Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 23, 2018

ျဖစ္ခ်င္တာေတြမျဖစ္လိုက္ရေပမဲ့ တိုင္းျပည္ကအားထားရတဲ့ သူေဌးတစ္ေယာက္ျဖစ္သြားတဲ့ေကာင္ေလး

ျဖစ္ခ်င္တာေတြမျဖစ္လိုက္ရေပမဲ့ တိုင္းျပည္ကအားထားရတဲ့ သူေဌးတစ္ေယာက္ျဖစ္သြားတဲ့ေကာင္ေလးတစ္ေယာက္ကေတာ့ ဦးေဇာ္ေဇာ္ပါ။ သူျဖစ္ခ်င္တာ အင္ဂ်င္နီယာတစ္ေယာက္ပါ။

ဒါေပမဲ့လက္ရွိမွာေတာ့ …..ဦးေဇာ္ေဇာ္ဆိုရင္ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးသိၾကပါတယ္။

သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေၾကာင့္ဆိုရင္လည္းမမွားပါဘူး။ ျမန္မာျပည္ရဲ႕ခ်မ္းသာႂကြယ္ဝသူအမ်ားႀကီးေတြထဲမွာမွ သူဟာေကာင္းသတင္းေတြနဲ႔ မွတ္သားခံရတဲ့သူတစ္ဦးပါ။

၁၉၆၇ ခုႏွစ္၊ ၾသဂုတ္ ၂၂ ရက္ေန႔မွာ ေမြးဖြားခဲတဲ့ ဦးေဇာ္ေဇာ္ဟာ ဒီေန႔မွာေတာ့ ၅၁ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။

အသက္ (၂၀) ဝန္းက်င္မွာ ႏိုင္ငံရပ္ျခားကိုထြက္ခြာခဲ့ရၿပီး တစ္ေန႔ ေဒၚလာ ၁၀၀ ဝန္းက်င္နဲ႔ ေျခာက္ႏွစ္ၾကာ သေဘာေပၤၚမွာ ေအာက္ေျခသိမ္းအလုပ္ေတြလုပ္ကိုင္ခဲ့ရသူျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ တိုင္းျပည္ရဲ႕က်န္းမာေရး၊ လူမႈေရးကိစၥေတြမွာ ေဒၚလာသန္းခ်ီလႉဒါန္းမႈေတြအပါအဝင္ ျမန္မာ့ေဘာလုံးေလာကမွာလည္း အကူအညီအေထာက္အပံ့မ်ားစြာအား ယခုတိုင္ေပးေနတာေၾကာင့္ တစ္တိုင္းျပည္လုံးကအားထားရတဲ့ သူလို႔ေတာင္ဆိုႏိုင္ပါတယ္။

ေဒၚလာသန္းခ်ီတန္ကုမၸဏီႀကီးကိုပိုင္ဆိုင္ထားတဲ့ သူေဌးႀကီးဦးေဇာ္ေဇာ္ျဖစ္လာဖို႔ ပန္းခင္းတဲ့လမ္းအတိုင္းေလွ်ာက္လာခဲ့ရတာေတာ့မဟုတ္ပါဘူး။

ဘီလီယံေပါင္းမ်ားစြာ ပိုင္ဆိုင္ထားတယ္လို႔လည္း အတည္မျပဳႏိုင္ေပမဲ့ လက္ခံႏိုင္စရာအၾကာင္းေတြမ်ားစြာရွိေနတုန္းပါပဲ။

ဒါေပမဲ့သူရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကိုအၿမဲပိုင္ဆိုင္မယ္လို႔ သူမယုံၾကည္ထားပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ (၂၀၁၇) တုန္းက ဝန္ထမ္းတစ္ဦးရဲ႕ အခက္အခဲေတြကို ဘယ္လိုျဖတ္သန္းလဲဆိုတဲ့ေမးခြန္းကို “ဒါဟာတည္ၿမဲတဲ့လိုမေခၚေသးဘူး အခုအခ်ိန္မွာတစ္ခုခု Crisis ျဖစ္ၾကည့္ အခ်ိန္မေ႐ြးေဒဝါလီခံသြားရတဲ့ဘဝ ျဖစ္သြားႏိုင္တယ္၊ ဒါေပမဲ့ ဘာလုပ္မွာလဲ၊ ေမြးကတည္းက ဘာမွပါမလာတာ၊ ရင္ဆိုင္႐ုံပဲရွိေတာ့တာေပ့ါ။ ျဖစ္ေတာ့ဘာျဖစ္လဲ၊ အဲ့စိတ္ေတာ့ေမြးဖို႔လိုတယ္။” လို႔ျပန္လည္ေျဖၾကားခဲ့ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားသိတဲ့အတိုင္း ဦးေဇာ္ေဇာ္ဟာ ဧရာဝတီတိုင္းကလာတယ္။

