Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 29, 2018

ကမ္ဘာ့သမိုင်းကြောင်းထဲက မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအကြောင်း



ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာင်္ နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။



MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာၤ နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) လူအများစုဟာ မာယာလူမျိုးတွေ ပျောက်ကွယ်သွားကြပြီလို့ ထင်မှတ်နေကြပေမယ့် အမေရိကတိုက်အတွင်းမှာ အခုထက်တိုင် သားစဉ်မြေးဆက်အလိုက် နေထိုင်နေကြဆဲ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။(၂)ကမ္ဘာကြီးဟာ ဘီစီ ၃၁၁၄ ခန့်ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ မာယာလူမျိုးတွေက ယုံကြည်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့ပါတယ်။(၃)ငါးမန်း (shark) ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မာယာလူမျိုးတွေရဲ့ ကိုယ်ပိုင်စကားလုံးတခု ဖြစ်တယ်လို့ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။

(၄) မာယာလူမျိုးတွေဟာ ဗိသုကာလက်ရာအဆင့်အတန်းမှာ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အီဂျစ်မှာရှိတဲ့ ပိရမစ်နဲ့ ဘုရားကျောင်းပုံစံတွေဟာ မာယာလူမျိုးတွေက စတင်ခဲ့တာဖြစ်ပါတယ်။(၅) ခန္ဓာကိုယ်မှာ တက်တူးထိုး အလှဆင်တာဟာ မာယာလူမျိုးတွေ လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စိတ်ခံစားမှုအလိုက် ပုံဖော်ဆင်မြန်းခဲ့ကြတာ ဖြစ်ပါတယ်။

(၆) ယနေ့ခေတ် ဂွာတီမာလာနိုင်ငံက ကျွန်းမြို့လေးတမြို့ဖြစ်တဲ့ Tayasal ဟာ မာယာလူမျိုးတွေရဲ့ နောက်ဆုံး အင်ပါယာအဖြစ် တည်ရှိခဲ့ပြီး ၁၆၉၆ ခုနှစ် မတိုင်ခင်အထိ တည်တံ့ခဲ့ပါတယ်။(၇) မာယာလူမျိုးတွေဟာ ထူးချွန်တဲ့ နက္ခတ်ဗေဒပညာရှင်တွေဖြစ်ပြီး ကြယ်၊ လနဲ့ နေတို့ကို ကောင်းကင်မှာ ရွေ့နေတဲ့ နတ်ဘုရားတွေလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာ ဆိုရင်လည်း ကြယ်၊ လနဲ့ နေတို့ရဲ့ တည်နေရာအရွှေ့အပြောင်းတွေပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းမှတ်သားထားလေ့ ရှိပါတယ်
MMCele

No comments:

Post a Comment