Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 19, 2018

ဖခင်မှ မိမိ၏သမီးအရင်း အရွယ်မရောက်သေးသူအား အလိုမတူပဲ သားမယား အကြိမ်ကြိမ် ပြုကျင့်


မုဒုံ သြဂုတ် ၂၀

မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာ၌ ၁၉.၈.၂၀၁၈ ရက်နေ့တွင်း မနှင်း(၃၅)နှစ်သည် လယ်အတွင်း ကန်စွန်းရွတ်ခူးပြီးအပြန်နေအိမ်အရောက်တွင် အိမ်ခေါင်းရင်းနေ ၎င်း၏ မအေတူ ဖအေကွဲ ညီမတော်စပ်သူ မအေးအေး(၁၅) နှစ်မှ ရောက်ရှိလာပြီး

၁၈.၈.၂၀၁၈ ရက်နေ့က မိခင်ဖြစ်သူ ခရီးသွားနေစဉ်
ဖခင်အရင်းဖြစ်သူ ဦးလှကျော်(၄၃)နှစ်မှ ၎င်းနှင့်အတူအိပ်ရာ ညသန်းခေါင်အချိန်၌ မအေးအေး(၁၅) နှစ်အား သားမယားပြုကျင့်ခဲ့ပြီး ဖခင်အရင်းဖြစ်သူ ဦးလှကျော်မှ မည်သူ့ကိုမျှပြန်မပြောရန်နှင့်ပြန်ပြောလျှင်ဓားဖြင့်ခုတ်သတ်မည်ဟုချိန်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။

ယခင်ကလည် မအေးအေး(၁၅)နှစ်အား ဖခင်အရင်းဖြစ်သူ ဦးလှကျော်(၄၃)နှစ်မှ နေအိမ်တွင် ၅ ကြိမ် ၊ အိမ်နီးချင်း အစ်မဖြစ်သူ၏နေအိမ်တွင် ၄ ကြိမ် စုစုပေါင်း သားမယားအဖြစ် ၁၀ ကြိမ်ပြုကျင့်ကြောင်း အစ်မဖြစ်သူအားပြောပြခဲ့ရာ အစ်မဖြစ်သူ မနှင်းနှင်းအေးမှ ကင်းချောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်တိုင်ပင်၍ အသက်မပြည့်သေးသူ ညီမငယ်အား သားမယားဖြင့်အကြိမ်ကြိမ်ပြုကျင့်ပြီးသတ်ပစ်မည်ဟုချိန်းခြောက်ပြောဆိုသူ ဖခင်ဦးလှကျော်(၄၃) နှစ်အား ဥပဒေအရ အရေးယူပေးပါရန် မုဒုံမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ရာ မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းမှဖြစ်စဉ်အသေးစိတ်အား ချက်ချင်းစစ် ဆေး၍ ကျူးလွန်သူ ဦးလှကျော်(၄၃)နှစ်အားဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး မုဒုံမြို့မရဲစခန်း (ပ)၁၄၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး မြို့မရဲစခန်းမှူးဒုရဲမှူးခင်မောင်ထွန်းမှဆက်လက်စစ်ဆေးဆောင်ရွတ်နေကြောင်းသတင်းရရှိသည်။

မှတ်ချက်#စွပ်စွဲခံရသူ၏ အမည်မှလွဲ၍ ကျန်သူများ၏အမည်များအားလွှဲပြောင်းထားပါသည်။
အမွှာညီနောင်
ပြန်ကြားရေးမှူး
MCRA-SH( မှုခင်းသတင်းနှင့်ရှုထောင့်)
မုဒုံမြို့နယ် မွန်ပြည်နယ်



No comments:

Post a Comment