အင္မတန္အစအေနာက္သန္တဲ့ေကာင္ေလးတစ္ေယာက္ဟာ ငယ္စဥ္ကတည္းကေျပာရဲဆိုရဲပါ။

သူစရင္ ငိုရတယ္လို႔ သူငယ္ခ်င္းမိန္းကေလးေတြေျပာပါတယ္။ သူဟာခံစားလြယ္သူတစ္ေယာက္လည္းျဖစ္လို႔ ႏိုင္ငံေရးမွာ ျပင္းျပင္းထန္ထန္ပါဝင္ခဲ့ပါတယ္။

စစ္တပ္ကအာဏာသိမ္းခဲ့လို႔ ပုဆိုးတိုတိုနဲ႔ လမ္းမွာထိုင္ငိုခဲ့တယ္လို႔ သူငယ္ခ်င္းျဖစ္သူကေျပာပါတယ္။

ငယ္စဥ္မွာသူဟာ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်င္တယ္။

ရည္႐ြယ္ထားတဲ့အတိုင္းျဖစ္မလာဘူး။ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္သူျပည္ပကိုထြက္ခဲ့ရတယ္။

စကၤာပူကိုစတင္ထြက္ခဲ့တယ္။ အလုပ္ေလွ်ာက္ေတာ့ပိုက္ဆံမရွိလို႔လမ္းေလွ်ာက္သြားခဲ့ပါတယ္။

အလုပ္မရခင္ ဗီဇာသက္တမ္းကုန္လို႔ မေလးရွားကိုသြားရပါတယ္။ မေလးရွားမွ အလုပ္ရၿပီး သေဘၤာလိုက္တယ္။

လူပုံေပ်ာ့တာေၾကာင့္ သေဘၤာမွာမလုပ္ႏိုင္ဟုေတာင္ ထင္ေၾကးေပးခဲ့ရတာျဖစ္ပါတယ္။

အဂၤလိပ္စာလည္းမကြၽမ္းက်င္တာေၾကာင့္ အခက္အခဲမ်ားစြာႀကဳံရပါတယ္။

သေဘၤာေပၚမွာ ပဲ ျမန္မာစီနီယာတစ္ဦးထံမွာ သင္ၾကားမႈေတြျပဳလုပ္ခဲ့ပါတယ္။

ခက္ခက္ခဲခဲပဲတည္ေဆာက္ခဲ့ရတဲ့သူ႔ေနရက္ေတြကို သူဟာအၿမဲအမွတ္တရေျပာျဖစ္တယ္။

၁၉၉၂ ဝန္းက်င္မွာ ဂ်ပန္သို႔ေရာက္ရွိခဲ့ၿပီး ယခုေဒၚလာသန္းခ်ီလည္ပတ္ေနတဲ့ Max ကိုစတင္ခဲ့ပါတယ္။ စတင္စဥ္ကေတာ့ ဂ်ပန္ကားအေရာင္းအဝယ္ပါ။ အိမ္ေထာာင္ဖက္ကိုလည္း ဂ်ပန္မွာပဲေတြ႕ရွိခဲ့ၿပီး ၁၉၉၅ မွာလက္ထက္ခဲ့ပါတယ္။

ျမန္မာျပည္ကိုျပန္လာတဲ့အခ်ိန္ဟာလည္း ၁၉၉၅ ခုႏွစ္ျဖစ္ပါတယ္။ ျပန္ေရာက္လာတဲ့အခါမွာေတာ့ သူဟာႏိုင္ငံေရးမွာ ပါဝင္ျခင္းမရွိေတာ့ဘဲ စီးပြားေရးကိုသာ ေဇာက္ခ်လုပ္ကိုင္ခဲ့ပါတယ္။

(၇) ႏွစ္တာကာလအတြင္းမွာ Max ဟာ ဟိုတယ္လုပ္ငန္းမ်ား၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ ဘဏ္လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား၊ ဘိလပ္ေျမထုတ္လုပ္ျခင္းလုပ္ငန္း၊ သတၱဳတူးေဖာ္ျခင္းလုပ္ငန္းစတဲ့ လုပ္ငန္းေပါင္းမ်ားစြာကို ခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။

သူဟာ ျမန္မာေဘာလုံးေလာကအတြက္အေရးပါသူတစ္ဦးျဖစ္႐ုံမဟုတ္ပါဘူး။

အာဆီေဘာလုံးေလာကအတြက္လည္း တန္ဖိုးထား ေလးစားခံရသူတစ္ဦးျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွ ဦးေဇာ္ေဇာ္ကို အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယဥကၠဌအျဖစ္ခန႔္အပ္ခဲ့ပါတယ္။

