Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 8, 2018

ကၽြႏ္ုပ္လက္ေတြ႕ ျပဳလုပ္ခဲ့ေသာ ေငြသေဘာၤ ဆုိက္နည္း (လာဘ္ရႊင္ကာ ပုိက္ဆံရနည္း) နွစ္ရက္အတြင္း ေငြဝင္လာတယ္

ကၽြႏ္ုပ္လက္ေတြ႕ ျပဳလုပ္ခဲ့ေသာ ေငြသေဘာၤ ဆုိက္နည္း (လာဘ္ရႊင္ကာ ပုိက္ဆံရနည္း)

တစ္ရက္ေသာအခါ ကၽြႏ္ု္ပ္သည္ ရတနာပံုတကၠသိုလ္ (မႏၲေလး) သို႔ ေခတၱအလည္သြားစဥ္ဝယ္ သူငယ္ခ်င္းတစ္ေယာက္သည္ ပုိက္ဆံလုိအပ္ေနေၾကာင္း ေျပာျပေလသည္။

” မုိးၾကယ္စင္ ငါပုိက္ဆံလုိေနပါကြာ..။ ကူညီစမ္းပါ”

” ေအးပါကြာ..။ ငါ့ကုိ ျမင္တာနဲ႔ တန္ခုိးရွင္မ်ား ထင္ေနလုိ႔လား။ ျမင္တာနဲ႔ ဟုိဟာေတာင္းမယ္ ဒီဟာေတာင္းမယ္နဲ႔..။ ”

” ငါတကယ္လုိအပ္ေနလုိ႔ပါကြာ.။ ကူညီပါေနာ္.။ ပုိက္ဆံမရရင္ ငါအိမ္န႔ဲ ျပႆနာတက္မွာကြ ”

ကၽြႏု္ပ္လည္း ဘာအစီအရင္ ေပးရမလဲ စဥ္းစားေသာ္လည္း မည္သည့္နည္းမွ ေခါင္းထဲတြင္ ထြက္ေပၚမလာခဲ့။ ဗလာနယ္ကို အာ႐ံုျပဳကာ နိမိတ္ေကာက္ယူကာ အစီအရင္တစ္ခုအား စဥ္းစားလိုက္မိေလသည္။အနီးအနားပတ္၀န္းက်င္ကုိ မ်က္လုံးေ၀့ကာ ၾကည့္လုိက္ေလရာ.။ စာသင္ခန္းတံခါးေပါက္၀အနီးတြင္ စကၠဴျဖင့္ေခါက္ထားေသာ စကၠဴသေဘၤာေလးတစ္ခုကုိ ေတြ႕လုိက္ေပသည္။ ကၽြႏု္ပ္လည္း စကၠဴသေဘၤာေလးကုိ ေကာက္လုိက္ေလသည္။ ၿပီးေတာ့ သူငယ္ခ်င္းနဲ႔ ညီနဲ႔ ေခၚကာ တကၠသိုလ္အတြင္းတြင္ တည္ရွိေသာ ေရကန္တစ္ခုသို႔ ေခၚေဆာင္သြားလုိက္သည္။ လမ္းတြင္ ေတြ႕ေသာ ေက်ာက္ခဲသုံးခဲ ေကာက္ယူလုိက္ေလသည္။

ေရကန္ေရွ႕သုိ႔ ေရာက္ေသာအခါ ကၽြႏု္ပ္သည္ ထုိင္ခ်လုိက္ၿပီး ေက်ာက္ျပားျပင္ေပၚတြင္ ေက်ာက္ခဲတစ္လုံးျဖင့္ ငါးေထာင့္ၾကယ္ပုံဆြဲလုိက္သည္။ ဆြဲၿပီးေနာက္ ငါးေထာင့္အလယ္တြင္ စကၠဴသေဘၤာကုိ ထားလုိ္က္ၿပီး ေက်ာက္ခဲသုံးလုံးကုိ

