Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 26, 2018

ေက်ာက္လိွဳင္ဂူထဲ၀င္သြားသူေတြရဲ ့ေျပာစကား

 ေပ်ာက္ဆံုးကေလးေတြရဲ ့ေနာက္ထပ္ေက်ာပိုးအိပ္ေလးေတြ ႀကိဳးေလးေတြ ဖုန္းေလးေတြ ကိုထပ္ေတြ ့တယ္လို ့ဆိုပါတယ္ တခ်ိ ု့ကေက်ာက္နံရံမွာ သူတို့နံမည္ေလးေတြနဲ့ သူတို ့ဘယ္လမ္းကိုသြားသလဲဆုိတာေတြကိုေရးျခစ္ထားခဲ့တယ္လုိ့ဆုိပါတယ္ ။

အဲဒီထဲကုိ၀င္သြားသူေတြဟာ မီးေတြထြန္းသြားတာေတာင္မွ အေတာ္ကိုေမွာင္မဲေနတယ္လို့ဆိုပါတယ္ အထဲမွာတဦးနဲ့တဦးျမင္ရဖုိ ့လည္းခက္တယ္တဲ့ ။ ပုိဆုိးတာက အရမ္းေအးေနတယ္ မီးေရာင္ေတြေအာက္မွာ ေဆာင္းတြင္းေတြမွာေတြ ့ရတတ္တဲ့ ေအးတဲ့အေငြ ့အသက္ေတြကို ေတြ ့ရတယ္လုိ့ဆိုတယ္ ပါးစပ္ကေလမွုတ္ထုတ္တဲ့အခါတုိင္းအေငြ ့ေလးေတြ ထြက္လာတယ္ေပါ့။

ကေလးေတြက အေႏြးထည္ေတြလည္းမပါသြားေတာ့ အေတာ္ကိုေတာ့ခ်မ္းေနရွာမွာပါပဲ ။

ထုိင္းေရတပ္ စစ္တပ္ေတြကေတာ့ ဟယ္လီေကာ္ပတာနဲ့အဲဒီ ဂူအေပၚကေန ပ်ံသန္းႀကည့္တဲ့အခါမွာ အေပါက္တခုကိုေတြ ့တယ္လုိ ့ဆုိပါတယ္ အဲဒီ အေပါက္ကေနအစားအစာနဲ့ ေရေတြကို ႀကိဳးနဲ့ခ်ေပးေနပါတယ္ ကေလးေတြဆီကုိေတာ့ ေရာက္မေရာက္မသိႏိုင္ပါဘူး ျပီးေတာ့ စာေတြလည္းေရးထားတယ္ ကယ္ဆယ္ေရးေတြ ေရာက္ေနျပီ ေရာက္တဲ့ေနရာကေန ေရွ့ဆက္မသြားဖို့ဆုိတာေတြ ပါတယ္ ဒါေပမဲ့ေမွာင္မဲေနတယ္ဆုိေတာ့ ကေလးေတြက အဲဒီစာေတြေကာ အစားအေသာက္ေတြေကာ ေတြ ့ခ်င္မွလည္းေတြ ့မွာေလ။

ကယ္ဆယ္ေရးလုပ္ေနတဲ့ ေရတပ္သားေတြက သံပုိက္လံုးေတြဆက္ဆက္ျပိး လက္ဆင့္ကမ္းရင္းေရွွ့ကို တိုးတုိးျပိီးသြားေနပါတယ္ ေရေတြကိုလည္းျဖတ္ျပိီးသြားရတာမို ့သံပိုက္လံုးေတြကုိ ကေလးေတြ ကုိင္မိရင္ တခါတည္းဆဲြေခၚႏုိင္ေအာင္ စီစဥ္ထားႀကတာပါ သူတုိ ့အထဲ၀င္သြားသူေတြကေတာ့ အထဲမွာသိတ္ေအးတယ္လို့ေျပာႀကပါတယ္။

ေနာက္ အျပင္မွာက်န္ခဲ့တဲ့စစ္သားတခ်ိဳကေတာ့ ေရလမ္းေတြကိုေဖာက္ေနတယ္ ဂူထဲကို ေရေတြထပ္မ၀င္ေအာင္ လုပ္ေနတယ္လို့ဆုိပါတယ္ ။ အဲဒီဂူက ၈Rai ေပ ၃၂၀၀ေလာက္က်ယ္သလို ့အတြင္းကိုေရာက္ျပိးရင္ အဲဒီ ေနရာတ၀ိုက္ကေတာ့ 5000 Rai ေလာက္ရွိေနေတာ့ ကေလးေတြ အေပါက္ရွာရင္းနဲ့ေတာႀကီး မ်က္မဲထဲကို ေရာက္သြားမွာလည္းစိုး၇ိမ္ရတယ္လို့လည္း ဆုိႀကပါတယ္ ။ အဲဒီေနရာကေန ျမန္မာျပည္ဘက္က ေတာင္ေႀကာေတြ ဂူေတြနဲ့လည္းဆက္စပ္ေနတယ္လုိ့လည္းေျပာႀကပါတယ္ ။

