတ်တို့ လက်ထဲ မသိမသာ လက်လွဲ ရောက်ရှိလာရာမှာ
စီးပွားရေးသမား Trump ဟာ အန္တရယ်ကို မြွေမြွေချင်း ခြေမြင်ခဲ့ပါတော့တယ်..

တရုတ်တို့ဟာ ဥရောပ ဘယ်လ်ဂျီယံကစတင်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံ US$ ပေါင်း 900 billion ရင်းနှီးမြုပ်နှံ ထားတဲ့ OBOR ကို အောင်မြင်ဖို့အတွက် သူတို့ရဲ့သမ္မတ ရှိချင့်ဖျင်ကို အာဏာ ဆွဲဆန့်ပြီး ပြင်ဆင်လာတဲ့အခါ????

ပိုဆိုးတာက ???
တရုတ်တို့ရဲ့အစဉ်အလာရန်ဘက် တွေဖြစ်တဲ့
ရုရှား နဲ့ အိန္ဒိယ တိုကို ပူးပေါင်း လာတဲ့အပြင်
ငွေကြေးအဖွဲ့ကြီးတစ်ခု BRICS ကို Brasil Russia India China SouthAfrica တို့နဲ့ US$ 50 billion နဲ့ထူထောင်ပြီး အမေရိကန် စီးပွားရေး အင်ပါယာကို ယှဉ်ပြိုင် လာခဲ့ပါတယ်..
Goepolitics အရ အမေရိကန်ရဲ့ ပိစိဖိတ် အင်အားစု ကိုလွှမ်းမိုးဖို့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ စပရက်စလီ ကျွန်းကိစ္စတွေမှာ အတင်း အဓမ္မ အင်အားပြ နေရာယူလာသလို
အိန္ဒိယ သမုဒ္ဒရာ ကို လည်း တရုတ်တို့လက် အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက် သီရိလင်္ကာ ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်း ဘင်္ဂလားဒေခ့်ျ စစ်တကောင်းရေနက်ဆိပ်ကမ်းနဲ့ မြန်မာ ကျောက်ဖြူတို့ကို ဖိုခနောက်ဆိုင် ရယူထားသည့်အပြင် မလက္ကာာရေလက်ကြားထိပ် အင်ဒိုနီးရှားရဲ့ ဆာဘန်းကျွန်းကိုလည်း တရုတ်မဟာမိတ် အိန္ဒိယ မှ လက်ဦး ခဲ့ပါတယ်..
အဲဒါကို အာဖရိက ကင်ညာ နိုင်ရိုဘီ ဆိပ်ကမ်း နဲ့ ချိတ်ဆက်လိုက်တဲ့အခါ စီးပွားရေးအရ အိန္ဒိယ သမုဒ္ဒရာကြီး တစ်ခုလုံးကို စီးမိလာပါတော့တယ်.,!!!!!!

စစ်ရေးအရ မထိန်းချုပ်နိုင်ခင်
အမေရိကန်က လက်ဦးဖို့ လိုလာတယ်မဟုတ်လား???
ဒီတော့ Trump ဘာလုပ်ခဲ့သလဲ????
ခြေရာကောက်ကြည့်ရအောင်လား????
အဲဒီရဲ့အကျိုးဆက်က
ကျွန်တော်တို့မြန်မာကို ဘယ်လို ထိခိုက်ခဲ့သလဲ ????

Trump (၂)

ခေတ်သစ်ကမ္ဘာ မှာ ဦးဆောင်နိုင်ငံဖြစ်ဖို့ဟာ
မိမိငွေကြေးစနစ် လွှမ်းမိုးထားဖို့လိုတယ်ဆိုတာ
စီးပွားရေးသမား Trump ဟာ ကောင်းကောင်းသိပါတယ် သူ့ကို ရွေးပေးလိုက်တဲ့ အမေရိကန်လူဖြူ ဆင်းရဲသားများအတွက် ကံကောင်းတယ်ပြောရမလားပဲ!!

အမေရိကန်ရဲ့ ငွေကြေးစနစ် Dolor ကို တရုတ်ဟာ
တဖြည်းဖြည်း ဖဲ့ချွေနေရာယူလာတာကို
ဒီအတိုင်းကြည့်နေရင်???
နောင်အနှစ်၂၀ ဆိုရင် ????
အမေရိကန် အင်ပါယာ ကျဆုံးတော့မှာပါ,
အဲဒီအတွက် အရှိန်ယူစတရုတ်ရဲ့ OBOR နဲ့
ငယ်ရွယ်တဲ့ သမ္မတ ရှီတို့ဟာ အဓိက မောင်းနှင်အားပါ,

ငွေကြေးဈေးကွက်ကို အမေရိကန်တို့ထိန်းထားတာဟာ
သိပ္ပံ နဲ့ နည်းပညာမြှင့် ထုတ်ကုန်တွေ ရောင်းစားရင်း
ငွေ + နည်းပညာ အတွဲ အစပ် စံနှုန်းနဲ့ ထိန်းထားခြင်း ဖြစ်ပါတယ်..
တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာတွေ မသိမသာခိုးနေရင်း သူ့ထုတ်ကုန်တွေကို ကမ္ဘာ အနှံ အောက်ဈေးနဲ့ ထုတ်လာတဲ့အခါ?????
၁၉၈၀ လောက်က အရှိန်စခဲ့တာ
နှစ်၃၀အတွင်း ဂျပန်ကို ကျော်ဖြတ်ရင်း ကမ္ဘာ စီးပွားရေး ၂ ဖြစ်လာပါတော့တယ်..

Trump ဟာ သူ့နိုင်ငံကို Empire State အဖြစ်ဆက်ထိန်းဖို့ဆိုရင်???
တရုတ်ကို သူ့ရဲ့ အင်ဂျင် OBOR အရှိန်မရခင် ထိန်းချုပ်ထားဖို့လိုနေပါတယ်,
ဒီအတွက်သူဟာ တရုတ်ရဲ့ အိမ်နီးချင်း သူ့ရဲ့ ပိစိဖိတ်အရှေ့ဖျား ဂျပန်နဲ့ တောင်ကိုးရီးယားကို ချိတ်ဆက်အားယူထားဖို့ အရင်လိုအပ်ပါတယ်..
ဒါ့အပြင် ကမ္ဘာ မှာ နြူ လက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယား ပြသနာပါ ပူးတွဲကိုင်တွယ်ဖို့ရာ ဆုံးဖြတ်ရပါတော့တယ်..
တရုတ်ဟာ မြောက်ကိုရီးယားကတဆင့် အမေရိကန်မဟာမိတ် စီးပွားဖက် ဂျပန်နဲ့တောင်ကိုရီးယားကို ဟန့်တားထိန်းချုပ်နေတာကြာပါပြီ,
Trump ဟာ ရန်သူ့ရဲ့ ခြေလှမ်းကပဲ တန်ပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်..

