CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, August 14, 2018
သမိုင္းထဲကဒီေန႔ ၾသဂုတ္(၁၄)ရက္
ဒီေန႔ဆိုရင္ ေတးေရးဆရာ အဆိုေတာ္ ထူးအိမ္သင္ ကြယ္လြန္သြားခဲ့တာ (၁၄)ႏွစ္ရွိခဲ့ပါၿပီ။ ေတးေရးဆရာ အဆိုေတာ္ ထူးအိမ္သင္ကို အဖ ဦးထြန္းျမင့္၊ အမိ ေဒၚျမရင္တို႔က (၁၉၆၃)ခုႏွစ္ ဇူလိုင္(၁)ရက္က ပုသိမ္ၿမဳိ႕မွာ ေမြးဖြားခဲ့ၿပီး အမည္ရင္းမွာ ဦးေက်ာ္ျမင့္လြင္ျဖစ္ပါတယ္။ သူ႔ကို သွ်ပ္၊ ဘဲဥ၊ ငွက္ႀကီး စတဲ့ နာမည္ေတြနဲ႔လည္း ခ်စ္စႏိုး ေခၚေ၀ၚခဲ့ၾကပါတယ္။
ထူးအိမ္သင္ဟာ ပုသိမ္ၿမဳိ႕ အ.မ.က(၂၀)မွာ မူလတန္းပညာကို သင္ၾကားခဲ့ၿပီး အ.ထ.က(၃) ပုသိမ္ကေန အထက္တန္းေအာင္ျမင္ခဲ့ကာ (၁၉၇၉ - ၈၀)မွာ ပုသိမ္ေဒသေကာလိပ္ကို တက္ေရာက္ခဲ့ပါတယ္။ (၁၉၈၁) ခုႏွစ္မွာ မိသားစုနဲ႔အတူ ေမာ္လၿမဳိင္ကို ေျပာင္းေရႊ႕ခဲ့ၿပီး ေမာ္လၿမဳိင္တကၠသိုလ္ကေန ႐ုကၡေဗဒ သိပၸံဘြဲ႔ ရရွိခဲ့ပါတယ္။
ဂီတသေကၤတနဲ႔ ဂီတပညာကို ေမာ္လၿမဳိင္ၿမဳိ႕က ဂီတဆရာ ဦးေအာင္စိုး (KC Francis)ထံမွာသင္ယူခဲ့တာပါ။ ထူးအိမ္သင္ဟာ ကိုယ္ပိုင္သံစဥ္သီခ်င္းအမ်ားစုကို ေရးသားခဲ့သလို ကဗ်ာေတြလဲ ေရးသားခဲ့ၿပီး (၁၉၈၆) ခုႏွစ္မွာ နာရီေပၚမွ မ်က္ရည္စက္မ်ား ေတးစီးရီးနဲ႔ ဂီတေလာကကို စတင္၀င္ေရာက္ခဲ့ပါတယ္။
(၁၉၈၈)ခုႏွစ္ အေရးအခင္းအၿပီး ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF)မွာ ျပန္ၾကားေရးတာ၀န္ခံအျဖစ္ အဆိုေတာ္ မြန္းေအာင္နဲ႔အတူ ေခတၱ တာ၀န္ထမ္းေဆာင္ခဲ့ကာ “အေရးႀကီးၿပီ” ဆိုတဲ့ တိုက္ပြဲ၀င္ သီခ်င္းကိုလည္း ေရးစပ္ခဲ့ပါတယ္။ အဲဒီေနာက္ ၿမဳိ႕ေပၚကို ျပန္လာၿပီး အႏုပညာလုပ္ငန္း ေတြကို ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။
(၁၉၉၁)ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ရာဇ၀င္မ်ားရဲ႕သတို႔သမီး သီခ်င္းကို ပရိသတ္ေတြ တခဲနက္အားေပးခဲ့ပါတယ္။ အဲဒီသီခ်င္းဟာ ျမန္မာႏိုင္ငံရဲ႕ အဓိက ေရစီးေၾကာင္းျဖစ္တဲ့ ဧရာ၀တီျမစ္ကို ေဖာ္က်ဴးထားေပမယ့္ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္စူးၿပီး ေရးသားထားတယ္လို႔ အမ်ားက ထင္ၾကပါတယ္။
ဒါေၾကာင့္ သူရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈေတြကို စစ္အစိုးရက ပိတ္ပင္ခဲ့ပါတယ္။
ထူးအိမ္သင္ဟာ ေနာက္ဆံုး သီခ်င္းေခြအတြက္ Oasis ေတးသံသြင္းမွာ အသံသြင္းမႈေတြျပဳလုပ္ခဲ့ၿပီး (၂၀၀၄) ခုႏွစ္ ၾသဂုတ္(၁၄)ရက္ ကကြယ္လြန္ခဲ့ပါတယ္။ ကြယ္လြန္စဥ္ အသက္(၄၂)ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ ထူးအိမ္သင္ရဲ႕ ဇနီးမွာ မသြယ္သြယ္ေထြးျဖစ္ၿပီး သမီးတစ္ဦးထြန္းကားခဲ့ကာ သူ႔နာမည္မွာ မိကြန္ေထာ ျဖစ္ပါတယ္။
ထူးအိမ္သင္ဟာ အႏုပညာသက္တမ္း (၁၈)ႏွစ္တာကာလအတြင္း တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ (၁၄)ခုအထိ ထြက္ရွိခဲ့ၿပီး သူ႔ရဲ႕အႏုပညာလက္ရာေတြဟာ ယေန႔တိုင္ ျမန္မာပရိသတ္ေတြအၾကား လႊမ္းမိုးေနဆဲ ျဖစ္ပါတယ္။
