Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 30, 2018

မိတ္တီလာမြို့နယ်နေသူမိန်းခလေးနှစ်ဦးဆုကြေး ကိစ္စရှင်းလင်းရာမှစကားများပြီးဓားနှင့်ထိုးသ ဖြင့်တစ်ဦးသေဆုံး



သြဂုတ်(၃၀)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင်မိတ္တီလာမြို့နယ်နေသူမိန်းခလေးနှစ်ဦးဆု
ကြေးကိစ္စသွားရောက်ရှင်းလင်းရာမှစကားများပြီးဓားထိုးမှုဖြစ်ပွားရာတစ်ဦးသေဆုံးမှုဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာသြဂုတ်(၂၉)ရက်ည(၁၀း၃၀)အချိန်ခန့်ဒေါ်စန်းစန်းမြင့်(၅၂)နှစ်ကျောင်းဆရာမ
(ငြိမ်း)ညောင်ကန်ကျေးရွာမိတ္တီလာမြို့နယ်နေသူမီနေအိမ်တွင်ရှိနေစဉ်သမီးဖြစ်သူမဆုရည်နှင်း
(၂၅)နှစ်(ဘ)ဦးဝင်းမောင်ညောင်ကန်ရွာမိတ္တီလါမြို့နယ်နေသူမှာသာစည်ဆေးရုံတွင်ဒဏ်ရာများ
ဖြင့်ရောက်ရှိနေကြောင်းသတင်းအရသွားရောက်ခဲ့ရာသမီးမဆုရည်နှင်းတွင်လည်မျို ထိုး
သွင်းဒဏ်ရာ(၁)ချက်ရင်ညွန့်အလယ်ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိ
ရ၍စုံစမ်းရာသြဂုတ်(၂၉)ရက်နေ့ည(၇း၃၀)အချိန်ခန့်သမီးဖြစ်သူအားသာစည်မြို့မင်းလှကန်
ရဲတစ်ထောင်ဘုရားမုဒ်အနီးတွင်တိုယိုတာ(ဗစ်)အမျိုးအစားMDY 7L / 8586(ခဲရောင်)
ယာဉ်ပေါ်၌မလင်းလင်းအောင်(၂၃)နှစ်(ဘ)ဦးဝင်းအောင်(ခ)ဦးအောင်ကြီး မကျီးကုန်းရပ်ကွက်
မိင်္တ္တီလာမြို့နေသူနှင့်ဆုကြေးမဲကိစ္စနှင့်စကားများရန်ဖြစ်ကြရာမှမလင်းလင်းအောင်မှအသင့်
ပါလာသောအရိုးအသွားအရှည်(၁) ပေခန့်ရှိကော်ရိုးတတ်ဓားဦးချွန်နှင့်ထိုး၍ဒဏ်ရာများရရှိ
သေဆုံးခဲ့ကြောင်းသိရှိရသဖြင့်သမီးဖြစ်သူမဆုရည်နှင်းအားအသက်သေဆုံးသည်အထိ
ဓားနှင့်ထိုးသူမလင်းလင်းအောင်အားအရေးယူပေးရန်ဒေါ်စန်းစန်းမြင့်၏တိုင်ကြားချက်အရ
သာစည်မြို့မရဲစခန်း(ပ)၂၀၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူဖမ်းဆီး
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အခင်းဖြစ်နေ့ညကပြစ်မှုကျူးလွန်သူမလင်းလင်းအောင်မှသေဆုံးသူမဆုရည်နှင်း၏
အလောင်းအားကားနှင့်တင်ဆောင်လာပြီးမိတ္တီလာမြို့သို့ပြန်လာကာဖခင်ဖြစ်သူဦးဝင်းအောင်
(ခ)ဦးအောင်ကြီးအားအကိျုးအကြောင်ျေပြာပြခဲ့ပြီးဖခင်ဖြစ်သူကိုယ်တိုင်မလင်းလင်းအောင်အား
အခင်းဖြစ်စဉ်ကမော်တော်ယာဉ်နှင့်အတူသေဆုံးသူအလာင်းအားမိတ္တီလာမြို့မရဲစခန်းသို့
သွားရောက်အပ်နှံပေးခဲ့၍သက်ဆိုင်ရာသာစည်မြို့မရဲစခန်းနှင့်ချိတ်ဆက်လွှဲပြောင်းပေးအပ်ခဲ့
ကြောင်းစုံစမ်းသိရသည်။

Crd
တရားခံအကောင့်
https://www.facebook.com/u.soeko.587
အသတ်ခံရသူ
https://www.facebook.com/u.soeko.587

No comments:

Post a Comment