Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 2, 2018

၅ႏွစ္သားနဲ႔ ျမန္မာတျပည္လုံး ဟိုးေလးေက်ာ္ခဲ့သူ


လြန္ခဲ့ေသာ ႏွစ္ေပါင္း ၉ဝ-ေက်ာ္ခန႔္က ျမန္မာ ဗုဒၶဘာသာ ေလာက ၌ ထူးျခားေသာ သူငယ္ကေလးတဦး ေပၚေပါက္ခဲ့ဖူးသည္။သူသည္ ဓမၼကထိက ေမာင္ထြန္းႀကိဳင္ ေခၚ ပိဋကတ္ ေမာင္ထြန္းႀကိဳင္ ျဖစ္သည္ အသက္ ၅-ႏွစ္ခန႔္ အ႐ြယ္မွ်ႏွင့္ပင္ လူထုပရိသတ္ ေရွ႕ေမာက္၌ တရားေဟာေျပာႏိုင္သည္။

သူေဟာေသာ တရား မွာလည္း အလြန္ နက္နဲသိမ္ေမြ႕ေသာ ဗုဒၶတရားေတာ္ ျဖစ္သည္။

“ေလး အသေခ်ၤႏွင့္ ကမာၻတသိန္း၊ ရွစ္ အသခ်ၤႏွင့္ ကမာၻတသိန္း၊ တစ္ဆယ့္ေျခာက္ အသခ်ၤႏွင့္ ကမာၻတသိန္းတိုင္တိုင္ ပါရမီျဖည့္မွ ရ၍၊ သဗၺညဳတ ေ႐ႊဉာဏ္ေတာ္ျဖင့္ ေဟာၾကားေတာ္ မူအပ္ေသာ တရားေတာ္ကို ႐ို႐ိုေသေသ နာၾကပါခင္ဗ်ား။

ကြၽန္ေတာ္ ေမာင္ထြန္းႀကိဳင္ ကေလး ကို မ႐ိုေသၾကပါႏွင့္ ခင္ဗ်ား’ဟူ၍ အစခ်ီကာ ေဟာေျပာသည္။

ေဟာေျပာရာ၌ ဒုစ႐ိုက္ ၁ဝ-ပါး၊ ပုညႀကိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒြတၱႎသ ၃၂-ပါး၊ ခႏၶာ ၅-ပါး၊ ေဗာဓိပကၡိယတရား ၃၇-ပါး၊ သမၼပၸဓာန္ ၄-ပါး၊ ဣဒၶိပါဒ္ ၄-ပါး၊ ဣေျႏၵ ၅-ပါး၊ ဗိုလ္ ၅-ပါး ေဗာဇၩင္ ၇-ပါး၊ မဂၢင္ ၈-ပါး၊ လကၡဏေရး ၃-ပါး၊ အပါယ္ ၄-ပါး၊ ေစတီ ၄-ပါး၊ ဂုဏ္ေတာ္ ၉-ပါး စသည္တို႔ကို ပါဠိဘာသာႏွင့္တကြ ျမန္မာလို အနက္ျပန္၍ ရွင္းလင္းေဟာေျပာသည္။

ခက္ခဲနက္ နဲ ေသာ အဘိဓမၼာတရားကိုလည္း ရွင္းလင္း ေဟာေျပာသည္။ထို႔ျပင္ ပဋိစၥသမုပၸါဒ္ တရားေတာ္ကိုလည္း ရွင္းလင္း ေဟာျပသည္။

“အဝိဇၨာခ်ဳပ္လွ်င္ သခၤါရခ်ဳပ္ပါသည္။ သခၤါရခ်ဳပ္ လွ်င္ ဝိညာဥ္ခ်ဳပ္သည္။ ဝိညာဥ္ခ်ဳပ္လွ်င္ နာမ္႐ုပ္ ခ်ဳပ္သည္။ နာမ္႐ုပ္ ခ်ဳပ္လွ်င္ သဠာယတနခ်ဳပ္သည္။ သဠာယတနခ်ဳပ္လွ်င္ ဖႆခ်ဳပ္သည္။