One News Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ဆိုရင် တေးရေးဆရာ အဆိုတော် ထူးအိမ်သင် ကွယ်လွန်သွားခဲ့တာ (၁၄)နှစ်ရှိခဲ့ပါပြီ။ တေးရေးဆရာ အဆိုတော် ထူးအိမ်သင်ကို အဖ ဦးထွန်းမြင့်၊ အမိ ဒေါ်မြရင်တို့က (၁၉၆၃)ခုနှစ် ဇူလိုင်(၁)ရက်က ပုသိမ်မြို့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်မြင့်လွင်ဖြစ်ပါတယ်။ သူ့ကို သျှပ်၊ ဘဲဥ၊ ငှက်ကြီး စတဲ့ နာမည်တွေနဲ့လည်း ချစ်စနိုး ခေါ်ဝေါ်ခဲ့ကြပါတယ်။
ထူးအိမ်သင်ဟာ ပုသိမ်မြို့ အ.မ.က(၂၀)မှာ မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်ကနေ အထက်တန်းအောင်မြင်ခဲ့ကာ (၁၉၇၉ - ၈၀)မှာ ပုသိမ်ဒေသကောလိပ်ကို တက်ရောက်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်မှာ မိသားစုနဲ့အတူ မော်လမြိုင်ကို ပြောင်းရွှေ့ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်ကနေ ရုက္ခဗေဒ သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။
ဂီတသင်္ကေတနဲ့ ဂီတပညာကို မော်လမြိုင်မြို့က ဂီတဆရာ ဦးအောင်စိုး (KC Francis)ထံမှာသင်ယူခဲ့တာပါ။ ထူးအိမ်သင်ဟာ ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားခဲ့သလို ကဗျာတွေလဲ ရေးသားခဲ့ပြီး (၁၉၈၆) ခုနှစ်မှာ နာရီပေါ်မှ မျက်ရည်စက်များ တေးစီးရီးနဲ့ ဂီတလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။
(၁၉၈၈)ခုနှစ် အရေးအခင်းအပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှာ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင်နဲ့အတူ ခေတ္တ တာဝန်ထမ်းဆောင်ခဲ့ကာ “အရေးကြီးပြီ” ဆိုတဲ့ တိုက်ပွဲဝင် သီချင်းကိုလည်း ရေးစပ်ခဲ့ပါတယ်။ အဲဒီနောက် မြို့ပေါ်ကို ပြန်လာပြီး အနုပညာလုပ်ငန်း တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
(၁၉၉၁)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရာဇဝင်များရဲ့သတို့သမီး သီချင်းကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ပါတယ်။ အဲဒီသီချင်းဟာ မြန်မာနိုင်ငံရဲ့ အဓိက ရေစီးကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ကို ဖော်ကျူးထားပေမယ့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးပြီး ရေးသားထားတယ်လို့ အများက ထင်ကြပါတယ်။
ဒါကြောင့် သူရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို စစ်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။
ထူးအိမ်သင်ဟာ နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းမှာ အသံသွင်းမှုတွေပြုလုပ်ခဲ့ပြီး (၂၀၀၄) ခုနှစ် သြဂုတ်(၁၄)ရက် ကကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်စဉ် အသက်(၄၂)နှစ်ရှိပြီ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သမီးတစ်ဦးထွန်းကားခဲ့ကာ သူ့နာမည်မှာ မိကွန်ထော ဖြစ်ပါတယ်။
ထူးအိမ်သင်ဟာ အနုပညာသက်တမ်း (၁၈)နှစ်တာကာလအတွင်း တစ်ကိုယ်တော် အယ်လ်ဘမ် (၁၄)ခုအထိ ထွက်ရှိခဲ့ပြီး သူ့ရဲ့အနုပညာလက်ရာတွေဟာ ယနေ့တိုင် မြန်မာပရိသတ်တွေအကြား လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။
One News Myanmar
သမိုင္းထဲကဒီေန႔ ၾသဂုတ္(၁၄)ရက္
Reviewed by MP4 YoU
on
August 14, 2018
Rating: 5
Reviewed by MP4 YoU
on
August 14, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment