Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 12, 2018

''ရင်ကြားစေ့ ဒီမိုကရေစီ''(နိုင်မြန်မာ)


''အမြီး''ကျက်တော့
အမြီးကိုစားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့ လူတွေရှိတယ်…

''ခေါင်း''ကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့ လူတွေလည်းရှိတယ်…

''အမြီး''ကျက် ''အမြီး''စား
''ခေါင်း''ကျက် ''ခေါင်း''စားတွေ
ဖောင်းကားပြီး
ကောင်းစားနေတဲ့ အချိန်မှာ……

''အမြီး''ကျက်တုန်းကလည်း အမြီးမစား
''ခေါင်း''ကျက်တုန်းကလည်း ခေါင်းမစားတဲ့လူတွေ
''သူတောင်းစား''…ဖြစ်ကုန်တယ်။

နိုင်မြန်မာ

No comments:

Post a Comment