မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း
(31.8.2018)
၁။ ပြည်ကြီးတံခွန်မြို့နယ် စက်မှု နယ်မြေရဲစခန်းမှ (ပ)၄၄၅/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆အမှုမှ တရား(၉)ဦးအား ကျူးလွန်သည့်သက်သေခံပစ္စည်း ဓါးနှင့်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိပြီးကြောင်း မိဘပြည်သူများအား အသိ ပေးတင်ပြအပ်ပါသည်။
၂။ အမှု ဖြစ်စဉ်မှာ (၃၀. ၈ .၂၀၁၈)ရက်နေ့ ည(၂၁၃၀)အ ချိန်တွင် မနှင်းစန္ဒာထွန်းနှင့် ၄င်း၏အကိုဖြစ်သူ မောင် ယဉ်အောင်တို့ ရွာတော်ရပ်ကွက်မှ စက်မှုပန်းခြံလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် VE VE အချိုရည်စက်ရုံရှေ့ တွင် CZI 125 ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်သုံးယောက်တွဲ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်အလယ်ခုံမှ လိုက်ပါလာသူ အမည်မသိ လူငယ်မှဓါးရှည်ဖြင့်လှမ်းခုတ်ခဲ့သဖြင့် ဓါး ခုတ်ခဲ့သည့် အမည်မသိလူငယ်များနှင့်အဖွဲ့အပေါ် အရေးယူ ပေးပါရန်တိုင်တန်းမှုဖြစ်ပါသည်။
Pyi Gyi



No comments:
Post a Comment