ေရာက္တဲ့ေနရာကေနဆက္မသြားဖို့ ေတာ့ေမ်ွာ္လင့္ေနႀကပါတယ္ ။အထဲမွာကေလးေတြတအားခ်မ္းေနမွာျဖစ္တဲ့အတြက္ ခံႏိုင္ရည္ရွိႏုိင္မရွိႏုိင္ ဆရာ၀န္ေတြကသံုးသပ္ႀကည့္ေနႀကပါတယ္ ဆရာ၀န္ေတြရဲ ့သံုးသပ္ခ်က္အရအဲဒီထဲမွာ ရွိတဲ့ေရေတြေတာ့ေသာက္ႏုိင္တာမို့ အနည္းဆံုး ၃ရက္ကေန ၁၀ရက္ေလာက္ထိေတာ့ ခံႏုိင္ရည္ရွိႏိုင္မယ္လို့ဆိုပါတယ္ ဒါေပမဲ့ခံႏုိင္ရည္မရွိတဲ့ ကေလးေတြကေတာ့ ဒီရက္ေလာက္ဆုိ ေမ့ေမ်ာတာမ်ိဳး အားမရွိတာေတြလည္းျဖစ္ႏုိင္တယ္လို ့ဆုိပါတယ္ ။

ပို့ဆုိးတာကေတာ့ အားကစားအက်ီ္္ီေလးေတြပဲ၀တ္ထားတာမို ့သူတို့ တအားခ်မ္းေနႀကမွာပါပဲ။ အသက္ (၁၁)ႏွစ္ကေနအသက္(၁၇)ႏွစ္သာရွိႀကတဲ့ကေလးေတြ အေအးဒဏ္ေတြကို ခံနုိင္ရည္ရွိပါ့မလားပဲ ။

အျပင္က မိဘေတြကေတာ့ပူပင္ေသာကေတြနဲ့ေစာင့္ေမွ်ာ္ေနရင္း ငိုယုိဆုေတာင္းေနရံုမွ တပါး !!!

ကေလးေတြကို အသက္ရွင္လ်က္နဲ့ အျမန္ဆံုးရွာေဖြေတြ ့ပါေစလို ့ပဲဆုေတာင္းေနမိေတာ့တာပါပဲ !!!!
 Aye Aye Mar
# Unicode Version ျဖင့္ ဖတ္ပါ #
ပျောက်ဆုံးကလေးတွေရဲ့နောက်ထပ်ကျောပိုးအိပ်လေးတွေ ကြိုးလေးတွေ ဖုန်းလေးတွေ ကိုထပ်တွေ့တယ်လို့ဆိုပါတယ် တချိ ု့ကကျောက်နံရံမှာ သူတို့နံမည်လေးတွေနဲ့ သူတို့ဘယ်လမ်းကိုသွားသလဲဆိုတာတွေကိုရေးခြစ်ထားခဲ့တယ်လို့ဆိုပါတယ် ။

အဲဒီထဲကိုဝင်သွားသူတွေဟာ မီးတွေထွန်းသွားတာတောင်မှ အတော်ကိုမှောင်မဲနေတယ်လို့ဆိုပါတယ် အထဲမှာတဦးနဲ့တဦးမြင်ရဖို့လည်းခက်တယ်တဲ့ ။ ပိုဆိုးတာက အရမ်းအေးနေတယ် မီးရောင်တွေအောက်မှာ ဆောင်းတွင်းတွေမှာတွေ့ရတတ်တဲ့ အေးတဲ့အငွေ့အသက်တွေကို တွေ့ရတယ်လို့ဆိုတယ် ပါးစပ်ကလေမှုတ်ထုတ်တဲ့အခါတိုင်းအငွေ့လေးတွေ ထွက်လာတယ်ပေါ့။