Trump ဟာ စစ်ရေး နဲ့ စီးပွားရေး ၂ခုကို အဓိက ရွေးချယ်ခဲ့ရာမှာ သူနည်းပညာအားသာတဲ့ စစ်ရေးကို အရင်ရွေးချယ်ခဲ့တယ်..
ဒီတော့ စစ်ရေးရွေးချယ်ရာမှာ သူ့လက်နက်တွေနဲ့ ပစ်ခွင်းနိုင်တဲ့ လောလောဆယ်စစ်ဖြစ်နေတဲ့ နေရာကနေ မြောက်ကိုရီးယားကို ဖိအားပေး ခြိမ်းခြောက်ဖို့ စပြင်ပါတယ်.
ပထမ မြောက်ကိုရီးယားရဲ့ နြူ စမ်းသပ်မှု များ ဒုံးပျံစမ်းသပ်မှု များ ရပ်တန့်ဖို့ ဖိအားအရင်ပေးပါတယ်,တပြိုင်နက်ထဲမှာပဲ တရုတ်ကိုလည်း နိုင်ငံရေးအရ ဖြောင်းဖျဖို့ အကူအညီ မပေးဖို့ တောင်းဆိုတယ်.
ဒီအတွက် ၂၀၁၈ ဖေဖေါ်ဝါရီမှာ မဟာဗျူဟာမြောက် B1 နဲ့ B 52 ဗုံးကျဲ လေယာဉ်တွေ ပိစိဖိတ် ဂူအမ်ကျွန်းကိုပို့တယ်..
ပြီးတော့ USS Carl Vinson လေယာဉ်တင်သင်္ဘောကြီးကိုလွှတ်တယ်..နောက်ထပ်ပြီး USS Wasp ကို ထပ်လွှတ်ပြီး စစ်ရေးပြင်တယ်, တောင်ကိုးရီးယားမှာ အဲဒါအကြောင်းပြပြီး စစ်အခြေစိုက်စခန်း အခိုင်အမာ တည်ဆောက်တယ်.. တရုတ်နဲ့အနီးစပ်ဆုံး နေရာမှာ အမေရိကန်ရဲ့ နိုင်ငံပြင်ပ အကြီးဆုံးစစ်အခြေစိုက်စခန်းကြီး တောင်ကိုးရီးယားမှာ အကောင်အထည်ဖေါ်နိုင်ခဲ့တယ်.. ကမ္ဘာ ကို ဇွန်လ ၂၉ ရက်မှာ တရားဝင်ကြေညာခဲ့တယ်..

အဲလို တရုတ်အနီးမှာ မြောက်ကိုးရီးယားကို အကြောင်းပြပြီး အရှေ့ပိစိဖိတ် ရေပြင်မှာ စစ်ရေးတည်ဆောက်ပြီးမှ လက်နက်နည်းပညာကို လောလောဆယ်ဖြစ်ပွားနေတဲ့ စစ်မြေပြင် ဆီးရီးယားမှာ ပစ်ခတ်စမ်းသပ် ခြိမ်းခြောက်ခဲ့တယ်..
ဆီးရိးယားသမ္မတ အာဆတ်ရဲ့ ဓါတုအဆိပ်တိုက်ခိုက်မှု ကို အခြေခံပြီးဓါတုဓါတ်ခွဲခန်းလို့ဆရတဲ့ ဒမတ်စကတ်အနီးက
Barzah နဲ့ Him Shinsha ဓါတုစခန်းတွေကို ခရုဇ်ဒုံးပျံ ၁၀၅လုံးနဲ့ ပစ်ခတ်ရင်း ရုရှားရဲ့ S300 ဒုံးပျံကာကွယ်ရေးစနစ်ကို ဖျက်ပြခဲ့သလို မြောက်ကိုးရီးယားနဲ့ တရုတ်ကို အမေရိကန်စစ်လက်နက်နည်းပညာနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်..

Trump ရဲ့ ပိရိယယ် အောင်မြင်တယ်ပြောရမယ်..
တရုတ်ကြီးလည်း တောင်တရုတ်ပင်လယ်မှာ ဗိုလ်ကျနေတ
ငြိမ်သွားသလို တောင်မြောက်ကိုးရီးယားပေါင်းစည်းမှု အမေရိကန် မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးမှုများ ဆက်တိုက်ဖြစ်လာပြီး မြောက်ကိုးရီးယားလည်း နြူလက်နက်စွန့်ဖို့ ကတိပေးလာခဲ့ရပြီမဟုတ်လား???
ဒါဟာ Trump ရဲ့
တရုတ်ရဲ့ စစ်ရေးလက်တံ တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ခြင်း နဲ့ နည်းပညာ အင်အားပြပွဲ တစ်ခုကို ကမ္ဘာ ကို အောင်မြင်စွာ ချပြနိုင်ခဲ့တဲ့ လုပ်ဆောင်ချက်ပါ,

Trump ဟာ ဒါလောက်နဲ့ မရပ်ပါဘူး..
တရုတ်ကို အပြီးသတ် ထိန်းချုပ်ဖို့က စီးပွားရေးပါ လုပ်မှ အောင်မြင်မယ်ဆိုတာ သူသိပါတယ်...
သူ့ကို ယှဉ်ပြိုင်လာတဲ့ တရုတ်ယွမ်ငွေကြေးကို ကမ္ဘာ သုံးယုံကြည်မှု မရမီ တိုက်ခိုက်ရမယ်ဆိုတာသိပါတယ်..
ဒါကြောင့် ???
တရုတ်ယွမ်ငွေ ဈေးကွက်ပျက်အောင်ရယ် ဒေါ်လာဈေးမာအောင်ရယ် လုပ်ဖို့ စဉ်းစားခဲ့တယ်..
အဲဒါရဲ့အဖြေက ကုန်သွယ်ရေးပိုငွေ မတရားဖြစ်နေတဲ့ တရုတ်ကုန်ပစ္စည်းတွေကို $ 34 billionဖိုး ပထမအဆင့် စတင်အခွန်တိုးကောက်ခဲ့တယ်..ဒုတိယအဆင့် $ 200billion
တတိယအဆင့် $300 billion ဖိုး ကောက်ဖို့ပါ စီမံချက်ရေးဆွဲခဲ့တယ်..
ဒီအရင် သံနဲ့အလျူမီနီယံ တင်သွင်းမှု တွေကို ဖေဖေါ်ဝါရီလကတည်းက အခွန်တိုးကောက်ပြီး အကဲ စမ်းကြည့်ထားပါတယ်.. အဲဒါက ကမ္ဘာ့အကြီးဆုံး တရုတ်ရဲ့ Solor Panel ထုတ်လုပ်မှုကို ထိခိုက်စေခဲ့တယ်.. အဲဒီရဲ့အဆက် $ 34billion ဖိုး ခရီးသည်ကားများ လေယာဉ်အစိတ်အပိုင်းများ ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ ကို အဓိက ထားကောက်ခံခဲ့ပါတယ်..
ဒါတွေဟာ သံနဲ့အလျူမိနီယံ လုပ်ငန်းအဆက်အစပ်ကို အရှိန်မြင့် တင် ဖျက်စီးတာပဲ ဖြစ်တယ်.. တရုတ်ရဲ့ ကမ္ဘာ့ အကြီးဆုံးဈေးကွက်ပစ္စည်းများကို အခြေယိုင်စေခဲ့တယ်..

အဲဒီလုပ်ရပ်ဟာ???
လုပ်အားခသက်သာတဲ့ တရုတ် ကုန်ပစ္စည်းများ ဈေးကြီးပြီး ရောင်းမရအောင် နဲ့ တရုတ်ယွမ်ငွေ ဖေါင်းပွမှု ဖြစ်ပြီး တရုတ်ဘီလျံနာတွေရဲ့ငွေတွေကို အငွေ့ပျံစေတာဖြစ်တယ်..
ကမ္ဘာ အရပ်ရပ်က တရုတ် stock share တွေ ထိုးဆင်းကျစေပြီး အရှိန်ရစ OBOR ကို ရပ်တန့်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်..

နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ အရှည်ကို မျှော်ကြည့်ပုံ
ယှဉ်ပြိုင်တဲ့ နည်းဗျူဟာ ရွေးချယ်ပုံ
ရန်သူရဲ့အားနည်းချက် အားသာချက်များ တွက်ဆပုံများဟာ
လက်ရှိ မြန်မာနိုင်ငံရေးသမားများ လေ့လာသင့်လှပါတယ်..
ကချင်နိုင်ငံရေး လောကမှ သူများလည်း
ကချင်ပြည်နယ်ဘောင်ထဲက ကျော်ထွက်ပြီး နိုင်ငံတကာ ဆက်စပ်သုံးသပ်မှု များ ပြင်ဆင်ထားသင့်လှပါတယ်..