ဒါအျပင္ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕အျမင့္ဆုံးဆုျဖစ္သည့္ AFF Goodwill Awards ဆုကို၂၀၁၇ မွာသူဟာလက္ခံရရွိခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံရဲ႕ နာမည္ပ်က္စာရင္း ဆန္ရွင္ကေနဖယ္ရွားေပးခံရတဲ့ ျမန္မာသူေဌးတစ္ဦးျဖစ္ပါတယ္။

၂၀၁၇၊ ေမလမွေတာ့ သူဟာအေမရိကန္ကိုသြားေရာက္ၿပီး စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ႏိုင္ရန္အတြက္ အေမရိကန္ကိုသြားေရာက္ခဲ့ပါတယ္။

သူ႔ရဲ႕ခံယူခ်က္ကေတာ့ အမ်ားအတြက္ စိတ္ေမြးရင္ပိုၿပီးေအာင္ျမင္တယ္၊ မိသားစုအတြက္၊ တိုင္းျပည္အတြက္ အလုပ္လုပ္တာျဖစ္တယ္လို႔ ဆိုထားပါတယ္။
MyanmarNote
#Unicode Version#
ဖြစ်ချင်တာတွေမဖြစ်လိုက်ရပေမဲ့ တိုင်းပြည်ကအားထားရတဲ့ သူဌေးတစ်ယောက်ဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ကတော့ ဦးဇော်ဇော်ပါ။ သူဖြစ်ချင်တာ အင်ဂျင်နီယာတစ်ယောက်ပါ။

ဒါပေမဲ့လက်ရှိမှာတော့ …..ဦးဇော်ဇော်ဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသိကြပါတယ်။

သူ့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်ဆိုရင်လည်းမမှားပါဘူး။ မြန်မာပြည်ရဲ့ချမ်းသာကြွယ်ဝသူအများကြီးတွေထဲမှာမှ သူဟာကောင်းသတင်းတွေနဲ့ မှတ်သားခံရတဲ့သူတစ်ဦးပါ။

၁၉၆၇ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့မှာ မွေးဖွားခဲတဲ့ ဦးဇော်ဇော်ဟာ ဒီနေ့မှာတော့ ၅၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။

အသက် (၂၀) ဝန်းကျင်မှာ နိုင်ငံရပ်ခြားကိုထွက်ခွာခဲ့ရပြီး တစ်နေ့ ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ခြောက်နှစ်ကြာ သဘောင်္ပေါ်မှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။

ဒီနေ့မှာတော့ တိုင်းပြည်ရဲ့ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ ဒေါ်လာသန်းချီလှူဒါန်းမှုတွေအပါအဝင် မြန်မာ့ဘောလုံးလောကမှာလည်း အကူအညီအထောက်အပံ့များစွာအား ယခုတိုင်ပေးနေတာကြောင့် တစ်တိုင်းပြည်လုံးကအားထားရတဲ့ သူလို့တောင်ဆိုနိုင်ပါတယ်။

ဒေါ်လာသန်းချီတန်ကုမ္ပဏီကြီးကိုပိုင်ဆိုင်ထားတဲ့ သူဌေးကြီးဦးဇော်ဇော်ဖြစ်လာဖို့ ပန်းခင်းတဲ့လမ်းအတိုင်းလျှောက်လာခဲ့ရတာတော့မဟုတ်ပါဘူး။

ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားတယ်လို့လည်း အတည်မပြုနိုင်ပေမဲ့ လက်ခံနိုင်စရာအကြာင်းတွေများစွာရှိနေတုန်းပါပဲ။

ဒါပေမဲ့သူရဲ့ချမ်းသာကြွယ်ဝမှုတွေကိုအမြဲပိုင်ဆိုင်မယ်လို့ သူမယုံကြည်ထားပါဘူး။

ပြီးခဲ့တဲ့နှစ် (၂၀၁၇) တုန်းက ဝန်ထမ်းတစ်ဦးရဲ့ အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းလဲဆိုတဲ့မေးခွန်းကို “ဒါဟာတည်မြဲတဲ့လိုမခေါ်သေးဘူး အခုအချိန်မှာတစ်ခုခု Crisis ဖြစ်ကြည့် အချိန်မရွေးဒေဝါလီခံသွားရတဲ့ဘဝ ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ ဘာလုပ်မှာလဲ၊ မွေးကတည်းက ဘာမှပါမလာတာ၊ ရင်ဆိုင်ရုံပဲရှိတော့တာပေ့ါ။ ဖြစ်တော့ဘာဖြစ်လဲ၊ အဲ့စိတ်တော့မွေးဖို့လိုတယ်။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