” ကဲ ေငြခဲေတြ ေငြေတြ ထည့္လုိက္ၿပီ ” ဟု ေျပာလုိက္သည္။ ၿပီးေနာ္ သေဘာၤကုိ ၾကည့္ကာ ” ဒီေငြသေဘၤာမွ တစ္ဆင့္ ပိတ္ဆုိ႔ေနေသာ ေငြေၾကးအဆင္မေျပမႈမ်ား ေျပလည္ၿပီး ယခု သူငယ္ခ်င္းထံသုိ႔ (မိမိလုပ္ပါက မိမိထံသုိ႔) ေငြသေဘၤာႀကီး ဆုိက္ပါေစ.။ ေငြေတြ ေငြေတြ သေဘာၤႀကီးကုိ စီးၿပီးလာခဲ့ပါ.။ လြတ္လြတ္လပ္လပ္သုံးစြဲႏုိင္ရန္အတြက္ ေငြမ်ားကုိ အကုန္ခ်ေပးပါ.။ ေငြေတြ ၀င္လာပါၿပီ ၀င္လာပါၿပီ ” ဆုိၿပီး ဆုေတာင္းလုိက္ေလသည္။ ထုိ႔ေနာက္ သူငယ္ခ်င္းကုိ စကၠဴေငြတင္သေဘၤာကုိ ကုိင္ကာ ေရေမ်ာခိုင္းလုိက္သည္။ ေရထဲသုိ႔ မေမ်ာခင္မွာ စကားအခ်ိဳ႔ကုိ ေျပာခိုင္းလိုက္သည္။ ထုိစကားကုိ ကၽြႏု္ပ္က အက်ယ္ႀကီး ေျပာခိုင္းသည္။

ထုိစကားမွာ….” လုိအပ္ေနေသာ ေငြမ်ား ေငြသေဘၤာျဖင့္ ပါလာၿပီ။ ေငြသေဘၤာႀကီးဆုိက္ေလၿပီ။ ေငြသေဘာၤႀကီးဆုိက္ေလၿပီ။ ေငြေတြ ေငြေတြ ၀င္လာၿပီ ၀င္လာေငြမ်ားျဖင့္ လြတ္လြတ္လပ္လပ္သုံးစြဲႏုိင္ၿပီ။ ေဟ့ ေငြသေဘၤာႀကီး ဆုိက္ေတာ့မည္.. ” ဟူ၍ ျဖစ္ပါသည္။ ကဲ ဒီစာကုိ ဖတ္ေနေသာ မိတ္ေဆြတုိ႔သည္ စကၠဴေလးနဲ႔ ေက်ာက္ခဲေလးတစ္ခု ရွိရုံျဖင့္ လုိအပ္ေနေသာ ေငြေၾကးမ်ား ရရွိေတာ့မည္ ျဖစ္ပါေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လုိက္ပါသည္။

(မွတ္ခ်က္။ ။ ေနာက္ႏွစ္ရက္ၾကာေသာအခါ လုိအပ္ေနေသာ ေငြမ်ားရၿပီဟု ဖုန္းဆက္လာခဲ့သည္။ ကၽြႏု္ပ္လည္း ၀မ္းသာရျပန္သည္။ )
လင္းညိဳ႕တာရာ
# Unicode Version ျဖင့္ ဖတ္ပါ #


ကျွန်ုပ်လက်တွေ့ ပြုလုပ်ခဲ့သော ငွေသဘောၤ ဆိုက်နည်း (လာဘ်ရွှင်ကာ ပိုက်ဆံရနည်း)

တစ်ရက်သောအခါ ကျွန်ု်ပ်သည် ရတနာပုံတက္ကသိုလ် (မန္တလေး) သို့ ခေတ္တအလည်သွားစဉ်ဝယ် သူငယ်ချင်းတစ်ယောက်သည် ပိုက်ဆံလိုအပ်နေကြောင်း ပြောပြလေသည်။

” မိုးကြယ်စင် ငါပိုက်ဆံလိုနေပါကွာ..။ ကူညီစမ်းပါ”

” အေးပါကွာ..။ ငါ့ကို မြင်တာနဲ့ တန်ခိုးရှင်များ ထင်နေလို့လား။ မြင်တာနဲ့ ဟိုဟာတောင်းမယ် ဒီဟာတောင်းမယ်နဲ့..။ ”

” ငါတကယ်လိုအပ်နေလို့ပါကွာ.။ ကူညီပါနော်.။ ပိုက်ဆံမရရင် ငါအိမ်နဲ့ ပြဿနာတက်မှာကွ ”