အခု ဆိုTrump ရဲ့ trade war ကြောင့်ပဲ
မြန်မာနိုင်ငံထဲမှာ စတင်ရိုက်ခတ်နေပြီဖြစ်တယ်..
ကချင်ပြည်နယ်သားများလည်း မလွတ်ကင်းပါ,
ဘယ်လို ချိတ်ဆက်သလဲ???
ဘယ်လိုပြင်ဆင်သင့်သလဲ???
ဘယ်လို ဆောင်ရွက်သင့်သလဲ ??????
ဆက်လက် ဆွေးနွေးတင်ပြပါမယ်,

Trump (၃)

အခု အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hilary Clinton က ၂၀၁၆ တုန်းကတည်းက Trump အာဏာရခဲ့ရင် ???
trade war လုပ်လိမ့်မယ်လို့ ကြိုတင်ပြောခဲ့တယ်.
1930 ကမ္ဘာ့  စီးပွားပျက်ကပ်လို အကြာကြီး ဖြစ်ပြီး ဒုက္ခတွေ ခံစားရနိုင်တယ်လို့ ခန့်မှန်းခဲ့တယ်..
သူပြောတာများ မှန်နေမလား?????

Trump အာဏာ ရပြီး ဘာလုပ်ခဲ့သလဲ??
ဆောင်းပါး ၁ နဲ့ ၂ မှာ ရေးခဲ့သလို..
အဓိက က Empire State တွေကို ပြဌါန်းတဲ့ ငွေကြေးစနစ်
ကို အလဲ ထိုးဖို့ လုပ်ခဲ့တာပါပဲ..
အခု Trump လုပ်တာက ????
ကမ္ဘာ့  ငွေကြေးစနစ်မှာ တရုတ်ယွမ်ငွေ က ဦးဆောင်လို့မဟုတ်ဘူး,
တရုတ်ပြည်တွင်းမှာ သူ့ရဲ ငွေကြေးစနစ် ဖရိုဖရဲ ဖြစ်ဖို့ အဓိကလုပ်တာဖြစ်တယ်.

၂၀၁၇ က US က တရုတ်ကို သူ့ ထုတ်ကုန်ရောင်းရငွေ
US:$ 174 billion ရှိပြီး တရုတ်က US ကိုရောင်းတာ US$ 478 US $ billion ရှိတယ်.. အဲလောက်ကွာတယ်,
အဲဒီရောင်းရငွေ တွေနဲ့ US ရဲ့ High Tech Firm တွေမှာ ပြန်ရင်းနှီးမြုပ်နှံပြီး အမေရိကန်ရဲ့ နည်ပညာကို ခိုးပါတယ်..

တရုတ်ကလည်း ငွေ + နည်းပညာ = Empire ဆိုတဲ့ သီအိုရီကို သိတယ်..လက်ဦးဖို့ တာစူနေတယ်.

ဒါကိုTrump က နားလည်တော့
အိုဘားမားလက်ထက်ကတည်းက တရုတ်ကို နှီမ်နင်းဖို့ တာစူထားတယ်..
သူလည်း အာဏာရရော 1974အမေရိကန် ကုန်သွယ်ရေး အက်ဥပဒေ ပုဒ်မ 301အရ နည်းပညာမြှင့်ထုတ်ကုန် ကာကွယ်ရေး အကြောင်းပြပြီး တရုတ်ရဲ့သွင်းကုန် solar panel တွေ လျှပ်ကာပစ္စည်းတွေ ကွန်ပြူတာပစ္စည်းတွေ အဝတ်လျှော်စက်တွေ smart phone တွေရဲ့ အစိတ်အပိုင်းတွေ ထရပ်ကားတွေ july 6 ရက် မှာ US$ 34 billion ဖို့းစပြီး အခွန်၂၅% တိုးမြှင့်ကောက်ပြီး trade war ကို စပါတယ်,
နောက် ၂ပတ်အတွင်း US$ 16 billion ဖိုး ထပ်ပြီး ကောက်ဖို့ရှိတယ်..
ပထမ စစခြင်း billion 50 ဖိုးဖြစ်တယ်..
နောက် တရုတ်ဘက်က အလျှော့ပေးမှု မရှိရင် septemberမှာ 400 billion ဖိုး ထပ် ကောက်ဖို့ရှိတယ်.. ဒါဆိုရင် စုစုပေါင်း US $ 450 billion ဖိုး Trump က ဆောင်ရွက်ဖို့ရှိတယ်,
ဒါဟာ တရုတ်က အမေရိက ကို တင်ပို့တဲ့ တစ်နှစ် ကုန်သွယ်ငွေ ပမာဏ ပဲ လို့ အထင်းသားမြင်ရတယ်,

တရုတ်ကလည်း အမေရိကန်ရဲ့ထုတ်ကုန် မော်တော်ကားတွေ soy bean တွေ အသီးအနှံ တွေ စိုက်ပျိုးထုတ်ကုန်တွေ ဝက်သားတွေ Semi conductor တွေ အဝတ်အထည်တွေ သူ့အတိုင်း ပြန်လုပ်မယ်လို့ ကြေညာပါတယ်..
ဒီလိုနဲ့ US China Trade War ဟာ တကမ္ဘာ လုံး ကူးစက်ပြန့်ပွားပြီး တကမ္ဘာ လုံးရဲ့ GDP 2% လောက် ထိခိုက်မယ်လည်း ပညာရှင်တွေ တွက်ဆလာပြီ ဖြစ်တယ်..

ကျွန်တော် တင်ပြလိုတာက ??
Trump ရဲ့ trade war ဟာ အာရှ အရှေ့တောင်အာရှ နဲ့ မြန်မာကို ဘယ်လောက်ရိုက်ခတ်သလဲ နဲ့ ဘာတွေပြင်ဆင်သင့်သလဲ ဆိုတာ တင်ပြလိုရင်းနဲ့ စဉ်းစားစေလိုရင်းပါ..

Trump အဓိက လုပ်တာက တရုတ်ပြည်ထဲက စက်ရုံတွေကို ထုတ်လုပ်မှု ( manufacturing ) နဲ့ ပံ့ပိုးမှု ကွင်းဆက် ( supplier chain ) များ ရိုက်ချိုးပစ်ဖို့ပဲ..
အဲလိုနည်းနဲ့ တရုတ်ရဲ့ ထုတ်ကုန်များ ပေါပေါ မထုတ်နိုင်တော့ပဲ ရပ်ဆိုင်းသွားပြီး တရုတ်ယွမ်ငွေ ဖရိုဖရဲ ဖြစ်ဖို့ ရည်ရွယ်ပါတယ်..
ဒါဆိုရင်
တရုတ်အစိုးရက သူ့ယွမ်ငွေကို ပြန်ထိန်းဖို့ တရုတ်ဗဟိုဘဏ်က အရံငွေ ဒေါ်လာနဲ့ ပြန်ထိန်းဖို့လိုလာတယ်.. ဒီလိုနည်းနဲ့ အမေရိက ဆီက ယူသွားတဲ့ ဒေါ်လာတွေ သူ့ဆီ ပြန်လာအောင် Trump က တစ်ဖက်သတ်လှည့်နည်းနဲ့ လုပ်တယ်..
အခုလောလောဆယ်ကို US $ 108 billion တရုတ်ဗဟိုဘဏ်က ထုတ်နှုတ်သုံးစွဲ ပြီး သူ့ယွမ်ငွေ ကို ထိန်းရပြီ မဟုတ်လား???
တော်တော်လည်တဲ့ Trump..!!!