လူတော်တော်များများသိတဲ့အတိုင်း ဦးဇော်ဇော်ဟာ ဧရာဝတီတိုင်းကလာတယ်။

အင်မတန်အစအနောက်သန်တဲ့ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းကပြောရဲဆိုရဲပါ။

သူစရင် ငိုရတယ်လို့ သူငယ်ချင်းမိန်းကလေးတွေပြောပါတယ်။ သူဟာခံစားလွယ်သူတစ်ယောက်လည်းဖြစ်လို့ နိုင်ငံရေးမှာ ပြင်းပြင်းထန်ထန်ပါဝင်ခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့လို့ ပုဆိုးတိုတိုနဲ့ လမ်းမှာထိုင်ငိုခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။

ငယ်စဉ်မှာသူဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်။

ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာဘူး။ နိုင်ငံရေးအခြေအနေတွေကြောင့်သူပြည်ပကိုထွက်ခဲ့ရတယ်။

စင်္ကာပူကိုစတင်ထွက်ခဲ့တယ်။ အလုပ်လျှောက်တော့ပိုက်ဆံမရှိလို့လမ်းလျှောက်သွားခဲ့ပါတယ်။

အလုပ်မရခင် ဗီဇာသက်တမ်းကုန်လို့ မလေးရှားကိုသွားရပါတယ်။ မလေးရှားမှ အလုပ်ရပြီး သင်္ဘောလိုက်တယ်။

လူပုံပျော့တာကြောင့် သင်္ဘောမှာမလုပ်နိုင်ဟုတောင် ထင်ကြေးပေးခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလိပ်စာလည်းမကျွမ်းကျင်တာကြောင့် အခက်အခဲများစွာကြုံရပါတယ်။

သင်္ဘောပေါ်မှာ ပဲ မြန်မာစီနီယာတစ်ဦးထံမှာ သင်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

ခက်ခက်ခဲခဲပဲတည်ဆောက်ခဲ့ရတဲ့သူ့နေရက်တွေကို သူဟာအမြဲအမှတ်တရပြောဖြစ်တယ်။

၁၉၉၂ ဝန်းကျင်မှာ ဂျပန်သို့ရောက်ရှိခဲ့ပြီး ယခုဒေါ်လာသန်းချီလည်ပတ်နေတဲ့ Max ကိုစတင်ခဲ့ပါတယ်။ စတင်စဉ်ကတော့ ဂျပန်ကားအရောင်းအဝယ်ပါ။ အိမ်ထောာင်ဖက်ကိုလည်း ဂျပန်မှာပဲတွေ့ရှိခဲ့ပြီး ၁၉၉၅ မှာလက်ထက်ခဲ့ပါတယ်။

မြန်မာပြည်ကိုပြန်လာတဲ့အချိန်ဟာလည်း ၁၉၉၅ ခုနှစ်ဖြစ်ပါတယ်။ ပြန်ရောက်လာတဲ့အခါမှာတော့ သူဟာနိုင်ငံရေးမှာ ပါဝင်ခြင်းမရှိတော့ဘဲ စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။

(၇) နှစ်တာကာလအတွင်းမှာ Max ဟာ ဟိုတယ်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းစတဲ့ လုပ်ငန်းပေါင်းများစွာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

သူဟာ မြန်မာဘောလုံးလောကအတွက်အရေးပါသူတစ်ဦးဖြစ်ရုံမဟုတ်ပါဘူး။

အာဆီဘောလုံးလောကအတွက်လည်း တန်ဖိုးထား လေးစားခံရသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ ဦးဇော်ဇော်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဒါအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့အမြင့်ဆုံးဆုဖြစ်သည့် AFF Goodwill Awards ဆုကို၂၀၁၇ မှာသူဟာလက်ခံရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ နာမည်ပျက်စာရင်း ဆန်ရှင်ကနေဖယ်ရှားပေးခံရတဲ့ မြန်မာသူဌေးတစ်ဦးဖြစ်ပါတယ်။

၂၀၁၇၊ မေလမှတော့ သူဟာအမေရိကန်ကိုသွားရောက်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ရန်အတွက် အမေရိကန်ကိုသွားရောက်ခဲ့ပါတယ်။

သူ့ရဲ့ခံယူချက်ကတော့ အများအတွက် စိတ်မွေးရင်ပိုပြီးအောင်မြင်တယ်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
MyanmarNote

No comments:

Post a Comment