Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 31, 2018

ခင်ပွန်း ဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သည့် တစ်ချက်ထိုးမင်းသမီး



ကိုကိုခိုင်(ရွှေပြည်သာ)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ် (ဏ/၁၄)ရပ်ကွက် နေအိမ်တစ်အိမ်၌ ဇူလိုင်လ ၃၀ ရက်နေညက အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ည(၁၂) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ဏ/၁၄ရပ်ကွင် ပေါ်ဆန်းမွှေး(၄)လမ်း ပန်းခြံ(၂၁)
အိမ်အမှတ် ၁၀၅၂(ခ) နေအိမ်တွင် လူတစ်ဦး ဓားဒဏ်ရာ
ဖြင့်သေဆုံးနေကြောင်း သတင်းအရ လှော်ကားနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းလင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်မင်းထွေး နှင့်တပ်ဖွဲ့ဝင်များ သက်သေများဖြစ်ကြသော အမှတ်(ဏ/၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလွင် အမှတ်(တ/၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်လွင်တို့မှသွားရောက်စစ်ဆေး
ခဲ့သည်။

သေဆုံးသူမှာ အဆိုပါနေအိမ်တွင် နေထိုင်သူ ဇေယျာလင်း(၃၂)နှစ်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး(၄၇) နှစ်၏ ပြောပြချက်အရ ဒေါ်စိမ့်စိမ့်အေးသည် နေအိမ်အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်နေစဉ် အိမ်ရှေ့တံခါးဖွင့်သံကြားရပြီး ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ ညစဉ်အရက်မူး ပြန်လာပြီး ပြဿနာ ရှာလေ့ရှိသဖြင့် အိပ်ရာမှ ထမကြည့်ဘဲ ဆက်အိပ်နေစဉ် “ဝုန်း”ဟုအသံကြား၍ ထကြည့်ရာ ခင်ပွန်း ဖြစ်သူမှာ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက် ရရှိ၍ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း အပြင်မှာ ရန်ဖြစ်လာ၍ ဓားဖြင့်အထိုးခံရပြီး နေအိမ်အရောက် သေဆုံးသွားကြောင်း ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး မှပြောပြ
သည်။

ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်း အပြင်အား စစ်ဆေး
ရာမှ ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေးအား မသင်္ကာသဖြင့် နေအိမ်နောက်ဖက် မီးဖိုချောင်အား ရှာဖွေရာ
ပန်းကန်စဉ်တွင် ကက်ကြေးပေါ်တွင် ဓားကိုတင်လျှက် သံပြားဖြင့် ဖိထားသော သွေးစွန်း
နေသည့် အရိုးအသွား(၁၁)လက်မ ခန့်ရှိ သက်သေခံဓား
အား သိမ်းဆည်းရမိခဲ့သည်။

အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ အရက်အလွန် အကျွံသောက်စားပြီး အမြဲရန်ရှာလေ့ရှိကြောင်း၊ အခင်းဖြစ်နေ့ ည ၁၁ နာရီအချိန် အရက်မူး၍ နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် ထမင်းစားလိုကြောင်း ပြောဆိုသဖြင့် ၎င်းမှ ထမင်း စားရန်စီစဉ် ပေးခဲ့ပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ ခဏအကြာတွင် ခင်ပွန်းဖြစ်သူမှ ခြေထောက်အား ဆွဲပြီး အမျိုးမျိုးရန်ရှာပြောဆိုမှုများ ပြုလုပ်နေသဖြင့် အရိုးအသွား(၁၁)လက်မခန့်ရှိ သစ်သား ရိုးတပ်စတီးဦးချွန် ဓားဖြင့် ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျွန်တော်ကို ည(၁၁)နာရီထိုးလောက်မှာ
တစ်ရပ်ကွက်တည်းနေ အောင်မေတ္တာလမ်းက ဒေါ်စိမ့်စိမ့်
အေးရဲ့ အမဖြစ်သူ ဒေါ်ဖြိုးက ဖုန်းဆက်အကြောင်းကြား
လာတာပါ ကျွန်တော်က အပိုင်ရာအိမ်မှူးနဲ့အတူ သွားရောက်ခဲ့ပြီး ဆက်လက်ပြီး လှော်ကားနယ်မြေရဲစခန်း
ကိုအကြောင်းကြားခဲ့ပါတယ် သေဆုံးသူဟာ အရက်သေစာ မူးယစ်သောက်စားပြီး အရက်ဆိုင်မှာ
အချိန်ကုန်တဲ့သူပါ သူတို့လင်မယားဆက်ဆံရေးက
အဆင်မပြေမှုတွေ ရှိနေတယ်လို့တော့ သိရပါတယ်
သေဆုံးသူဟာ အိမ်ရှေ့ဧည့်ခန်းမှာ အိပ်ပြီး ဇနီးဖြစ်သူက
နောက်ဘက် အခန်းမှာ အိပ်တာပါ ဒေါ်စိမ့်စိမ့်အေးက
တစ်ချိန်က တက္ကသိုလ်က ကျူတာ ဆရာမလုပ်ခဲ့ဖူးတယ်
လို့သိရတယ် နေအိမ်မှာ (၁၀)တန်းကျောင်းသား တွေကို
စာသင်တာတွေ စာကျက်ဝိုင်းတွေ လိုက်လံစာပြတာတော့
သိရပါတယ်ဟု အမှတ်(ဏ/၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးအောင်ဆန်းလွင်မှ ပြောသည်။
အမှုနှင့်ပတ်သတ်၍ ဒေါ်စိမ့်စိမ့်အေး(၄၇)နှစ် (ဘ)
ဦးစိုးမြင့်အား ဒုရဲအုပ်ကျော်နိုင်ဝင်းမှ တရားလိုပြု၍ တိုင်တန်းရာ လှော်ကားနယ်မြေရဲစခန်းမှ (ပ)၄၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်၍ပြီး အမှုစစ်အဖြစ် စခန်းမှူး ရဲအုပ်သန်းလင်း
မှတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကိုကိုခိုင်(ဗဟိုပြန်ကြားရေးမှူး)
ဥက္ကဌ(ရွှေပြည်သာမြို့နယ်)
MCRA-SH









No comments:

Post a Comment