ကျွနု်ပ်လည်း ဘာအစီအရင် ပေးရမလဲ စဉ်းစားသော်လည်း မည်သည့်နည်းမှ ခေါင်းထဲတွင် ထွက်ပေါ်မလာခဲ့။ ဗလာနယ်ကို အာရုံပြုကာ နိမိတ်ကောက်ယူကာ အစီအရင်တစ်ခုအား စဉ်းစားလိုက်မိလေသည်။အနီးအနားပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကာ ကြည့်လိုက်လေရာ.။ စာသင်ခန်းတံခါးပေါက်ဝအနီးတွင် စက္ကူဖြင့်ခေါက်ထားသော စက္ကူသင်္ဘောလေးတစ်ခုကို တွေ့လိုက်ပေသည်။ ကျွနု်ပ်လည်း စက္ကူသင်္ဘောလေးကို ကောက်လိုက်လေသည်။ ပြီးတော့ သူငယ်ချင်းနဲ့ ညီနဲ့ ခေါ်ကာ တက္ကသိုလ်အတွင်းတွင် တည်ရှိသော ရေကန်တစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ လမ်းတွင် တွေ့သော ကျောက်ခဲသုံးခဲ ကောက်ယူလိုက်လေသည်။

ရေကန်ရှေ့သို့ ရောက်သောအခါ ကျွနု်ပ်သည် ထိုင်ချလိုက်ပြီး ကျောက်ပြားပြင်ပေါ်တွင် ကျောက်ခဲတစ်လုံးဖြင့် ငါးထောင့်ကြယ်ပုံဆွဲလိုက်သည်။ ဆွဲပြီးနောက် ငါးထောင့်အလယ်တွင် စက္ကူသင်္ဘောကို ထားလိုက်ပြီး ကျောက်ခဲသုံးလုံးကို

” ကဲ ငွေခဲတွေ ငွေတွေ ထည့်လိုက်ပြီ ” ဟု ပြောလိုက်သည်။ ပြီးနော် သဘောၤကို ကြည့်ကာ ” ဒီငွေသင်္ဘောမှ တစ်ဆင့် ပိတ်ဆို့နေသော ငွေကြေးအဆင်မပြေမှုများ ပြေလည်ပြီး ယခု သူငယ်ချင်းထံသို့ (မိမိလုပ်ပါက မိမိထံသို့) ငွေသင်္ဘောကြီး ဆိုက်ပါစေ.။ ငွေတွေ ငွေတွေ သဘောၤကြီးကို စီးပြီးလာခဲ့ပါ.။ လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ရန်အတွက် ငွေများကို အကုန်ချပေးပါ.။ ငွေတွေ ဝင်လာပါပြီ ဝင်လာပါပြီ ” ဆိုပြီး ဆုတောင်းလိုက်လေသည်။ ထို့နောက် သူငယ်ချင်းကို စက္ကူငွေတင်သင်္ဘောကို ကိုင်ကာ ရေမျောခိုင်းလိုက်သည်။ ရေထဲသို့ မမျောခင်မှာ စကားအချို့ကို ပြောခိုင်းလိုက်သည်။ ထိုစကားကို ကျွနု်ပ်က အကျယ်ကြီး ပြောခိုင်းသည်။

ထိုစကားမှာ….” လိုအပ်နေသော ငွေများ ငွေသင်္ဘောဖြင့် ပါလာပြီ။ ငွေသင်္ဘောကြီးဆိုက်လေပြီ။ ငွေသဘောၤကြီးဆိုက်လေပြီ။ ငွေတွေ ငွေတွေ ဝင်လာပြီ ဝင်လာငွေများဖြင့် လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ပြီ။ ဟေ့ ငွေသင်္ဘောကြီး ဆိုက်တော့မည်.. ” ဟူ၍ ဖြစ်ပါသည်။ ကဲ ဒီစာကို ဖတ်နေသော မိတ်ဆွေတို့သည် စက္ကူလေးနဲ့ ကျောက်ခဲလေးတစ်ခု ရှိရုံဖြင့် လိုအပ်နေသော ငွေကြေးများ ရရှိတော့မည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါသည်။

(မှတ်ချက်။ ။ နောက်နှစ်ရက်ကြာသောအခါ လိုအပ်နေသော ငွေများရပြီဟု ဖုန်းဆက်လာခဲ့သည်။ ကျွနု်ပ်လည်း ဝမ်းသာရပြန်သည်။ )

လင်းညို့တာရာ

No comments:

Post a Comment