ဖႆခ်ဳပ္လွ်င္ ေဝဒနာခ်ဳပ္သည္။ ေဝဒနာခ်ဳပ္လွ်င္ တဏွာခ်ဳပ္သည္။ တဏွာခ်ဳပ္လွ်င္ ဥပါဒါန္ခ်ဳပ္သည္။ ဥပါဒါန္ ခ်ဳပ္လွ်င္ ဘဝခ်ဳပ္သည္။

ဘဝ ခ်ဳပ္လွ်င္ ဇာတိခ်ဳပ္သည္။ ဇာတိခ်ဳပ္လွ်င္ မရဏ၊ ေသာက၊ ပရိေဒဝ၊ ဒုကၡံ၊ ေဒါမနႆ၊ ဥပါယာသခ်ဳပ္ပါသည္ ခင္ဗ်ား’ စသည္ျဖင့္ က်က်နန တင္ျပ ေဟာေျပာသည္။

ထို႔ျပင္ သကၠာယ ဒိ႒ိ ခြာသင့္ေၾကာင္းကိုလည္း…. “ငါ့ကိုယ္၊ ငါ့႐ုပ္၊ ငါ့နာမ္၊ ငါ့ေ႐ႊ၊ ငါ့ေငြ၊ ငါ့လယ္၊ ငါ့ယာ၊ ငါ့ကိုင္း၊ ငါ့ကြၽဲ၊ ငါ့ျမင္း၊ ငါ့ပစၥည္း၊ ငါ့သား၊ ငါ့သမီး၊ ငါ့မယား၊ ငါ့အေဆြ၊ ငါ့အမ်ိဳး၊ ငါသာ တတ္သည္၊ ငါသာျမတ္သည္၊ ငါသာ လိမၼာသည္၊ ငါ့သာ ပညာရွိသည္ဆိုတာ သကၠာယဒိ႒ိႀကီးပါခင္ဗ်ာ။ အပါယ္ေၾကာက္လွ်င္ ဒိ႒ိကို ခြာၾကပါခင္ဗ်ာ…’ စသည္ျဖင့္လည္း ေဟာၾကားသည္။

ၾကားနာရသူတိုင္း အံ့ခ်ီးမဆုံးရွိၾကသည္။သူသည္ ၿမိဳ႕႐ြာအမ်ားသို႔ လွည့္လည္ တရားေဟာခဲ့သည္။ဟိုၿမိဳ႕ကဖိတ္ သည္ၿမိဳ႕ကဖိတ္ႏွင့္ ရွိခဲ့သည္။

အံ့ခ်ီးဖြယ္ေကာင္းသျဖင့္ လူ ပရိသတ္ သာမက ရဟန္း ပရိသတ္ မ်ားကပါ သူ႔တရားပြဲသို႔ လာေရာက္ၾကသည္။ ပရိသတ္ ၅ဝဝဝ-ေက်ာ္ ၆ဝဝဝအထိ စည္ကားခဲ့သည္။

ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံ ေစတီေတာ္ရွိ ဇရပ္မ်ားတြင္ တေန႔ တေနရာစီ ေ႐ႊ႕ေျပာင္း ေဟာေျပာခဲ့ရာ ၁၁-ရက္တိတိ ၾကာခဲ့သည္။

ပန္းတေနာ္ၿမိဳ႕ႏွင့္ ေညာင္တုန္းၿမိဳ႕မ်ား၌ တရားေဟာစဥ္ ေမာင္ထြန္းႀကိဳင္က မိမိသည္ ယခင္ဘဝေဟာင္းက ပန္းတေနာ္ၿမိဳ႕မွ ယြန္းေက်ာင္း ဆရာေတာ္ဘုရားႀကီး ဦးပ႑ိစၥ ျဖစ္ခဲ့ဖူးေၾကာင္း ေျပာဆိုသည္။

သို႔ေျပာဆိုရာမွ ဦးပ႑ိစၥ ပုံပန္းသဏၭာန္ႏွင့္ လူအမည္တို႔ကိုလည္း ေျပာျပသည္။ဆရာေတာ္ ဦးပ႑ိစၥ စီးခဲ့ေသာ ေလွအမည္ကိုလည္း ေျပာျပသည္။အားလုံး မွန္ကန္ေနေပသည္။

ယြန္းေက်ာင္းဆရာေတာ္ ဦးပ႑ိစၥမွာ ၁၂ဝ၇-ခုႏွစ္တြင္ ဖြား၍ ၁၂၇၇-ခုတြင္ ပ်ံလြန္ေတာ္မူခဲ့သည္။ဝိနည္းပိဋကတ္ေတာ္တို႔ကို ကြၽမ္းက်င္စြာ တတ္ေျမာက္သည္။

မင္းတုန္းမင္းႏွင့္ သီေပါမင္းတို႔ အထူး႐ိုေသပူေဇာ္ျခင္းကို ခံရေသာ ရဟန္းျမတ္ျဖစ္သည္။မႏၲေလးတြင္ သီတင္းသုံးေတာ္မူရာမွ ၁၂၄၇-ခုတြင္ သီေပါမင္း ပါေတာ္မူေသာအခါ ပန္းတေနာ္ၿမိဳ႕ ယြန္းတိုက္ႀကီးတြင္ ေျပာင္းေ႐ႊ႕သီတင္းသုံးေတာ္မူခဲ့သည္။

ထို႔ျပင္ ေမာင္ထြန္းႀကိဳင္က ထိုစဥ္က သက္ရွိထင္ရွားရွိေနေသာ ယြန္းေက်ာင္း တိုက္အုပ္ဆရာေတာ္ ဦးဇာဂရကိုလည္း “ေမာင္ဇာဂရ’ဟု ေခၚကာ ရင္းႏွီးစြာ ေျပာဆို ဆက္ဆံခဲ့ေလသည္။

ေမာင္ထြန္းႀကိဳင္သည္ ပန္းတေနာ္ၿမိဳ႕အပိုင္ မင္းဆယ္႐ြာဇာတိ ျဖစ္သည္။၁၂၈၁-ခု၊ ျပာသိုလဆုတ္ ၂-ရက္၊ အဂၤါေန႔တြင္ ဖြားျမင္သည္။အဘမွာ ကိုဘေမာင္၊ အမိမွာ မမယ္ရီ ျဖစ္သည္။

ကိုဘေမာင္ႏွင့္ မမယ္ရီတို႔သည္ အလြန္ဆင္းရဲၾကသည္။ ေမာင္ထြန္းႀကိဳင္သည္ ၄-ႏွစ္သား အ႐ြယ္တြင္ ေမာ္လၿမိဳင္ကြၽန္းအပိုင္၊ က်ဳံလတာ ႐ြာသို႔ ေခတၱေျပာင္းေ႐ႊ႕ၿပီး စီးပြားရွာၾကသည္။

ကိုဘေမာင္က ပ်ိဳးႏုတ္ ေကာက္စိုက္ အလုပ္ကို လုပ္သည္။မမယ္ရီက သင္ျဖဴးဖ်ာ ယက္သည္။ထိုေနာက္ မင္းဆယ္႐ြာသို႔ တဖန္ျပန္လာၾကသည္။

ေလွျဖင့္ မိသားစုျပန္ လာစဥ္ ဘိုကေလးသို႔ ေရာက္ေသာအခါ ေခတၱဝင္နားၾကသည္။ကိုဘေမာင္တို႔က မိတ္ေဆြတဦးကို သြားေရာက္ ႏႈတ္ဆက္သည္။

ထိုေနာက္ ျပန္လည္ ထြက္ခြာမည္ျပဳစဥ္ ေမာင္ထြန္းႀကိဳင္က သူေတာ္ေကာင္း အိမ္တအိမ္သို႔ ပို႔ေပးပါ။တရားေဟာလိုပါသည္ ဆိုသည္။

သို႔ျဖင့္ ဦးေ႐ႊစိုးဆိုသူ၏ အိမ္သို႔ အဘကပို႔ေပးရာ ေမာင္ထြန္းႀကိဳင္က တရားေဟာသည္။ထိုမွစ၍ ေမာင္ထြန္းႀကိဳင္သည္ တရားမ်ား ေဟာခဲ့သည္။ထိုစဥ္က အသက္ ၄-ႏွစ္ႏွင့္ ဂ-လအ႐ြယ္သာ ရွိေပသည္။