Trump ဟာ Manufaturing အတွက် supply chain ကို အဓီက ဖျက်ဖို့လုပ်ခဲ့တယ်.
အဲဒီအတွက် သူ့မဟာမိတ်တွေ လည်း ထိခိုက်ခဲ့ရပါတယ်,
တရုတ်ရဲ့ စက်ရုံတွေ အတွက်
အဓိက supplier တွေက ထိုင်ဝမ် , S Korea , မလေးရှား
စင်္ကာပူ တို့ဖြစ်တယ်. India လည်းပါတယ်..
ဘာလို့လဲ ဆိုတော့ ???
ကွန်ပြူတာ အစိတ်အပိုင်းတွေ smart phone အစိတ်အပိုင်းတွေ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေ တော်တော်များများကို လိုအပ်သလောက် တရုတ်စက်ရုံတွေအတွက် ထုတ်လုပ်တင်ပို့နေလို့ပဲ..
ဒီတော့ တနွယ်ငင် တစင်ပါ အကုန် ရိုက်ခတ်ကုန်ပါတယ်..
အဲဒီနိုင်ငံတွေရဲ့ ငွေဈေးတွေ ထိုးကျ
စက်ရုံ တွေ မထုတ်နိုင် stock share တွေ ကျ ဆင်း ဖြစ်ကုန်တယ်,
တရုတ်ရဲ့ ရည်ရွယ်ချက် 2025 made in china မှ 2050 made by china ဆိုတဲ့ အဓိက ရည်မှန်းချက်ကြီး ကို ဖျက်ဖို့ လုပ်တာဖြစ်တယ်.
Trump တွက်ဆ တဲ့ အတိုင်း ကမ္ဘာ လုံး ဆိုင်ရာ တရုတ် Trade mark တွေ ဖြစ်တဲ့ Hwawei . Alibaba group .တွေ အကြီးအကျယ်ထိခိုက်ကုန်တယ်..

အဲဒီမှာ တရုတ်ဘက်က ရှင်းရှင်းပြတ်ပြတ် စဉ်းစားချက် ထွက်ပေါ်လာတယ်..
၁။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ ချုံ့ ပစ်မယ်, နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းမယ်..သူတို့ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာကို အလဟသ မဖြစ်စေချင်ဘူး
၂။ စက်ရုံတွေ ရွှေ့မယ်..
တရုတ်ပြည်ထဲ ထားတာထက် အာဖရိကလည်း လုပ်အားခဈေူပေါတယ် သူလည်း အခြေစိုက်ပြီးသားနေရာ
အဲဒီကို ရွှေ့မယ် ..
အဲလိုတွေ တွေးလာတယ်.!!
ဒါ့အပြင် ?????
အရှေ့တောင်အာရှ ဆိုရင် ထိုင်းနဲ့ ဗီယက်နမ်ကို ရွေးလာတယ်..
အဲဒီမှာ မြန်မာကို မရွေးဘူး.. သိပ်နစ်နာတယ်..

Trump (4)

US China trade war ဟာ ခေတ်သစ် အကောင်းဆုံးခေါင်းဆောင်မှု များကို မြင်တွေ့ သင်ခန်းစာယူရမယ်ပဲ ပြောရပါမယ်..
ဘာလို့လဲဆိုတော့ ???
ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး၂နိုင်ငံရဲ့ အတော်ဆုံးခေါင်းဆောင် ၂ယောက် ရဲ့ ယှဉ်ပြိုင်မှုကို မျက်စိမှောက်တွင် တရိပ်ရိပ် မြင်တွေ့နေရလို့ပဲ !!!

သင်ခန်းစာယူတတ်ရင်ဖြင့်???

trade war ဟာ july 6 မှာ စတာနဲ့
တရုတ်ငွေကြေးဟာ အလဲလဲ အကွဲကွဲ ဖြစ်တယ်..
ကမ္ဘာ နဲ့ အဝှမ်း stock share တွေ တရုတ်နဲ့ဆက်စပ်တာတွေ ထိုးကျကုန်တယ်,
တရုတ် ဗဟိုဘဏ်က သူ့ပြည်တွင်းက ငွေကို $ 108billion ထုတ်ပြီး ဝင်ထိန်းရတယ်..
တရုတ်တို့ဟာ အလျင်အမြန် ဆုံးဖြတ်ရတော့တယ်,
သူ့ပြည်တွင်းကထုတ်ကုန်တွေ အမေရိကန်ဈေးကွက်အစားထိုးဖို့ ဈေးကွက်သစ် ရှာ တယ်..
ဈေးပေါပြီး သူ့သြဇာညောင်းမဲ့ နေရာအသစ်ကို ရှာတယ်.
အဲဒီမှာ
အာဖရိကဟာ အကောင်းဆုံးလို့ ဆုံးဖြတ်တယ်..

ဒါပေမဲ့ တရုတ်တို့စဉ်းစားချက်ဟာ
မဟာဗျူဟာကျတယ်..
အာရှ သူ့နိုင်ငံကနေ အာဖရိက အဝေးဆုံးအထိ ကုန်သွယ်မှုလုပ်ဖို့ ???
ကြားခံ အကွက်အကွင်းကျတဲ့ center point ကို ရွေးတယ်..
UAE ရဲ့ Dubai ဟာ အသင့်တော်ဆုံးဆိုတာ
သမ္မတ ရှီ ဆုံးဖြတ်နိုင်ခဲ့တယ်..
ဘာလို့လဲ ဆိုတော့
နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးကောင်းပြီးသား
ကမ္ဘာ့  လေကြောင်း ဆက်သွယ်ရေးမှာ အာရှ အရှေ့အလယ်ပိုင်း ဥရောပ အာဖရိက တိုက်ကြီး ၃တိုက်နဲ့ ပင့်ကူမျှင် ဆက်သွယ်ထားပြီးသား
အခြေခံ အဆောက်အအုံ ပြည့်စုံပြီးသား
သူတို့နဲ့ ဓန အင်အားခြင်း ပူးပေါင်းရင်ဖြင့် ကမ္ဘာ့  ကုန်သွယ်ရေးကို အလျင်အမြန် ထိန်းချုပ်ဖို့ ဖြတ်လမ်းနည်းပဲ လို့ ရှီက တွက်ဆ တယ်..
ဒါကြောင့် Dubai မှာ DMCC ( Dubai Multi Commodities Center) ကြီးကို July 11 ရက်မှာ MOU ထိုးခဲ့တယ်..
ကုပ္မဏီပေါင်း ၁၅၀၀၀ အခြေစိုက်ပြီး စက်ရုံပေါင်းများစွာတည်မယ်,
စွမ်းအင်စက်ရုံတွေ အခြေခံ သတ္တှု စက်ရုံတွေ စိုက်ပျိုးရေး ထုတ်ကုန်စက်ရုံတွေ ငွေကြေးဝန်ဆောင်မှုတျွေ ရွှေ နဲ့စိန် ကမ္ဘာ့  အကြီးဆုံး ရောင်းဝယ်မှု တွေ လုပ်ပြီး သူ့ရဲ့ ငွေကြေးဈေးကွက်နဲ့ စက်ရုံများအတွက် ကြိုးစားခဲ့တယ်..

ဒါတွင်ပဲ လား???
သမ္မတ ရှီဟာ July 22 ကနေ အာဖရိက ၄နိုင်ငံ ကို ထပ်ပြီးသွားတယ်..
ဒီ တစ်ခါ သူ့ရဲ့ ရွေးချယ်မှု က အံ့သြစရာဖြစ်ခဲ့တယ်..
Senegal , Rwanda. , Moritius တို့ အာဖရိက နိုင်ငံငယ်လေးတွေ ဖြစ်ခဲ့လို့ပဲ.!!
Dubai နဲ့ ပြောင်းပြန် ဘာဆိုဘာမျှ မရှိတဲ့ အာဖရိက အနောက်ဘက် ကမ်းရိုးတန်းက Senegal နဲ့ အရှေ့ဘက် ကမ်းရိုးတန်း Rwandaတို့ကို ရွေးတယ်.
ပြီးတော့ Indian Ocean ထဲက ကျွန်းနိုင်ငံ Moritius ကိုပါ သွားခဲ့တယ်..
တရုတ်တို့ရဲ့စဉ်းစားချက်ဟာ???
အခြေခံ အဆောက်အအုံတွေ အကုန်လုံးဆောက်ပေးပြီး စီးပွားရေးအခွင့်အလမ်းတွေ စီးမိဖို့ရည်ရွယ်တယ်.. အလုပ်သမားခဈေးပေါပြီး သူ့စက်ရုံအချို့ကို ပြိုင်ဘက်ကင်းကင်း အလုပ်လုပ်နိုင်ဖို့ရယ် အာဖရိက တတိုက်လုံးကို အရှေ့ဘက်ကနေ အနောက်ဘက်ကမ်းရိုးတန်း အထိ ပတ်လမ်း ချိတ်ဆက်ဖို့ရည်ရွယ်တယ်, သူ့ထုတ်ကုန်တွေ ဈေးကွက် ကြီးအတွက် သေချာပြင်ဆင်တာတွေ့ရတယ်,

