Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, August 24, 2018

ကံုလံု ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္


ကံုလံု ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္အား သန္႔႐ွင္းေရးလုပ္ရင္း ထူးျခားလ်က္႐ွိေနဆဲ ပံုေတြပါ အမ်ားသူငွာ ဖူးေမွ်ာ္ႏိုင္ရန္ တင္ေပးလိုက္ပါတယ္

ပင္းတယလို႔ ေျပာလိုက္တာနဲ႔ ကံုလံု ဆရာေတာ္ႀကီး ႐ုပ္ကလာပ္ရွိရာလို႔ ဘုရားဖူးအေတာ္မ်ားမ်ား သိၾကပါတယ္။ မွန္ပါတယ္။ ဘဘုန္း ပ်ံလြန္ေတာ္မူတာ ၁၅ ႏွစ္ေတာင္ ျပည့္ပါေတာ့မယ္။ ဘဘုန္း ႐ုပ္ကလာပ္ကို သန္႔ရွင္းေရး မလုပ္ျဖစ္တာလညိး အေတာ္ၾကာပါၿပီ။ ၂၀၁၄ ေလာက္က ကြ်န္ေတာ္ တစ္ခါ သန္႔ရွင္း ေပးခဲ့ဖူးပါတယ္။

ဒီေန႔ေတာ့ ဘဘုန္း ႐ုပ္ကလာပ္ကို မွန္ေခါင္းမွခ် သန္႔ရွင္းေရး လုပ္ခြင့္ရခဲ့ပါတယ္။ ဘဘုန္းရဲ႕ ၁၅ ႏွစ္ၾကာသည္အထိ ၾကည္လင္ေနတဲ့ အသားအေရကို ဓါတ္ပံု႐ိုက္ခြင့္ ရလိုက္ပါတယ္။

႐ုပ္ကလာပ္ေတာ္ကို သန္႔ရွင္းရင္း ထူးျခားတဲ့ကုသိုလ္အတြက္ ပီတိျဖစ္ေနမိပါတယ္။ ဘဘုန္းရဲ႕ ေမတၱာေၾကာင့္ သတၱဝါအားလံုး ၿငိမ္းခ်မ္းၾကပါေစ။ (တစ္ပံုခ်င္း ပံုစာေလးမ်ား ဖတ္ၾကည့္ေပးၾကပါ။)

Source : Than Min Htut’s FB











    Unicode

ကုံလုံ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား သန့်ရှင်းရေးလုပ်ရင်း ထူးခြားလျက်ရှိနေဆဲ ပုံတွေပါ အများသူငှာ ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

ပင်းတယလို့ ပြောလိုက်တာနဲ့ ကုံလုံ ဆရာတော်ကြီး ရုပ်ကလာပ်ရှိရာလို့ ဘုရားဖူးအတော်များများ သိကြပါတယ်။ မှန်ပါတယ်။ ဘဘုန်း ပျံလွန်တော်မူတာ ၁၅ နှစ်တောင် ပြည့်ပါတော့မယ်။ ဘဘုန်း ရုပ်ကလာပ်ကို သန့်ရှင်းရေး မလုပ်ဖြစ်တာလညိး အတော်ကြာပါပြီ။ ၂၀၁၄ လောက်က ကျွန်တော် တစ်ခါ သန့်ရှင်း ပေးခဲ့ဖူးပါတယ်။

ဒီနေ့တော့ ဘဘုန်း ရုပ်ကလာပ်ကို မှန်ခေါင်းမှချ သန့်ရှင်းရေး လုပ်ခွင့်ရခဲ့ပါတယ်။ ဘဘုန်းရဲ့ ၁၅ နှစ်ကြာသည်အထိ ကြည်လင်နေတဲ့ အသားအရေကို ဓါတ်ပုံရိုက်ခွင့် ရလိုက်ပါတယ်။

ရုပ်ကလာပ်တော်ကို သန့်ရှင်းရင်း ထူးခြားတဲ့ကုသိုလ်အတွက် ပီတိဖြစ်နေမိပါတယ်။ ဘဘုန်းရဲ့ မေတ္တာကြောင့် သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ။ (တစ်ပုံချင်း ပုံစာလေးများ ဖတ်ကြည့်ပေးကြပါ။)

Source : Than Min Htut’s FB

No comments:

Post a Comment