ေမာင္ထြန္းႀကိဳင္ကို ဆရာေတာ္မ်ားႏွင့္ ရဟန္းလူထြက္မ်ားက ပါဠိ စာေပမ်ားကို ေမးျမန္းၾကရာ ရဲဝံ့မွန္ကန္စြာပင္ ေျဖဆိုျပႏိုင္ခဲ့သည္။ေမးျမန္းေသာ ဆရာေတာ္မ်ားတြင္ ဆရာေတာ္ ဦးသုေဘာဂလည္း ပါဝင္ သည္။

ဆရာေတာ္ ဦးသုေဘာဂမွာ ေတာင္တြင္းႀကီးၿမိဳ႕ ေျမာက္ဘက္ ၁၂မိုင္ကြာ အရပ္ရွိ ရဟႏၲာကုန္း၌ သီတင္းသုံးေတာ္မူေသာ အရွင္သူျမတ္ ျဖစ္သည္။သက္ေတာ္ ၆ဂ- ႏွစ္၊ ဝါေတာ္ ၄ဂ-ဝါရွိေသာ ေတာရ ဆရာေတာ္ ျဖစ္သည္။

ဆရာေတာ္ဘုရားသည္ ေမာင္ထြန္းႀကိဳင္ တရားေဟာရာ ဓႏုျဖဴၿမိဳ႕သို႔ ႂကြလာၿပီး ပါဠိက်မ္းဂန္လာ စာအခ်ိဳ႕ကို ေမးျမန္းေတာ္မူသည္။ေမာင္ထြန္းႀကိဳင္က မေၾကာက္မ႐ြံ႕ပဲ ရဲဝံ့မွန္ကန္စြာ ေျဖဆိုျပခဲ့ေလသည္။

ထိုေခတ္က ပိဋကတ္ ေမာင္ထြန္းႀကိဳင္၏ အမည္သည္ ျမန္မာတႏိုင္ငံလုံး ပ်ံ႕ႏွံ႔ထင္ရွားခဲ့သည္။ သူ႔အေၾကာင္းကို သတင္းစာမ်ားကလည္း ေရးသားေဖာ္ျပၾကသည္။

စာအုပ္မ်ား ေရးသား၍လည္း ထုတ္ေဝ ေရာင္းခ်ၾကသည္။ထို႔ျပင္ သူ႔အေၾကာင္းကို ကဗ်ာမ်ားဖြဲ႕ဆိုၾကသည္။သီခ်င္းမ်ား ေရးစပ္၍လည္း သီဆိုၾကသည္။

ယင္းတို႔အနက္ ၁၂-လမ္း ဆရာေဖာင္ ေရးသား၍ နာမည္ေက်ာ္ အဆိုေတာ္ မစိန္မႈန္ သီဆိုေသာ သီခ်င္းမွာ ေအာက္ပါအတိုင္း ျဖစ္သည္။

“ျမတ္ဗုဒၶာ သာသနာအတြင္းေပမို႔၊ ေလာကုတၱရာ ဘာသာအရင္းကိုျဖင့္၊ (ေၾသာ္ )စာဓမၼခံလင္းခဲ့တာက ေမာင္ထြန္းႀကိဳင္ . . . . . . . အမည္ထူးေပသည္။ ဆန္းေပသည္။ (မွန္ပါေပအတည္)။

အဘိဓမၼာဓေမၼသေဘာကိုလ၊ သုတ္ပိေနယာ စာေျဖလို႔ ေဟာခဲ့တာေၾကာင့္၊ ေျပာဖြယ္ အရပ္ရပ္မွာျဖင့္ ကမာၻတည္၊ ျမန္မာျပည္မွာျဖင့္ ဓမၼကထိက ပုဂၢိဳလ္ေက်ာ္တဦး(၂)။ ထူးေပသည္။ ဆန္းေပသည္။ (မွန္ပါေပအတည္)။

ေတာင္ကြၽန္းဇမၺဴဒီ၊ လက္ယာေျမမဟီ၊ ဓမၼာေ႐ႊစီ ႐ြန္းလို႔လာသည္။ ပန္းတေနာ္မင္းဆယ္နဂရ၊ ခပင္းနယ္အဝဝ၊ စံရမမီ(၂)။ ေတြးရစ္ဖို႔ စကားအတည္၊ ေလးႏွစ္သား ဇာမနည္။

(၂)၊ ကိုဘေမာင္ အမည္၊ မမမယ္ရီ၊ ပတၱျမားေ႐ႊၾကဳတ္မွာ၊ အားထုတ္ခါပ အတည္။ (ေရွးဘဝကုသလအညီ၊ ၂) ဓမၼကထိက ေမာင္ထြန္းႀကိဳင္အမည္။ ၂) ပိဋကတ္သုံးပုံ၊ ႏႈတ္ငုံေဆာင္ႏိုင္ၾကည္၊ ဟုတ္ေပသည္။

ဘုရားဆုပန္ မင္းေယာက္်ားမို႔ ထက္ျမက္ေပသည္။ အဘိဓမၼာ သဒၵာသြင္းလို႔၊ ရင္းဝဓနတည္ၾကည္၊ (၂)။ (ထူးျမတ္ေပသည္)၂။ စာဂီ အာသီ ပါရမီ၊ ျမန္မာျပည္အဝွန္းမွာ၊ ထြန္းေတာက္ခဲ့သည္။ (ေရွးဘဝကုသလအညီ(၂)၊ ကထိက၊ ေမာင္ထြန္းႀကိဳင္အမည္(၂) ပိဋကတ္သုံးပုံ ႏႈတ္ငုံေဆာင္ႏိုင္ၾကည္၊ ဟုတ္ေပသည္။

ဘဒၵဤကမာၻ မွတ္စရာေတြးၾကည္၊ သဗၺဗုဒၶာဆုပတၳနာေတာင္းသည္။ သတၱဝါအေပါင္းကို ေအာင္ေၾကာင္းေမွ်ာ္ရည္၊ ရွိသမွ် ေတာင္းကြၽန္းမဟီ၊ (၂)၊ (ေရွးဘဝကုသလအညီ) (ဓမၼကထိက ေမာင္ထြန္းႀကိဳင္အမည္ ၂)၊ ပိဋကတ္သုံးပုံ ႏႈတ္ငုံေခဆာင္ႏိုင္ၾကည္။ ဟုတ္ေပသည္။

(ပတ္စာပိုး) ပိဋကတ္ေ႐ႊစာ ေျပ႐ြာ အတြင္းမွာလ အေသအခ်ာ လင္းခဲ့တာက၊ ဓမၼကထိကအေျခညီ၊ သတင္းၾကားႏွင့္မယုံၾကည္၊ အခ်ိဳ႕လူက ေျပာၾကေပသပ၊ နဂိုမူလ သေဘာမွာေတာ့ ကုသလပါရမီ၊ ရႈၾကစို႔စာသာကီ ႐ုပ္ပုံဖိုတို ဘေလာက္ကိုလ၊ အဟုတ္ပ ၾကည္ညိဳဖို႔ ေရာက္ခဲ့တာက မျပတ္မလပ္သပ တကယ္ ၾကည္၊ ေမာင္ထြန္းႀကိဳင္၏ ပါရမီ၊ ျမန္မာျပည္ ဟံသာဝတီအတြင္းမွာလ၊ ဖက္ၿပိဳင္လို႔မသီ၊ စံတုမမီ၊ ေရွးဘဝက ကုသလပုညအတည္။ (၁၂)လမ္း ဆရာေဖာင္၊ စားသြားနဝင္ေအးၾကည္။ (မစိန္မႈံ) ဆိုရ ျပန္ေတာ့သည္။”

ထိုေခတ္က “ပိဋကတ္ေမာင္ထြန္းႀကိဳင္’အေၾကာင္း ေရးသားထုတ္ စာအုပ္မ်ားတြင္ “ဝိေသသထူးေသာ၊ ပုဂၢိဳလ္ထူး၊ ဓမၼကထိက။သုံးဘဝကူး ေမာင္ထြန္းႀကိဳင္၏ အတၳဳပၸတၱိ” အမည္ရွိ စာအုပ္မွာ စုံလင္သည္။ ယင္းကို ရန္ကုန္ၿမိဳ႕၊ ၁ဂ၅ ဒါလဟိုဇီလမ္း၊ ေမာင္ျမၾကည္ တံဆိပ္ထု စာပုံႏွိပ္တိုက္က ထုတ္ေဝသည္။ထိုစာအုပ္တြင္ ေမာင္ထြန္းႀကိဳင္ ၏ အတၳဳပၸတၱိအက်ဥ္းကိုလည္း ေဖာ္ျပသည္။

ပန္းတေနာ္ၿမိဳ႕ ယြန္းေက်ာင္း ဆရာေတာ္ ဘုရားႀကီး၏ ေထ႐ုပၸတၱိ အက်ဥ္းကိုလည္း ေဖာ္ျပသည္။ ေမာင္ထြန္းႀကိဳင္ ေဟာေျပာေသာ တရားအခ်ိဳ႕ကိုလည္း ပူးတြဲျပသည္။ ေမာင္ထြန္းႀကိဳင္အေၾကာင္း ဖြဲ႕ဆိုေသာ ကဗ်ာႏွင့္ သီခ်င္အခ်ိဳ႕ကိုလည္း ေဖာ္ျပသည္။

ထို႔ျပင္ ေမာင္ထြန္းႀကိဳင္၏ ဓာတ္ပုံ၊ ေမာင့္ထြန္းႀကိဳင္ဖခင္ ကိုဘေမာင္၏ ဓာတ္ပုံ၊ ယြန္းေက်ာင္း ဆရာေတာ္ဘုရားႀကီး ဦးပ႑စၥ၏ ပုံေတာ္၊ ထိုစဥ္က လက္ရွိေက်ာင္းတိုက္ ဆရာေတာ္ ဦးဇာဂရ၏ ပုံေတာ္စသည္တို႔ကိုပါ ေဖာ္ျပထားသည္။

ထိုစာအုပ္၌ ေမာင္ထြန္းႀကိဳင္၏ အတၳဳပၸတၱိ အက်ဥ္းကို ေဖာ္ျပထားသည္မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

“ပန္းတေနာ္အပိုင္၊ မင္းဆယ့္႐ြာ၌၊ မကြာတကြ ေနထိုင္ၾကေသာ၊ အဘ ေမာင္ဘေမာင္၊ အမိ မမယ္ရီတို႔တြင္ ၁၂၈၁ခုႏွစ္ ျပာသိုလဆုတ္ ၂ရက္၊ အဂၤါေန႔ည ၉နာရီအခ်ိန္၌၊ ဘုန္းကံ ပါရမီႏွင့္ ေယာက္်ားအာဇာနည္ဟု ဆိုအပ္ေသာ သတို႔သား ေမာင္ထြန္းႀကိဳင္ကို ဖြားေျမာက္သန႔္စင္ ေအာင္ျမင္ခဲ့သည္။

ေမာင္ထြန္းႀကိဳင္မွာ အသက္ ၄ႏွစ္ႏွင့္ ၆ လ၊ ေသးငယ္ ႏူနယ္ေသာ အ႐ြယ္ကပင္၊ ျမတ္စြာဘုရား ေဟာၾကားေတာ္မူအပ္ေသာ ငါးျဖာ ဓမၼခန္၊ ရပ္နာမ္ႏွစ္ရပ္၊ စြဲကပ္ဒိ႒ိ, ကင္းဘိသကၠာ။

သစၥာမလပ္၊ ပဋိစၥသမုပၸါဒ္၊ ႐ုပ္ဓာတ္စီစဥ္၊ ဌီဘင္သေဘာတို႔ျဖင့္ ေကာင္းစြာ ေကာင္းစြာ ေဟာေျပာႏိုင္သည့္ျပင္၊ မေၾကာက္မ႐ြံ႕၊ စြန႔္စြန႔္စားစား၊ ေယာက္်ားေကာင္းပီပီ၊ တည္ၾကည္ေသာ သတၱိထူး၊ သတၱိျမတ္၊ ဂုဏ္သကတ္ႏွင့္လည္း ျပည့္စုံေပ၏။ေမာင္ထြန္းႀကိဳင္မွာ၊ ေရွးပုညပါရမီ စာဂီဘုန္းကံ ။

ရင့္သန္ခဲ့ေပရာ၊ လူသာမန္တို႔ ႀကံစည္ျခင္းငွာမရရာေသာ အဘိဓမၼာ ေဒသနာေတာ္ကိုလည္း၊ မိမိကိုယ္တိုင္၊ ပိုင္ပိုင္ ႏႈိင္ႏိုင္၊ ႀကံ့ခိုင္ေသာ သေဘာထားျဖင့္ ဆန္းျပားစြာ ေဟာၾကားေပသည့္ အတြက္၊ ေလးနက္လွစြာေသာ ပရမတ္တရားကို မွတ္သားနာယူဖို႔ရာ၊ ႂကြေရာက္လာၾကကုန္ေသာ လူပရိသတ္ ရဟန္းပရိသတ္ ပုဂၢိဳလ္တို႔က အထပ္ထပ္ ေကာင္းခ်ီးဩဘာ ေပးျခင္းကို ခံရေပသတည္း။