Senegal ဆိုရင် အာဖရိက အနောက်ဖက်ဆိပ်ကမ်ူကနေ ဥရောပ စပိန်မက်ဒရစ် ဆိပ်ကမ်းအထိ ရေလမ်း OBOR ချိတ်ဆက်နိုင်တယ်,
အရှေ့ဘက် ကင်ညာ နိုင်ရိုဘီ ဆိပ်ကမ်းကနေ Rwanda မြို့များ ဆက်သွယ်ခြင်းဖြင့် အာဖရိက အတွင်းပိုင်း ကုန်သွယ်ရေးကို နိုင်ရိုဘီ ဆိပ်ကမ်းကနေ Dubai ကို ပြန်ထုတ်ယူနိုင်တယ်,

တရုတ်တို့လုပ်ပုံကြည့်ရင် ????

သူ့မှာ အရံငွေ $ trillion နဲ့ချီပြီးရှိလို့ လောလောဆယ်ဂယက်ကိုထိန်းပြီး နောင်အရှည်အတွက် အမေရိကန်ကိုဖြို ဖို့ သေချာပြင်ဆင်တာကို တွေ့ရတယ်.
Marintime OBOR ကို အကြီးကျယ်ဆုံးအောင်မြင်မှု ရအောင် target ထားနေတာ တွေ့ရတယ်..
ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ!!!

အဲဒီနောက် သမ္မ တရှီက တောင်အာဖရိက ဂျိုဟန်နက်စ်ဘတ် မှာကျင်းပတဲ့ ၁၀ ကြိမ်မြောက် BRICS summit ကို ဇူလိုင် ၂၅ကနေ မနေ့က ၂၇ ရက်အထိ ကျင်းပတာ သွားတက်တယ်.,
BRICS ဟာ trump 1 ဆောင်းပါးက ဖေါ်ပြခဲ့သလို အမေရိကန်ငွေကြေးစနစ်ကို ယှဉ်ပြိုင်ဖို့ တရုတ် အိန္ဒိယ ရှရှားတို့ ကြီး၃ ကြီး စဖွဲ့ခဲ့ပြီး တောင်အာဖရိက နဲ့ ဘရာဇီးလ် က နောက်မှ ပါခဲ့ကာ ကမ္ဘာ့  လူဦးရေ ရဲ့ ၄၁% နဲ့ ကမ္ဘာ့  GDP ရဲ့ 23% ရှိတယ်.
သူတို့ရဲ့ ကြွယ်ဝမှုဟာ US$ 40.6 Trillion ရှိပြီး ကမ္ဘာ့ ကုန်သွယ်မှုရဲ့ 18% ရှိနေတာဟာ တရုတ်တို့အတွက် အခု trade warရဲ့ ထွကိပေါက် နောက်ဈေးကွက်ကြီး ဖြစ်လို့နေတယ်,

တရုတ်သမ္မ တ ရှီချင်ဖျင် ရဲ့ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း UAE ခရီးစဉ်တွေ အတောအတွင်းမှာပဲ Trump ဟာ 24.7.2918 မှာ EU commision Chairman Jean Cloud Jancker နဲ့ ကုန်သွယ်ရေးစစ်ပွဲကို US EU အဆုံးသတ်နိုင်ခဲ့တယ်,.

ဒီဖြစ်စဉ်မှာ ???
ငွေကြေးဈေးကွက် နဲ့ နည်းပညာ အသာစီးရတဲ့
အမေရိကဟာ ချက်ချင်း အကျိုးပေးကာကွယ်နိုင်မဲ့ နည်းလမ်းကိုရွေးခဲ့ပြီး
အောက်စီးက ရှိနေတဲ့ တရုတ်တို့ဟာ ရေရှည်အတွက် ပိုဦးစားပေး ပြင်နေတာ တွေ့ရတယ်,
Trump နဲ့ Xi တို့ ၂ဦးလုံး ရွေးချယ်တဲ့ Technic တွေ မှန်တယ်ပြောရမယ်..
နောက်ဆံးမှာ ဘယ်သူက ပိုပြီး အသာရမလဲ ????
အလွန်စိတ်ဝင်စားစရာပါ,

မြန်မာ့အရေးနဲ့ ပြင်ဆင်သင့်တာတွေ နောက်တစ်ပုဒ်မှ ရေးပါတော့မယ်..

နိုင်ငံရေးစိတ်ဝင်စားသူများအားလုံး အကျိုးရှိရန် ရည်ရွယ်လျက်

credit - M Kawn La
Credit - ko larlu
>>>>>>>>>>>>>>>>>>>>
A9 page မှ ပြန်လည် ကူးယူ ဖော်ပြခြင်း ဖြစ် ပါသည်။
မူရင်း စာရေးသူ အား Credit ပေး ပါသည်။
---------------------------------------------------------

US China trade war အကျိုးဆက်ကြောင့်
ဒေါ်လာနဲ့ မြန်မာငွေ လဲလည်နှုန်းဟာ တကယ့်ကို စံချိန်တင်နေပါပြီ ။
မြန်မာငွေတန်ဖိုး ကျဆင်းလွန်းပြီး
မနေ့ကဆို အဖွင့်ဈေး ၁၄၈၉ ကျပ်ကနေ ၄,၅,၆ နာရီအတွင်း
ညနေပိတ်ချိန် ၃၆ ကျပ်တက်ကာ ၁၅၀၀ ကျော်သွားတာဟာ ကြောက်စရာကောင်းတဲ့ အမြန်နှုန်းပါပဲ .....
ဘာကြောင့် ဒီလောက်ငွေတန်ဖိုးကျနေလည်းဆိုရင်
အမေရိကန် တရုတ် ကုန်သွယ်ရေးစစ်ပွဲအဖျားခက်မှုကြောင့်လည်း ဖြစ်သလို ပြည်တွင်းက " Speculate" တွေကြောင့်လည်း အများကြီးပါ ပါတယ် ။
ဒီလိုအချိန်မှာ ....
အမေရိကန်က Import တွေဈေးနင်းကန်ချတော့
Export အားထားနေရတဲ့နိုင်ငံတွေက မိမိငွေတန်ဖိုးချပစ်မှလည်း ကိုယ့်ပို့ကုန်တွေဟာ ဈေးမမြောက်ပဲ နိုင်ငံတကာက ရင်းနှီး မြှတ်နှံသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်ထင်တယ် ။
ခက်တာက မြန်မာက ငွေသာ တန်ဖိုးတွေကျနေတာ ပို့ကုန် လောက်လောက်လားလားက မရှိပါဘူး ။
ဘာကြောင့်လည်း ....?
အရည်အချင်းမရှိလို့ မသမာလို့ပါ
ကျမပြောတာ ဟုတ်မဟုတ် ပြည်ပနေသူတွေကို မေးကြည့်
မြန်မာက Ingredient တွေဆို ဘယ်လောက်ကြောက်သလည်းလို့
အရည်အသွေး အလေးချိန် ဘာမှ မမှန်ဘူးရှင့် 😑
နောက်တစ်ခုကတော့
ငွေမဲသမားတွေက ဒေါ်လာတွေစွတ်ဝယ်တယ် ။
အစိုးရကလည်း ဒါတွေကို ဘာကြောင့်မထိန်းလည်းတော့ ကျမလည်း ဉာဏ်မမှီဘူး ။ ဒီကောင်တွေကြောင့် ပိုရှုပ်ယှက်ခက်ကာ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်ပြောတယ် ပိုတယ်မထင်နဲ့ ။