ကလေးတွေက အနွေးထည်တွေလည်းမပါသွားတော့ အတော်ကိုတော့ချမ်းနေရှာမှာပါပဲ ။

ထိုင်းရေတပ် စစ်တပ်တွေကတော့ ဟယ်လီကော်ပတာနဲ့အဲဒီ ဂူအပေါ်ကနေ ပျံသန်းကြည့်တဲ့အခါမှာ အပေါက်တခုကိုတွေ့တယ်လို့ဆိုပါတယ် အဲဒီ အပေါက်ကနေအစားအစာနဲ့ ရေတွေကို ကြိုးနဲ့ချပေးနေပါတယ် ကလေးတွေဆီကိုတော့ ရောက်မရောက်မသိနိုင်ပါဘူး ပြီးတော့ စာတွေလည်းရေးထားတယ် ကယ်ဆယ်ရေးတွေ ရောက်နေပြီ ရောက်တဲ့နေရာကနေ ရှေ့ဆက်မသွားဖို့ဆိုတာတွေ ပါတယ် ဒါပေမဲ့မှောင်မဲနေတယ်ဆိုတော့ ကလေးတွေက အဲဒီစာတွေကော အစားအသောက်တွေကော တွေ့ချင်မှလည်းတွေ့မှာလေ။

ကယ်ဆယ်ရေးလုပ်နေတဲ့ ရေတပ်သားတွေက သံပိုက်လုံးတွေဆက်ဆက်ပြိး လက်ဆင့်ကမ်းရင်းရှေ့ကို တိုးတိုးပြီးသွားနေပါတယ် ရေတွေကိုလည်းဖြတ်ပြီးသွားရတာမို့သံပိုက်လုံးတွေကို ကလေးတွေ ကိုင်မိရင် တခါတည်းဆွဲခေါ်နိုင်အောင် စီစဉ်ထားကြတာပါ သူတို့အထဲဝင်သွားသူတွေကတော့ အထဲမှာသိတ်အေးတယ်လို့ပြောကြပါတယ်။

နောက် အပြင်မှာကျန်ခဲ့တဲ့စစ်သားတချိုကတော့ ရေလမ်းတွေကိုဖောက်နေတယ် ဂူထဲကို ရေတွေထပ်မဝင်အောင် လုပ်နေတယ်လို့ဆိုပါတယ် ။ အဲဒီဂူက ၈Rai ပေ ၃၂၀၀လောက်ကျယ်သလို့အတွင်းကိုရောက်ပြိးရင် အဲဒီ နေရာတဝိုက်ကတော့ 5000 Rai လောက်ရှိနေတော့ ကလေးတွေ အပေါက်ရှာရင်းနဲ့တောကြီး မျက်မဲထဲကို ရောက်သွားမှာလည်းစိုးရိမ်ရတယ်လို့လည်း ဆိုကြပါတယ် ။ အဲဒီနေရာကနေ မြန်မာပြည်ဘက်က တောင်ကြောတွေ ဂူတွေနဲ့လည်းဆက်စပ်နေတယ်လို့လည်းပြောကြပါတယ် ။

ရောက်တဲ့နေရာကနေဆက်မသွားဖို့ တော့မျှော်လင့်နေကြပါတယ် ။အထဲမှာကလေးတွေတအားချမ်းနေမှာဖြစ်တဲ့အတွက် ခံနိုင်ရည်ရှိနိုင်မရှိနိုင် ဆရာဝန်တွေကသုံးသပ်ကြည့်နေကြပါတယ် ဆရာဝန်တွေရဲ့သုံးသပ်ချက်အရအဲဒီထဲမှာ ရှိတဲ့ရေတွေတော့သောက်နိုင်တာမို့ အနည်းဆုံး ၃ရက်ကနေ ၁၀ရက်လောက်ထိတော့ ခံနိုင်ရည်ရှိနိုင်မယ်လို့ဆိုပါတယ် ဒါပေမဲ့ခံနိုင်ရည်မရှိတဲ့ ကလေးတွေကတော့ ဒီရက်လောက်ဆို မေ့မျောတာမျိုး အားမရှိတာတွေလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ် ။

ပို့ဆိုးတာကတော့ အားကစားအကျီ်ီလေးတွေပဲဝတ်ထားတာမို့သူတို့ တအားချမ်းနေကြမှာပါပဲ။ အသက် (၁၁)နှစ်ကနေအသက်(၁၇)နှစ်သာရှိကြတဲ့ကလေးတွေ အအေးဒဏ်တွေကို ခံနိုင်ရည်ရှိပါ့မလားပဲ ။

အပြင်က မိဘတွေကတော့ပူပင်သောကတွေနဲ့စောင့်မျှော်နေရင်း ငိုယိုဆုတောင်းနေရုံမှ တပါး !!!

ကလေးတွေကို အသက်ရှင်လျက်နဲ့ အမြန်ဆုံးရှာဖွေတွေ့ပါစေလို့ပဲဆုတောင်းနေမိတော့တာပါပဲ !!!!
 Aye Aye Mar

No comments:

Post a Comment