Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 2, 2018

ထူးဆန္းလွတဲ့ နတ္သမီး႐ုပ္တုေလးမွာဆုေတာင္းမွုအၿပီး ထိုင္းထီ ဘတ္ေငြ ၆ သန္းကံထူးသြားခဲ့တဲ့ ျမန္မာေရႊေျပာင္းလုပ္သမေလး

  
ၾသဂုတ္ ၁ ရက္က ဖြင့္လွစ္သြားတဲ့ ၂၉ ႀကိမ္ေျမာက္ ထိုင္းနိုင္ငံေအာင္ဘာေလ ထီဖြင့္ပြဲမွာ နခြန္းပထုန္ခရိုင္ရွိ ျမန္မာေရႊ႕ေျပာင္းအလုပ္သမတစ္ဦးကပထမဆု ကံထူးသြားခဲ့တယ္လို႔သိရပါတယ္။သူမကေတာ့ အသက္ ၂၉ ႏွစ္ရြယ္ မဇင္မာဝင္းျဖစ္ၿပီး ထိုင္းနိုင္ငံအလယ္ပိုင္း၊ နခြန္းပထုံခရိုင္၊ နခြန္းခ်ိဳင္းဆီၿမိဳ႕နယ္၊ ခြန္ကေယာက္ရပ္ကြက္ရွိ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနတဲ့သူတစ္ဦးလို႔သိရပါတယ္။သူမကေတာ့ တကယ့္ကိုကံထူးစြာနဲ႔ပဲ ပထမဆုထိုင္းေငြ ဘတ္ေငြ ၆ သန္း ရရွိမွာ ျဖစ္တယ္လို႔သိရပါတယ္။

သူမဟာ ၿပီးခဲ့တဲ့ အားလပ္ရက္က အဆိုပါရပ္ကြက္ထဲရွိ ဝပ္ဆဝမ္အားလုမ္းေက်ာင္းတိုက္မွာ ဘုရားသြား ဖူးၿပီးေနာက္ ေက်ာင္းဝင္းထဲရွိ ဆီမီးခြက္ေစာင့္ေရႊေရာင္နတ္သမီး ႐ုပ္တုမွာ ထီေပါက္ဂဏန္းေပးဖို႔ အာ႐ုံျပဳေတာင္းဆိုရာမွာ ဝ၂ ဂဏန္းကို ျမင္ရတယ္လို႔ နခြန္းခ်ိဳင္းဆီနယ္ေျမရဲစခန္း တာဝန္က် စခန္းမွူးကို ေျပာျပပါတယ္။အဲဒီေနာက္မွာေတာ့ သူမဟာ ဝ၂ ဂဏန္းနဲ႔ဆုံးတဲ့ ထီတစ္ေစာင္ကို ဝယ္ယူခဲ့တာျဖစ္ၿပီး မေန႔က ထီေပါက္စဥ္တိုက္ၾကည့္ရာမွာေတာ့ သူမဝယ္ယူခဲ့တဲ့ ၃၈၆၆ဝ၂ ဂဏန္းမွာ ပထမဆု ေပါက္ေနတာကိုသိရွိခဲ့ရတာပဲ ျဖစ္ပါတယ္။

သူမဟာ အလြန္ဝမ္းသာေပ်ာ္ရႊင္ၿပီး ခ်က္ခ်င္းဘဲ နခြန္းခ်ိဳင္းဆီရဲစခန္းကို လာေရာက္သတင္းပို႔တာလို႔ ဆိုပါတယ္။သူမဆုေတာင္းခဲ့တဲ့ နတ္သမီး႐ုပ္တုမွာ ဆုေတာင္းရင္း အျခားသူေတြ လည္း ထီေပါက္ခဲ့တာရွိတယ္လို႔ သတင္းေတြၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေၾကာင့္ သူတို႔ေတြစုၿပီး နတ္သမီးကို ျပန္လည္ပူေဇာ္တဲ့အေနနဲ႔ ေရႊ ၂ ဘတ္ (၂ က်ပ္သားနီးပါးရွိ) ဆြဲႀကိဳး ၁ ကုံး၊ ၾကက္ဥ ၃၉၉၉ လုံး၊ ငွက္ေပ်ာသီး ၉၉ ဖီးကို သြားေရာက္ပူေဇာ္ပသခဲ့ၿပီး ေရႊဆြဲႀကိဳးကိုေတာ့ ေက်ာင္းထိုင္ဆရာေတာ္က နတ္သမီးကိုယ္စား လက္ခံသိမ္းဆည္းေပးထားတယ္လို႔ ခ်နယ္လ္ ၈ ထိုင္းတီဗြီ သတင္းမွာ ေဖာ္ျပထားပါတယ္။
သတင္းအရင္းအျမစ္ - DVB

..........................
ထူးဆန်းလှတဲ့ နတ်သမီးရုပ်တုလေးမှာဆုတောင်းမှုအပြီး ထိုင်းထီ ဘတ်ငွေ ၆ သန်းကံထူးသွားခဲ့တဲ့ မြန်မာရွှေပြောင်းလုပ်သမလေး
သြဂုတ် ၁ ရက်က ဖွင့်လှစ်သွားတဲ့ ၂၉ ကြိမ်မြောက် ထိုင်းနိုင်ငံအောင်ဘာလေ ထီဖွင့်ပွဲမှာ နခွန်းပထုန်ခရိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမတစ်ဦးကပထမဆု ကံထူးသွားခဲ့တယ်လို့သိရပါတယ်။သူမကတော့ အသက် ၂၉ နှစ်ရွယ် မဇင်မာဝင်းဖြစ်ပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ နခွန်းချိုင်းဆီမြို့နယ်၊ ခွန်ကယောက်ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးလို့သိရပါတယ်။သူမကတော့ တကယ့်ကိုကံထူးစွာနဲ့ပဲ ပထမဆုထိုင်းငွေ ဘတ်ငွေ ၆ သန်း ရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

သူမဟာ ပြီးခဲ့တဲ့ အားလပ်ရက်က အဆိုပါရပ်ကွက်ထဲရှိ ဝပ်ဆဝမ်အားလုမ်းကျောင်းတိုက်မှာ ဘုရားသွား ဖူးပြီးနောက် ကျောင်းဝင်းထဲရှိ ဆီမီးခွက်စောင့်ရွှေရောင်နတ်သမီး ရုပ်တုမှာ ထီပေါက်ဂဏန်းပေးဖို့ အာရုံပြုတောင်းဆိုရာမှာ ဝ၂ ဂဏန်းကို မြင်ရတယ်လို့ နခွန်းချိုင်းဆီနယ်မြေရဲစခန်း တာဝန်ကျ စခန်းမှူးကို ပြောပြပါတယ်။အဲဒီနောက်မှာတော့ သူမဟာ ဝ၂ ဂဏန်းနဲ့ဆုံးတဲ့ ထီတစ်စောင်ကို ဝယ်ယူခဲ့တာဖြစ်ပြီး မနေ့က ထီပေါက်စဉ်တိုက်ကြည့်ရာမှာတော့ သူမဝယ်ယူခဲ့တဲ့ ၃၈၆၆ဝ၂ ဂဏန်းမှာ ပထမဆု ပေါက်နေတာကိုသိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

သူမဟာ အလွန်ဝမ်းသာပျော်ရွှင်ပြီး ချက်ချင်းဘဲ နခွန်းချိုင်းဆီရဲစခန်းကို လာရောက်သတင်းပို့တာလို့ ဆိုပါတယ်။သူမဆုတောင်းခဲ့တဲ့ နတ်သမီးရုပ်တုမှာ ဆုတောင်းရင်း အခြားသူတွေ လည်း ထီပေါက်ခဲ့တာရှိတယ်လို့ သတင်းတွေကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် သူတို့တွေစုပြီး နတ်သမီးကို ပြန်လည်ပူဇော်တဲ့အနေနဲ့ ရွှေ ၂ ဘတ် (၂ ကျပ်သားနီးပါးရှိ) ဆွဲကြိုး ၁ ကုံး၊ ကြက်ဥ ၃၉၉၉ လုံး၊ ငှက်ပျောသီး ၉၉ ဖီးကို သွားရောက်ပူဇော်ပသခဲ့ပြီး ရွှေဆွဲကြိုးကိုတော့ ကျောင်းထိုင်ဆရာတော်က နတ်သမီးကိုယ်စား လက်ခံသိမ်းဆည်းပေးထားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် - DVB

No comments:

Post a Comment