တကယ့် စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ စိတ်ဝင်စားရင် လိုက်ရှာဖတ်စေချင်တယ် ။
လောဘသားကြီးတွေရဲ့ အချိန်တိုအတွင်းဆွဲတင်သွားတာကို မသိပဲ
အမြတ်ရရေး အူကြောင်ကြောင်နဲ့ ခဏ ဝင်မကစားသင့်ပါဘူး ။

သတင်းသမားတွေအနေနဲ့ကလည်း ငွေဈေးတက်တာတင် မရေးသင့်ပါဘူး ။ ငွေဈေးတွေတက်ရခြင်း အကြောင်းလေးပါတွဲရေးသင့်တယ် ထင်ပါရဲ့ရှင် ...
အင်းပေါ့လေ
18+လို ညစ်ညမ်းကားတွေ လက်ကိုင်ဖုန်းထဲတွေ့ရင် ထောင် ၆လ ဆိုတဲ့ Hoax ဖြစ်ဖို့ ၇၅ ရာခိုင်နှုန်းလောက်သေချာနေတာကြီးတောင် မစဉ်းစားပဲ ဆဲနေကြသေးတာ ငွေအကြောင်းကတော့ ပြောမနေနဲ့ ပိုဆဲလို့ကောင်းတာပေါ့လေနော ....
ထားပါတော့ ကျမ သဘောကျတဲ့ Pro ဆန်ဆန် သုံးသပ်ချက်တွေ တကယ့် ဆရာကြီးတွေရေးတာ စိတ်ဝင်စားရင်ဖတ်ကြည့်လိုက်ပါဦး ......
••••••••••••••••••••••••••••••••••••••••••••
ဒေါ်လာဈေးမာတာ အမေရိကအတွက် ကောင်းသလား???

အမှန်တော့ ဒေါ်လာဈေးမာလာတာ Trump သမ္မတ စဖြစ်လာချိန်ကတည်းကပါ..
သူ့ရဲ့ အမေရိကန်အကျိုးစီးပွားပထမ ကြွေးကြော်သံကြောင့်
စီးပွားရေးပေါ်လစီများပြောင်းလာနိုင်တယ်ဆိုပြီး စတင်တာဖြစ်တယ်..
Hilary Clinton ရဲ့ Trump အာဏာရခဲ့ရင် trade war လုပ်လိမ့်မယ် ခန့်မှန်းချက်ကလည်း ရှိထားခဲ့တာကိုး!!

မူလကတည်းက ကမ္ဘာ့ နံပါတ်၁အမေရိကနဲ့
နံပါတ်၂ တရုတ်တို့ကုန်သွယ်မှုမှာ
တရုတ်က သူ့ငွေတန်ဖို့း အမြဲ လျှော့ချနေခဲ့လို့ အတန်တန်သတိပေးထားချက်ရှိပြီးဖြစ်ပါတယ်..
အခုဈေးကျပြီလေ
ဘာလို့အုတ်အော်သောင်းတင်း ဖြစ်သတုံး????
အမေရိကန်တွေလည်း လိုတာထက် မိုမာနေပြီပဲ
ဘာလို့ စိုးရိမ်ပါသလဲ????
ဒီမေးခွန်းတွေ ရှိလာပါတယ်,

အဓိကက လူတွေရဲ့ သူတို့ငွေကြေးစနစ်ကို ယုံကြည်မှု ဖျက်ဆီးလိုက်တာပါ..
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစံကို
အမေရိကန်ဒေါ်လာအဖြစ်အသုံးပြုခြင်းကပဲ
Trump ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်စေခဲ့တာဖြစ်တယ်..

Trump အဓိကရည်ရွယ်ချက်က တစ်ကမ္ဘာ လုံးက သူတို့ငွေကြေးစနစ်ကို စွန့်ပြီး အမေရိကန်ဒေါ်လာကို ဗဟိုပြုမှု အားကောင်းခဲ့ရင် ????
ရင်းနှီးမြုပ်နှ့မှု စိတ်ချရပြီး အကျိုးအမြတ်များစေတာ အမေရိကန်ပထမ ဖြစ်လာစေရေးပါ,
ဒါဆိုရင် တကမ္ဘာလုံးက $ တွေ အမေရိကကို ပြန်စုလာရင်??
သူလိုချင်တဲ့အဖြေရပြီဖြစ်တယ်,
HiTech firm တွေမှာ ပိုပြီး ရင်းနှီးမယ်,
နည်းပညာအသစ်အသစ်တွေ ထပ်ထုတ်မယ်.
အဲဒီနည်းပညာအသစ်နဲ့ပဲ ကမ္ဘာ ကို ဦးဆောင်မယ်.
ဒါဟာ အဖြေပဲဖြစ်တယ်.
နည်းပညာ + ငွေ = Empire ဖေါ်မြူလာကို နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ အကောင်အထည်ဖေါ်တာဖြစ်တယ်,

ဟုတ်ပြီ,!!
သူဖြစ်ချင်သလို ဒေါ်လာဟာ ပိုပြီးမာလာပြီ,
အမေရိကန်တွေအတွက် ဘယ်လို negative effect များ ကြုံရမလဲ???
အဲဒီရဲ့အဖြေဟာ Trump က trade war ကို ဖြေရှင်းမဲ့ အချိန်ပါပဲ.
အမေရိကအတွက် ဆိုးကျိုးတွေကတော့???
၁။ အမေရိကန်ထုတ်ကုန်တွေဟာ သူများထက်အကုန်ဈေးကြီးနေမယ်, ဒါကြောင့်ဈေးကွက်ယှဉ်ပြိုင်မှု တဖြည်းဖြည်းကျလာမယ်..
၂။ ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ခပေးရန် အခက်အခဲဖြစ်လာမယ်.
၃။ ပြည်ပမှ ဝင်ရောက်လာမဲ့ ခရိီးသွားများကျဆင်းပြီး Torism လုပ်ငန်း Hotel လုပ်ငန်းများ ထိခိုက်လာနိုင်တယ်.
၎။ ဒေါ်လာဈေးတက်နေလို့ ပြည်တွင်း သုံးစွဲမှု ပမာဏ ( consumption rate) အဆမတန်တိုးလာလို့ import များလာပြီး ဘတ်ဂျှက်လိုငွေ ပြန်ဖြစ်လာနိုင်ပါတယ်..
၅။ အမေရိကန် ပညာတတ်များအတွက် ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းပိုလာပေမဲ့ blue color အလုပ်သမားတွေအတွက်က အလုပ်လက်မဲ့ များလာနိုင်ပါတယ်..

အဲဒီဆိုးကျိုးတွေအတွက် Trump က ကြိုတွက်ထားပုံပေါ်ပါတယ်..
အမေရိကန်ထုတ်ကုန်များ ဈေးမတက်ပဲ ရောင်းနိုင်ရေးအတွက် EU နဲ့ Japan , S Korea Economic zoneများကို လမ်းကြောင်းဖွင့်ထားပါတယ်..
EU နဲ့ zero tarif လုပ်ခဲ့ပြီး Japan Central Bank နဲ့လည်း currency control ရဖို့ ဆောင်ရွက်ပြီးဖြစ်တယ်..
ခရီးသွားလုပ်ငန်းကို ပြည်တွင်းထက် ပြည်ပကို ထွက်ဖို့တိုက်တွန်းထားတယ်.
ပြည်တွင်းလုပ်ငန်းရှင်တွေကို အခုအချိန်မှာ ကမ္ဘာ အနှံ့ ရင်နှီးမြုပ်နှံခိုင်းထားတယ်.
သူ့ရဲ့မိတ်ဖက်နိုင်ငံတွေမှာ အမေရိကအတွက် supply chain တည်ဆောက်ခိုင်းတယ်..
ဒီနည်းတွေနဲ့ ဒေါ်လာမာတဲ့ Negative effects တွေကို လျှင်မြန်စွာဖြေရှင်းထားတယ်..

