Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 23, 2018

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်



 အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ သွင်းကုန်အခွန်ကိစ္စ ညှိနှိုင်းရေး ကြိုးစားနေကြချိန်မှာ အမေရိကန်က တရုတ် သွင်းကုန်ပစ္စည်း ဒေါ်လာ ၁၆ ဘီလျံကို သြဂုတ်လ ၂၃ ရက်နေ့ကစပြီး အခွန်တိုးကောက်လိုက် ပါတယ်။

အမေရိကန်က ပထမအသုတ်အနေနဲ့ တရုတ်သွင်းကုန် ဒေါ်လာ ဘီလျံ ၅ဝ တန်ဖိုးကို အခွန်တိုးခဲ့ပြီးနောက် တရုတ်ကလည်း အမေရိကန်က တိုးကောက်တဲ့ အခွန်နဲ့ ညီမျှတဲ့ အမေရိကန် သွင်းကုန်တွေကို အခွန် တိုးကောက်လိုက် ပါတယ်။

အခုလို အမေရိကန်နိုင်ငံဘက်က စတင်လုပ်ဆောင်လာတာနဲ့ ပတ်သက်ပြီး တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်း နောက်ထပ် ဒေါ်လာ ဘီလျံ ၂ဝဝ ကို အခွန်တိုးကောက်ဖို့ ရှိနေပြီး အခုတပတ်အတွင်း လူထုကြားနားပွဲ လုပ်ဖို့ ရှိပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment