Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 24, 2018
သင်ဇာဝင့်ကျော် ပုံကို မကြိုက်တဲ့ယောကျာင်္းကတော့ ယောကျာင်္းတစ်ယောက် အနေနဲ့  တစ်ခုခုမှားနေလို့ပဲလို့ ပြောလာတဲ့ ဂျွန်လွင်
#Unicode Version#
သင်ဇာဝင့်ကျော်လို လှတဲ့ မိန်းမတစ်ယောက်သာဖြစ်ခဲ့ရင် သူလိုပြကြမှာပဲ
“ကျွန်တော် ရီချင်တာတစ်ခုက ဆဲနေတဲ့သူတွေထဲမှာ ယောကျာင်္းတွေလည်းပါတယ်။ အဲဒီယောကျာင်္းတွေက သူတို့မကြည့်ချင်ကြဘူးလားဆိုတော့ သူတို့လည်းကြည့်ချင်ကြတယ်။ သူတို့သာ comments တွေမှာ ၀င်မဆဲဘူးဆိုရင် နှာဘူးလို ့အပြောခံရမှာစိုးလို ့ထင်တယ်။ ဒါပေမယ့် အဲ့ပုံကို သူတို့ ဆေ့ထားလေ့ရှိတယ်။ ဒါသူများကိုအပြစ်မပြောပါနဲ့ ဘာလို့လဲဆို ကျတော်ကတော့ သူ့ဘက်ကပြောတာမဟုတ်ဘူးပေါ့နော် သူရှိလို့ သူလှလို့ဝတ်တာလေ”
“ဗမာနိုင်ငံက ခွင့်မပြုဘူးလို့တော့မှန်တယ် ကျတော်တို့တိုင်းပြည်မှာ သူ့နေရာဒေသနဲ့လိုက်ပြီး ဝတ်စားတတ်ဖို့လည်းလိုပါတယ်။ ဥပမာ ညပွဲတက်တယ်။ Evening Gown ဝတ်တယ် နည်းနည်းပါးပါးဖော်တယ် လက်ခံလို့ရတယ်။ ဒါပေမယ့် ရွှေတိဂုံဘုရားပေါ်တက်တယ် ဆိုရင်တော့ ဒီအမျိုးသမီးကတော်တော်ရိုင်းတယ်လို့ သတ်မှတ်တယ်။”
“ရွှေမှုံရတီ ရေကူးကန်ထဲမှာရေကူးဝတ်စုံဝတ်တယ် လူတွေကြည့်ကြတာမှ အကြီးအကျယ် အကုန်လုံးကြိုက်ကြတယ်။ အကုန်လုံးဝတ်ကြတယ်။ ယောက်ကျားမှန်ရင် ဒီမိန်းမရဲ့ အလှကိုကြည့်ကြတယ်။ ဒါပေမယ့် အောက်မှာ မနာလိုတဲ့ ယောက်ကျားတချို့က ဆဲတယ် တချို့မိန်းမတွေလည်း ဆဲတယ် ဘာလို့လဲဆို သူတို့ ခန္ဓာကိုယ်ကြီးကိုကြည့်ရင် သူတို့လည်း မလှဘူးဆိုတာ သူတို့သိတယ်လေ သိတဲ့အတွက်ကြောင့် သူတို့ ဒီလိုတောင်ချွတ်မပြရဲဘူး ဒါပေမယ့် လှတဲ့အတွက်ကြောင့် နိုင်ငံခြားမှာဆိုရင် သူတို့ရဲ့ အလှတရားကိုဖော်ကျူးတယ်လို့ခေါ်တယ်ပေါ့နော်။ ဒါပေမယ့်လည်း အရမ်းကြီးအလွန်အကျွံကြီးကတော့ မလုပ်သင့်ဘူးလို့ထင်တယ် အရမ်းကြီးဖော်ထွက်တာမျိုးပေါ့နော်”
“ကျတော်အနေနဲ့ကတော့ ပြောချင်တာက သူလှလို့သူပြတာလေ သူ့အနေနဲ့ သူမလှရင်ပြမှာမဟုတ်ဘူး ဗိုက်ခေါက်ကြီးဒီလောက်ကြီးပူနေတာကြီးကို သိတယ်မလား တချို့ရုပ်ရှင်သရုပ်ဆောင် ဝဝကြီးတွေလိုဆိုသိတယ်မလား အဲ့လိုဆိုသူတို့ဖော်မှာမဟုတ်ဘူးလေ ဖော်လို့မရလို့ မပေါ်တာ လူတိုင်းကလှရင်တော့ ကြွားချင်မှာပဲ ဒါကတော့ လူတိုင်းရဲ့ သဘာဝပဲ။”
“သင်ဇာဝင့်ကျော် ပုံကိုမကြိုက်တဲ့ယောကျာင်္းကတော့ ယောကျာင်္းတစ်ယောက်အနေနဲ ့တစ်ခုခုမှားနေလို့ပဲဖြစ်မယ်”
Photos-John Lwin & Myanmar Celebrity
Credit: Eleven Broadcasting & We Love Cele
No comments:
Post a Comment