Trump လိုချင်တဲ့ သူ့ရဲ့ရန်သူတွေ ငွေကြေးဖရိုဖရဲဖြစ်ပြီး နလံမထူနိုင်တဲ့ အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပါ.
သိပ်မကြာလောက်ပါဘူး,
မကြာခင် ဒေါ်လာပြန်ကျ ပါလိမ့်မယ်..

Reciprocal action လိုပဲ အသွားပြီးရင် အပြန် က မကြာခင်လာမှာပါ..
အဲဒီအခါမှာ အမေရိကမှာ စုနေတဲ့ ဒေါ်လာတွေဟာ တစ်ကမ္ဘာ လုံးကို ပြန်ဖြန့်တော့မှာပါ,
ရင်းနှီးမြုပ်နှံမှု အနေနဲ့ လာပါလိမ့်မယ်.
ကိုယ်တွေက လက်ခံ ဆောင်ရွက်နိုင်ဖို့ပဲ လိုပါတယ်..

နိုင်ငံရေး conflict တွေ ရှင်းပြီးဖြစ်ရမယ်.
တရားဥပဒေစိုးမိုးရမယ်
လျှပ်စစ် ရှိနေရမယ်
အခြေခံ အဆောက်အဦတွေ ဆောက်ပြီးဖြစ်ရမယ်..
ကျွန်တော်တို့တွေ အမြဲ နောက်ကျ နေပြီလို့ပဲ ပြောချင်တယ်.
••••••••••••••••••••••••••••••••••••••••••••
"မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုအတွက် ဘာလုပ်သင့်သလဲ"
—————————————————————————
ဒီကနေ့မှာ ပဲ မြန်မာကျပ်ငွေ နဲ့ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းထားဟာ စံချိန်တင်ဈေးနှုန်းကိုရောက်ရှိလာခဲ့ ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာကျဆင်းလာပြီးအမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၅၀၁ ကျပ် ထိရှိနေပါပြီ ။

ဒီလိုအချိန်မှာ အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စီးပွားရေးဆိုင်ရာ အကြံဥာဏ် များပေးနေတဲ့ စီးပွားရေး ပညာရှင် ပါမောက္ခရှောင်တာနဲလ် က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေရတဲ့အကြောင်းကို သူရဲ့ဖေ့ဘွတ်ခ်မှာ ဒီကနေ့ နေလယ်ပိုင်းက ရေးသားထားခဲ့ပါတယ်။

စီးပွားရေး ပညာရှင် ပါမောက္ခရှောင်တာနဲလ် ရဲ့ ရေးသားချက်ကို ပြန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။ (7Daydaily)

လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေရခြင်းဟာ တချို့တွေ တွေးသလို တကယ့် ပြဿနာ မဟုတ်ပါဘူး။ အမှန်က အမေရိကန် သမ္မတ ရုစဗဲ့လ်တ် ပြောခဲ့တဲ့ ဆိုရိုးအတိုင်းပါပဲ။ “စိုးရိမ် ကြောက်ရွံ့မှုကသာ ကျွန်ုပ်တို့ တကယ် တွန်းလှန်ရမယ့် အရာ ဖြစ်ပါတယ်”

ကျွန်တော့်ဖက်က အကြောင်းပြချက်က ဒီလိုပါ။

၁။ လတ်တလော ဖြစ်ပျက်နေတာတွေဟာ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စပါ။ အမေရိကန်ဒေါ်လာ တန်ဖိုးမာနေမှုဟာ (ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အပါအဝင်) ဈေးကွက်ထဲက ငွေကြေး ယူနစ် အားလုံးအပေါ် သက်ရောက်နေပါတယ်။ ဒါဟာ စိုးရိမ်မှုတွေ မြင့်တက်လာနေမှုကို ထင်ဟပ်စေပါတယ်။ ထုံးစံအတိုင်းပဲ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်လို့ ကြိုတင် တွက်ဆ ပြင်ဆင်မှုတွေလည်း မြင့်တက်လာပါတယ်။ အမေရိကန် အတွက်တော့ လုံခြုံဘေးကင်းရာ အရပ်ကို ပျံသန်းဖို့ လမ်းကြောင်းတစ်ခု ရှိနေပါတယ်။ ဒေါ်လာဈေးကို တခြား ငွေကြေး ယူနစ် အားလုံးနဲ့ ယှဉ်ရင် ငွေလဲနှုန်း မြင့်တက်လာအောင် တွန်းတင်လိုက်ပါတယ်။ တကယ်တော့ အမေရိကန် ဒေါ်လာဟာ သူ့ရဲ့ အမှန်တကယ် တစ်ခုတည်းသော ပြိုင်ဘက်ဖြစ်တဲ့ ရွှေဈေးနဲ့ ယှဉ်ပြီးပါ မြင့်တက်လာခဲ့ပါတယ်။

၂။ အလားသဏ္ဍန်တူ ငွေကြေးအရွေ့တွေကို ဆန်းစစ်ကြည့်ပြီးတဲ့နောက် လတ်တလော ကာလတွေအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသွားတာဟာ “ကျွန်ုပ်တို့လည်း ကြုံရပါသည်”ဆိုတဲ့ အဲဒီ ရိုးရှင်းတဲ့ အရှိန်အဟုန်ကြောင့် ဖြစ်တယ်ဆိုတာ ၈၀ ရာခိုင်နှုန်းလောက် မှန်ကန်တယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။

၃။ မြန်မာကျပ်ငွေဟာ တခြား ငွေကြေးယူနစ်တွေနည်းတူ တန်ဖိုးကျနေတာ မှန်ပါတယ်။ (၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး တချို့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေထက် နည်းပါတယ်) ဒါပေမဲ့ တချို့ နိုင်ငံသုံး ငွေတွေထက်လည်း အခြေအနေ ပိုဆိုးနေပြန်တယ်။ အင်ဒိုနီးရှား ရူပီယာနဲ့ အိန္ဒိယ ရူပီးတွေ (၈ ရာခိုင်နှုန်းစီ ကျဆင်း)နဲ့ MCSIရဲ့ ဖွံ့ဖြိုးဆဲ ငွေကြေးဈေးကွက် ညွှန်ကိန်း (၇ ရာခိုင်နှုန်းလောက် ကျဆင်း)တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။

၎။ ဒါဆို မြန်မာကျပ်ငွေက ဘာကြောင့် တန်ဖိုးနည်းနည်း ပိုကျနေတာပါလဲ။

က - မြန်မာဟာ ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခု ဆိုတာထက် စမ်းသပ် အစပျိုးဆဲ ဈေးကွက်တစ်ခု ပိုဆန်ပါတယ်။ မြန်မာ ကျပ်ငွေဟာလည်း တခြားသော ဈေးကွက်ဝင် ငွေကြေးတွေနဲ့ ယှဉ်ရင် ငွေဖော်နိုင်စွမ်း ပိုနည်းပါတယ်။

(တကယ်က မြန်မာ့ နယ်နိမိတ် ကျော်လွန်သွားပြီဆိုရင် တရားဝင် ငွေဖော်ဖို့ အဆင်မပြေပါဘူး) ဒီတော့ မြန်မာကျပ်ငွေကို ကိုင်ထားတာဟာ စွန့်စားရတဲ့ စံနှုန်း အခြေအနေ ပိုမြင့်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကလည်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းတွေပေါ်မှာ တခြားနိုင်ငံတွေထက် နည်းနည်းပိုပြီး အရဲစွန့် ရွေးချယ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ခ - အနေအထားတူ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းက နည်းနည်း ပိုမြင့်ပါတယ်။ ဒီကိစ္စမှာ ကျပ်ငွေရဲ့ သမားရိုးကျ တန်ဖိုးဟာ ပုံမှန် အနေနဲ့တောင် လဲလှယ်နှုန်း ကျဆင်းလာနိုင်ကြောင်း ယူဆလို့ ရပါတယ်။

