Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 18, 2018

တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ ရွှေဆိုင်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ရွှေလာဝယ်သူ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိ



တာချီလိတ် ၁၈ သြဂုတ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ ရွှေဆိုင်တွင် ရွှေလာဝယ်သူ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု သြဂုတ် ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း နှင့် သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေး လွတ်မြောက်သွားသူအား ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက်(၂၃) နှစ် ၀န်းကျင်ရှိ မနန်းသာလျှန်ဆိုသူဖြစ်ပြီး သေနတ်ဖြင့် (၂) ချက် ပစ်ခတ်ခံရရာကာ လက်မောင်းတွင် (၂)ချက် ထိခိုက်ဒဏ်ရာရရှိသွား၍ ဆေးဝါးကုသမှု ခံယူနေရကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

"ကောင်မလေးကို သက်သက်ပစ်တာလား၊ ရွှေဆိုင်ကို အနုကြမ်းစီးဖို့ ကြံရွယ်တာလားဆိုတာကတော့ မသိဘူး။ သေနတ်နဲ့ (၂)ချက်ပစ်သံတော့ ကြားလိုက်ရတယ်။ ရွှေဆိုင်ရှေ့မှာ သွေးအနည်းငယ်ပဲ တွေ့ရတယ်ဆိုတော့ ရှပ်ထိသွားတဲ့ သဘောလားတော့ မပြောတတ်ဘူး" ဟု ရွှေဆိုင်အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အမျိုးသမီး၏ အခြေအနေမှာ လက်မောင်းတွင် ထိခိုက်မိခြင်း ဖြစ်သည့်အတွက် မစိုးရိမ်ရကြောင်း ယခုလက်ရှိတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း ကနဦးသိရသည်။

ကျော်ကျော် (မလိုင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment