Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 20, 2018

ေမ တၱာ စုန္ ေရ ႏွင့္ ကု သုိလ္ ဆန္ ေရ

မိဘ ႏွင့္ သားသမီး ၾကားမွာ ေျပာစမွတ္ စကား ရွိပါတယ္ ။
" စုန္ေရသာ ရွိတယ္ ၊ ဆန္ေရ မရွိဘူး " ဆုိတာပါပ ဲ ။
ေရဆုိတာ ျမင့္ရာကသာ နိမ့္ရာကုိ စီးဆင္းၿမဲ သဘာဝရွိပါတယ္ ။ အျမင့္ကုိ ဆန္တက္ရုိး မရွိပါဘူး ။
မိဘေမတၱာကုိ စုန္ေရလုိ႔သတ္မွတ္တာဟာ နက္ရႈိင္းမႈ အတုိင္းအဆရဲ႕အဓိပၸာယ္ စံျပဳညႊန္းဖြဲ႕ထားတာျဖစ္လုိ႔ ေျပာစရာမရွိပါဘူး ။
ဒါေပမယ့္ သားသမီးေတြ အားလုံးကုိ ဆန္ေရလုိ႔ သတ္မွတ္တာကုိေတာ့ စဥ္းစားဖုိ႔လုိပါတယ္ ။

ေရရဲ႕သဘာဝ အျမင့္ကုိ ဆန္မတက္ႏုိင္ေပမယ့္ ၊ သားသမီးေတြကေတာ့ မိဘေတြအတြက္ ျပဳစုေကြၽးေမြး ေစာင့္ေရွာက္ကူညီ
ေပးႏုိင္တာမုိ႔ ျပန္မတက္ႏုိင္တဲ့ ဆန္ေရလုိ႔ သတ္မွတ္မယ္ဆုိရင္ သဘာဝမက်ပါဘူး ။
မိဘေတြကလည္း ေျပာတတ္ပါတယ္ " သူတုိ႔အဆင္ေျပရင္ ၿပီးေရာ ၊ သူတုိ႔ေကာင္းစားရင္ ေတာ္ပါၿပီ ၊ ကုိယ့္အဖုိ႔ေတာ့
သူတုိ႔ဆီက ဘာမွ မေမွ်ာ္လင့္ပါဘူး " လုိ႔ ဆုိတာပါပဲ ။
ဒီသေဘာက သားသမီးဆီက ေမွ်ာ္လင့္ခဲ့ရင္ စိတ္မွာ မသုိးမသန္႔ နဲ႔ အျပစ္ရွိသလုိ ခံစားရတဲ့ အဓိပၸာယ္ သက္ေရာက္ေနပါတယ္ ။
ဒီလုိ မယူဆသင့္ပါဘူး ၊ ေလာက နိယာမ မွာ အစုန္ရွိရင္ အဆန္ဆုိတာ ရွိစၿမဲပါ ၊ အသြားရွိရင္ အျပန္ ရွိရမွာပါ ။ ဒီလုိ စုန္၊ ဆန္၊ ျပန္၊ သြား
နိယာမ တရားေတြအတုိင္း သားသမီးတုိ႔ထံက အဆန္ကုိပဲ ျဖစ္ျဖစ္ ၊ အျပန္ကုိပဲ ျဖစ္ျဖစ္ ၊ မိဘရဲ႕ ေမတၱာကုိ ျပန္လည္ေပးဆပ္ခြင့္
ျပဳၾကရမွာပါ ။ ဒါမွ သူတုိ႔အတြက္ ဝတၱရားလည္းေက် ၊ ကုသုိလ္လည္းရၿပီး ၊ အစဥ္အဆက္ ေကာင္းျမတ္တဲ့ ယဥ္ေက်းမႈ ဓေလ့ကုိ
ေစာင့္ေရွာက္ ထိန္းသိမ္း ႏုိင္ခြင့္ ရၾကမွာပါ ။
လူအုိ ေျခက် ထူမွ ထႏုိင္ေတာ့မယ့္ အမိအဖတုိ႔ရဲ႕ ဆည္းဆာဘဝမွာ သားသမီးေတြရဲ႕ ေႏြးေထြးတဲ့ ယုယ တုန္႔ျပန္မႈကုိ အမွန္လုိအပ္ပါတယ္ ။
ျမန္မာ ဗုဒၶဘာသာဝင္မ်ားအတြက္ မိဘ ဝတၱရား ၊ သားသမီး ဝတၱရား ဆုိတာေတြက ေရွးကပင္ ကုိယ္စီ သတ္မွတ္ထားၿပီး ျဖစ္ပါတယ္ ။
မိမိတုိ႔ရဲ႕ သတ္မွတ္ထားတဲ့ က်ရာတာဝန္ကုိ ေက်ပြန္ၾကဖုိ႔က မိဘေရာ ၊ သားသမီးေရာ မျဖစ္မေန ေဆာင္႐ြက္ၾကရမွာပါ ။
မိဘတုိ႔မွာ သားသမီးတုိ႔ဆီက " ေမွ်ာ္လင့္ျခင္း ငါးပါး " ထားရေၾကာင္းကုိ ဘုရားရွင္ကုိယ္ေတာ္တုိင္ ေဟာၾကားထားခဲ့ပါတယ္ ။
ေပးဆပ္ေကာင္းတာကုိ ေပးဆပ္ခဲ့ၿပီး ၊ ေမွ်ာ္လင့္ေကာင္းတာကုိ ေမွ်ာ္လင့္တာဟာ ကုိယ္စုိက္တဲ့အတုိင္း ကုိယ္ရိတ္သိ္မ္းတာပါပဲ ။
စုိက္ခဲ့တဲ့ အလုပ္ဂုဏ္ အတြက္ ကုိယ့္ဘက္က သိကၡာရွိၿပီးသားမုိ႔ ခန္႔ခန္႔ညားညား လိပ္ျပာသန္႔သန္႔ နဲ႔ အပူေဇာ္ခံထုိက္သူအျဖစ္
ရဲရဲႀကီး ခံယူသင့္ပါတယ္ ။
မဂၤလာ သုတ္ေတာ္မွာလည္း " မာတာပိတု ဥပ႒ာနံ ၊ ပုတၱ ဒါရႆ သဂၤေဟာ " လုိ႔ ေဟာမိန္႔ညႊန္ျပထားပါတယ္ ။
" အမိအဖ တုိ႔ကုိ လုပ္ေကြၽးေမြးျမဴျခင္း ၊ ဇနီးမယား သမီးသား တုိ႔ကို ခ်ီးေျမႇာက္ေထာက္ပံ့ျခင္း " တုိ႔ဟာ မဂၤလာ မည္ပါသတဲ့ ။
ဒါေၾကာင့္ မိဘ နဲ႔ သားသမီးၾကားမွာ ဂုဏ္ေတြ မာန္ေတြထား ၊ စုန္ေရ ဆန္ေရျခား ေနသမွ် မဂၤလာတရားနဲ႔ ဆန္႔က်င္ေနပါလိမ့္မယ္ ။
သဘာဝတရားအေနျဖင့္ အစုန္ထီးတည္း ၊ အဆန္ခ်ည္း ႏွင့္ ခရီး မမည္ႏုိင္သလုိ ၊ အဆန္ထီးတည္း ၊ အစုန္ခ်ည္း ႏွင့္လည္း ခရီးမဆုိႏုိင္ပါ ။
စုန္စရာ ရွိသူက စုန္ ၊ ဆန္စရာ ရွိသူက ဆန္ ၊ ျပန္စရာ ရွိသူက ျပန္ ၊ သြားစရာ ရွိသူက သြား ၾကရုံပါပဲ ။ ဒါဆုိ မဂၤလာတရားကုိလည္း
က်င့္သုံးၿပီး ျဖစ္သြားပါလိမ့္မယ္ ။

အခ်ဳိ႕ေသာသူတုိ႔ဟာ ကုသုိလ္ရခ်င္လုိ႔ ဒါနျပဳရန္အတြက္ အလွဴေနရာ ၊ အလွဴခံတုိ႔ကုိ စုံစမ္း ရွာေဖြေနၾကပါတယ္ ။ (ပကာသန အတြက္ မဟုတ္ရင္)
အျမင့္ျမတ္ဆုံး အလွဴခံ ျဖစ္တဲ့ ' မိဘ ႏွစ္ပါး ' မိမိအနီးမွာ ရွိေနတာကုိ သတိမမူမိဘဲ ျဖစ္တတ္ပါတယ္ ။ မိမိမွာ သက္ရွိထင္ရွား မိဘႏွစ္ပါး ရွိေသးတယ္ဆုိရင္
အက်ဳိးႀကီးမားတဲ့ ကုသုိလ္ထူးကုိ ရရွိရန္ လက္လြတ္မခံဘဲ ေန႔စဥ္ မြန္ျမတ္တဲ့ ဒါနအက်ဳိးကုိ မပင္မပန္း ဒါနျပဳ ရယူႏုိင္ၾကပါတယ္ ။
မိဘျဖစ္သူတြကလည္း သားေကာင္း သမီးမြန္တုိ႔ရဲ႕ တုန္႔ျပန္ဆန္တက္တဲ့ ေကာင္းမႈကုသုိလ္ကုိ မ်က္ႏွာမလႊဲဘဲ အသိအမွတ္ျပဳလက္ခံယူျခင္းျဖင့္
သားသမီးတုိ႔ကုိ ကုသုိလ္အက်ဳိး ျဖစ္ထြန္းေစရန္ စုန္ေရကုိ ဆက္လက္စီးဆင္း ေမတၱာ ေဝမွ်ေပးၾကလွ်င္ မဂၤလာအေပါင္း ခေညာင္းေနမည္ ျဖစ္ပါေၾကာင္း ။ ။
ဓမၼနဒီ

#Unicode Version#

မိဘ နှင့် သားသမီး ကြားမှာ ပြောစမှတ် စကား ရှိပါတယ် ။
" စုန်ရေသာ ရှိတယ် ၊ ဆန်ရေ မရှိဘူး " ဆိုတာပါပ ဲ ။
ရေဆိုတာ မြင့်ရာကသာ နိမ့်ရာကို စီးဆင်းမြဲ သဘာဝရှိပါတယ် ။ အမြင့်ကို ဆန်တက်ရိုး မရှိပါဘူး ။
မိဘမေတ္တာကို စုန်ရေလို့သတ်မှတ်တာဟာ နက်ရှိုင်းမှု အတိုင်းအဆရဲ့အဓိပ္ပာယ် စံပြုညွှန်းဖွဲ့ထားတာဖြစ်လို့ ပြောစရာမရှိပါဘူး ။
ဒါပေမယ့် သားသမီးတွေ အားလုံးကို ဆန်ရေလို့ သတ်မှတ်တာကိုတော့ စဉ်းစားဖို့လိုပါတယ် ။

ရေရဲ့သဘာဝ အမြင့်ကို ဆန်မတက်နိုင်ပေမယ့် ၊ သားသမီးတွေကတော့ မိဘတွေအတွက် ပြုစုကျွေးမွေး စောင့်ရှောက်ကူညီ
ပေးနိုင်တာမို့ ပြန်မတက်နိုင်တဲ့ ဆန်ရေလို့ သတ်မှတ်မယ်ဆိုရင် သဘာဝမကျပါဘူး ။
မိဘတွေကလည်း ပြောတတ်ပါတယ် " သူတို့အဆင်ပြေရင် ပြီးရော ၊ သူတို့ကောင်းစားရင် တော်ပါပြီ ၊ ကိုယ့်အဖို့တော့
သူတို့ဆီက ဘာမှ မမျှော်လင့်ပါဘူး " လို့ ဆိုတာပါပဲ ။
ဒီသဘောက သားသမီးဆီက မျှော်လင့်ခဲ့ရင် စိတ်မှာ မသိုးမသန့် နဲ့ အပြစ်ရှိသလို ခံစားရတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ် ။
ဒီလို မယူဆသင့်ပါဘူး ၊ လောက နိယာမ မှာ အစုန်ရှိရင် အဆန်ဆိုတာ ရှိစမြဲပါ ၊ အသွားရှိရင် အပြန် ရှိရမှာပါ ။ ဒီလို စုန်၊ ဆန်၊ ပြန်၊ သွား
နိယာမ တရားတွေအတိုင်း သားသမီးတို့ထံက အဆန်ကိုပဲ ဖြစ်ဖြစ် ၊ အပြန်ကိုပဲ ဖြစ်ဖြစ် ၊ မိဘရဲ့ မေတ္တာကို ပြန်လည်ပေးဆပ်ခွင့်
ပြုကြရမှာပါ ။ ဒါမှ သူတို့အတွက် ဝတ္တရားလည်းကျေ ၊ ကုသိုလ်လည်းရပြီး ၊ အစဉ်အဆက် ကောင်းမြတ်တဲ့ ယဉ်ကျေးမှု ဓလေ့ကို
စောင့်ရှောက် ထိန်းသိမ်း နိုင်ခွင့် ရကြမှာပါ ။
လူအို ခြေကျ ထူမှ ထနိုင်တော့မယ့် အမိအဖတို့ရဲ့ ဆည်းဆာဘဝမှာ သားသမီးတွေရဲ့ နွေးထွေးတဲ့ ယုယ တုန့်ပြန်မှုကို အမှန်လိုအပ်ပါတယ် ။
မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် မိဘ ဝတ္တရား ၊ သားသမီး ဝတ္တရား ဆိုတာတွေက ရှေးကပင် ကိုယ်စီ သတ်မှတ်ထားပြီး ဖြစ်ပါတယ် ။
မိမိတို့ရဲ့ သတ်မှတ်ထားတဲ့ ကျရာတာဝန်ကို ကျေပွန်ကြဖို့က မိဘရော ၊ သားသမီးရော မဖြစ်မနေ ဆောင်ရွက်ကြရမှာပါ ။
မိဘတို့မှာ သားသမီးတို့ဆီက " မျှော်လင့်ခြင်း ငါးပါး " ထားရကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားခဲ့ပါတယ် ။
ပေးဆပ်ကောင်းတာကို ပေးဆပ်ခဲ့ပြီး ၊ မျှော်လင့်ကောင်းတာကို မျှော်လင့်တာဟာ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းတာပါပဲ ။
စိုက်ခဲ့တဲ့ အလုပ်ဂုဏ် အတွက် ကိုယ့်ဘက်က သိက္ခာရှိပြီးသားမို့ ခန့်ခန့်ညားညား လိပ်ပြာသန့်သန့် နဲ့ အပူဇော်ခံထိုက်သူအဖြစ်
ရဲရဲကြီး ခံယူသင့်ပါတယ် ။
မင်္ဂလာ သုတ်တော်မှာလည်း " မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တ ဒါရဿ သင်္ဂဟော " လို့ ဟောမိန့်ညွှန်ပြထားပါတယ် ။
" အမိအဖ တို့ကို လုပ်ကျွေးမွေးမြူခြင်း ၊ ဇနီးမယား သမီးသား တို့ကို ချီးမြှောက်ထောက်ပံ့ခြင်း " တို့ဟာ မင်္ဂလာ မည်ပါသတဲ့ ။
ဒါကြောင့် မိဘ နဲ့ သားသမီးကြားမှာ ဂုဏ်တွေ မာန်တွေထား ၊ စုန်ရေ ဆန်ရေခြား နေသမျှ မင်္ဂလာတရားနဲ့ ဆန့်ကျင်နေပါလိမ့်မယ် ။
သဘာဝတရားအနေဖြင့် အစုန်ထီးတည်း ၊ အဆန်ချည်း နှင့် ခရီး မမည်နိုင်သလို ၊ အဆန်ထီးတည်း ၊ အစုန်ချည်း နှင့်လည်း ခရီးမဆိုနိုင်ပါ ။
စုန်စရာ ရှိသူက စုန် ၊ ဆန်စရာ ရှိသူက ဆန် ၊ ပြန်စရာ ရှိသူက ပြန် ၊ သွားစရာ ရှိသူက သွား ကြရုံပါပဲ ။ ဒါဆို မင်္ဂလာတရားကိုလည်း
ကျင့်သုံးပြီး ဖြစ်သွားပါလိမ့်မယ် ။