ဂ - လက်ရှိ ကာလမှာ ကျပ်ငွေရဲ့ တန်ဖိုးကို အကျပိုင်းဆီ ဦးတည်အောင် ဖိအားပေးနေတဲ့ တခြား နည်းစနစ်ပိုင်း ညွှန်ကိန်းတွေလည်း ရှိနေပြန်ပါတယ်။ တရုတ်နဲ့ သကြား/ဒီဇယ် တင်ပို့မှုတွေ ပြန်လည် စတင်လာပါတယ်။ ဒီဖြစ်စဉ်မှာ တရုတ်ဆီက သကြားနဲ့ ဒီဇယ်တွေ တင်ပို့လာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ငွေကြေးတွေ စီးထွက်သွားပါတယ်။ ဒါပေမဲ့ မြန်မာဖက်က ပို့ကုန်တွေ တင်ပို့ရမယ့် ကိစ္စကတော့ တရားဝင် ဖြစ်မြောက်မလာပါဘူး (ဒီစီးပွားရေး လုပ်ငန်းနယ်ပယ်မှာ ပါဝင်နေတဲ့ ကုန်သည်တွေက နယ်ခြားဒေသမှာ ကုန်သွယ်လို့ မရတဲ့ RMB စာရင်းတွေနဲ့ပဲ ဖြတ်သန်းနေစေခဲ့ပါတယ်) အလားတူစွာပဲ ပြည်တွင်း ဘဏ်တွေမှာလည်း အမေရိကန် ဒေါ်လာကို လက်ဆုပ်လက်ကိုင် ငွေစက္ကူ အခြေအနေကနေ အမေရိကန်ဒေါ်လာ ထည့်သွင်းထားတဲ့ Nostro ငွေစာရင်းတွေအဖြစ် ပြောင်းလဲဖို့ ပြဿနာတွေ ကြုံနေရပါတယ်။ ဒါကြောင့် အသုံးပြုနိုင်မယ့် အမေရိကန် ဒေါ်လာ ရင်းမြစ် ထောက်ပံ့မှုတွေက နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက် တစ်ခုလုံးမှာ အကန့်အသတ် ဖြစ်လာပါတယ်။

ဒီတော့ အထက်ပါ အကြောင်းအရာတွေ အပြီးမှာ ဘာလုပ်သင့်ပါသလဲ။ ကျွန်တော့် အမြင်အရတော့ အပေါ်မှာ ပြောခဲ့တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ပြန်သွားသင့်ပါတယ်။ ပြင်သင့်တာတွေ ပြင်ရပါမယ်။ ဒါ့အပြင် လုပ်နိုင်တာတော့ ဘာမှ မရှိပါဘူး။

တခြား ဖွံ့ဖြိုးဆဲ ဈေးကွက်တွေနဲ့ ယှဉ်ကြည့်ရင် မြန်မာမှာ (ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ အပါအဝင်) နိုင်ငံခြား ငွေကြေးယူနစ် လွှမ်းမိုးတဲ့ ကြွေးမြီက အရမ်းနည်းပါတယ်။ ဒီတော့ ငွေလဲလှယ်မှုနှုန်း ကျဆင်းမှုတွေဟာ ဒီနိုင်ငံမှာတော့ ပုံစံတူနေမှာ မဟုတ်ပါဘူး။ ၁၉၉၇/၉၈ အာရှ ဘဏ္ဍာရေး အကျပ်အတည်းကို ပြန်ကြည့်လို့ ရပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ဒေသတွင်း ငွေကြေးယူနစ်တွေ တန်ဖိုးကျဆင်းသွားသလို (အရေးကြီးတဲ့ ပြဿနာတစ်ခုအဖြစ် ယူဆဖို့ လိုပါတယ်)နဲ့ နိုင်ငံခြားငွေ ကြွေးမြီတင်ရှိမှု ကြီးထွားလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒုတိယ ပြဿနာမျိုး သိပ်ပြီး မကြုံခဲ့ရပါဘူး။

အဆုံးသတ် အနေနဲ့ ဘာတွေ လုပ်နိုင်မလဲ။

မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ငွေကြေးယူနစ်ကို ကာကွယ်ဖို့ လုံလောက်တဲ့ နိုင်ငံခြားငွေ အရန်အင်အားစု သိုမှီးထားတာ မရှိပါဘူး။ လုပ်သင့်တဲ့ အခြေအနေက အရန်သိုလှောင်ထားတဲ့ ဒေါ်လာတွေကို မြန်မာကျပ်ငွေ ဝယ်ယူဖို့အတွက် ထုတ်သုံးရမှာပါ။ ဒီအခါမှာ ကျပ်ငွေတန်ဖိုး ပြန်တက်လာပေမယ့် အရန်ထားရှိတဲ့ ဒေါ်လာ အရင်းအမြစ်က မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားပါလိမ့်မယ်။ မြန်မာ အနေနဲ့ နိုင်ငံခြားငွေ လွတ်လပ်စွာ လဲလှယ်ခွင့် လိုအပ်ချက်ကို မလွဲမသွေ ရင်ဆိုင်လာရပါမယ်။ လုပ်ပိုင်ခွင့် သတ်မှတ်ချက်တွေကို သုံးပြီး ကျပ်ငွေရဲ့ တန်ဖိုးကို သတ်မှတ် ကြေညာလိုက်မယ် ဆိုရင် (တခြားနည်းနဲ့ လဲလှယ်သူတွေကို ဖမ်းဆီးရပါမယ်) အရင်ကလိုပဲ မှောင်ခို ငွေကြေးဈေးကွက်တစ်ခု ချက်ချင်း ပြန်ပေါ်လာတော့မှာပါ။

နိုင်ငံခြား ငွေကြေးတွေကို ဈေးကွက်မှာ လွတ်လွတ်လပ်လပ် လဲလှယ်တာမျိုးဟာ ကောင်းကျိုးတွေ အများကြီး ရှိစေနိုင်ပါတယ်။ ဩစတြေးလျမှာဆိုရင် (တခြားနိုင်ငံတွေမှာလည်း ဥပမာတွေ ရှိခဲ့ပါတယ်) ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ ကောင်းကောင်း သက်သေပြနိုင်ခဲ့ပြီးပါပြီ။ တခြားသော စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆုံးဖြတ်ချက်တွေထက် ဩစတြေးလျ ဒေါ်လာကို ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလမှာ လွတ်လပ်စွာ လဲလှယ်ပိုင်ခွင့် ပေးလိုက်ခြင်းက ဩစတြေးလျကို ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု အရှည်ကြာဆုံး ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာစေပါတယ်။

ဒီတော့ ကျွန်တော့် အမြင်အရတော့ စိတ်အေးအေးထားပြီး ရှေ့ဆက်တာ အကောင်းဆုံးလို့ ခံစားရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးကို အရှိန်အဟုန် မြှင့်တင်တာဟာ တခြားသော အကြောင်းရင်းတွေအတွက် ထိုက်သင့်လို လိုအပ်ချက်တွေ ရှိပါလိမ့်မယ်။ ငွေလဲလှယ်နှုန်းတွေကို သူ့သဘော အလျောက်သာ ဆုံးဖြတ်စီမံခွင့် ပေးလိုက်ရုံပါ။

မူရင်း Post (အင်္ဂလိပ်ဘာသာဖြင့်ရေးသားခြင်းကို 7Days ကဘာသာပြန်ထားတာပါ ။

just sharing knowledge
ထွန်း​နေခ​အောင်
via:Yan Aung

No comments:

Post a Comment