![]() |
| စင်ကျန့်ပြည်နယ်မှာရှိတဲ့ တရုတ်နိုင်ငံက အကြီးဆုံး ဗလီကြီးရှေ့မှာ ခရီးသွားတစု စုဝေးနေပုံ။ Photo: AFP |
တရုတ် အစိုးရက ဖြိုချဖို့ စီစဉ်နေတဲ့ အဲဒီဗလီကို အစိုးရဆီက တည်ဆောက်ခွင့်ရလို့ တရားဝင် ဆောက်ခဲ့တာ ဖြစ်ပြီး မနှစ်ကမှ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက ဗလီရဲ့အမိုးခုံး ၉ ခုထဲက ၈ ခုကို ခွင့်ပြုချက်ထဲမှာ ပါတာထက် ပိုကြီးနေလို့ဆိုပြီး ဖြိုချဖို့ စီစဉ်တာဖြစ်တယ်လို့ ဗလီရှိရာ ရွာလူကြီးတဦးက ပြောပါတယ်။
တရုတ်အစိုးရဟာ ဘာသာမဲ့ အာဏာရကွန်မြူနစ်ပါတီရဲ့ သစ္စာခံ မဟာမိတ်တွေဖြစ်ရေး ကြိုးပမ်းနေတာပါ။ ဗလီတွေပေါ်က အစ္စလာမ်မစ် အမှတ်အသား လခြမ်းတံဆိပ်တွေနဲ့ အမိုးခုံးတွေကို ဖယ်ထုတ် ပစ်နေပြီး ခရစ်ယာန်ဘုရားကျောင်းတွေကိုပိတ်ပစ်၊ သမ္မာကျမ်းစာအုပ်တွေကို သိမ်းဆည်းပစ်သလို ဘုန်းကြီးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းတွေမှာ ကျောင်းတက်နေတဲ့ တိဘက်ကျောင်းသား လေးတွေကိုလည်း အစိုးရကျောင်းတွေကို အတင်းအဓမ္မ ပြောင်းရွှေ့စာသင်ခိုင်းနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese

No comments:
Post a Comment