အချို့သောသူတို့ဟာ ကုသိုလ်ရချင်လို့ ဒါနပြုရန်အတွက် အလှူနေရာ ၊ အလှူခံတို့ကို စုံစမ်း ရှာဖွေနေကြပါတယ် ။ (ပကာသန အတွက် မဟုတ်ရင်)
အမြင့်မြတ်ဆုံး အလှူခံ ဖြစ်တဲ့ ' မိဘ နှစ်ပါး ' မိမိအနီးမှာ ရှိနေတာကို သတိမမူမိဘဲ ဖြစ်တတ်ပါတယ် ။ မိမိမှာ သက်ရှိထင်ရှား မိဘနှစ်ပါး ရှိသေးတယ်ဆိုရင်
အကျိုးကြီးမားတဲ့ ကုသိုလ်ထူးကို ရရှိရန် လက်လွတ်မခံဘဲ နေ့စဉ် မွန်မြတ်တဲ့ ဒါနအကျိုးကို မပင်မပန်း ဒါနပြု ရယူနိုင်ကြပါတယ် ။
မိဘဖြစ်သူတွကလည်း သားကောင်း သမီးမွန်တို့ရဲ့ တုန့်ပြန်ဆန်တက်တဲ့ ကောင်းမှုကုသိုလ်ကို မျက်နှာမလွှဲဘဲ အသိအမှတ်ပြုလက်ခံယူခြင်းဖြင့်
သားသမီးတို့ကို ကုသိုလ်အကျိုး ဖြစ်ထွန်းစေရန် စုန်ရေကို ဆက်လက်စီးဆင်း မေတ္တာ ဝေမျှပေးကြလျှင် မင်္ဂလာအပေါင်း ခညောင်းနေမည် ဖြစ်ပါကြောင်း ။ ။

ဓမ္မနဒီ

No comments:

Post a Comment