ဓမၼကထိက ေမာင္ထြန္းႀကိဳင္မွာ မိမိ တရားဓမၼ ေဟာျပ ေနရာတြင္ ႂကြေရာက္ေသာ ပရိသတ္ အေပါင္းတို႔က၊ ဆုေတာင္း ေမတၱာပို႔သလ်က္၊ ဉာဏ္ပူေဇာ္ၾကသည့္ ေၾကးေငြ အသျပာတို႔ကို မိမိကိုယ္တိုင္၊ တရားေဟာ၍ ေရစက္ခ်ၿပီးေနာက္၊ တဖန္ ျပန္၍ ေငြေၾကး အသျပာတို႔ကို စြန႔္ႀကဲျပန္ေလသည္။

ဤသူငယ္ေလး ႏွစ္သက္ေသာ အဝတ္မွာ သကၤန္းေရာင္ႏွင့္ မျခားမနား။ဝါလဲ့လဲ့ ရွိေသာ အက်ႌရွည္ကေလးကို အၿမဲဝတ္ေလ့ရွိသည့္အျပင္၊ စိပ္ပုတီးကို မျပမလပ္ စိပ္၍ ေနေလ့ရွိ၏။

စိပ္ပုတီးကို မိမိ၏လည္တြင္ အၿမဲလိုပင္ဆြဲဆင္၍ ထားေလ့ရွိေပသည္။တရား ေဟာေျပာမည့္ ေနရာသို႔ ေရာက္လ်င္၊ မိမိဘခင္ ဦးေခါင္း၌ ေပါင္းဆင္ထားေသာ ပဝါကို အခြၽတ္ခိုင္းလ်က္၊ မိမိအပါးတြင္ အၿမဲေနေစသည္။

ယြန္းေက်ာင္းတိုက္အုပ္ ဘုန္းေတာ္ ႀကီး ဦးဇာဂရက အမိန႔္ရွိသည္မွာ ေမာင္ထြန္းႀကိဳင္မွာ အလြန္တရာမွ ေသးငယ္ႏူနယ္ေသာ အ႐ြယ္ျဖစ္ရကား တရားေဟာရာတြင္ လြန္စြာရွည္လ်ားသျဖင့္၊ အသက္၏ အႏၲရာယ္ျဖစ္မည္ စိုး၍ ေတာင္းပန္သည္မွာ တေန႔လွ်င္ အခ်ိန္အားျဖင့္ ႏွစ္ႀကိမ္က်၊

တႀကိမ္လွ်င္ နံနက္အခ်ိန္တြင္ တနာရီခန႔္မွ်၊ ေန႔လယ္အခ်ိန္၌ တနာရီခန႔္မွ် ေဟာပါဟု ေျပာၾကားပါေသာ္လည္း၊ ေမာင္ထြန္းႀကိဳင္က ျပန္ေျပာသည္မွာ ေလးသေခ်ၤႏွင့္ ကမာၻတသိန္း၊ ရွစ္သေခ်ၤႏွင့္ ကမာၻတသိန္း၊ တဆယ့္ေျခာက္ သေခ်ၤႏွင့္ ကမာၻတသိန္း၊ ျဖည့္ဆည္းပူးမွ ရေသာတရားကို ေဟာေျပာရေပလိမ့္မည္။

နိဗၺာန္ေ႐ႊျပည္ ျမတ္သို႔ မေရာက္ေသးသမွ် ကာလပတ္လုံး၊ သံသရာဝဋ္အတြင္း နစ္ေမ်ာ၍ ေလာက၌ ပဋိသေႏၶ ေနျခင္းဆင္းရဲ၊ အိုျခင္း ဆင္းရဲ၊ နာျခင္းဆင္းရဲ၊ ေသျခင္းဆင္းရဲ တို႔သည္ကား အလြန္တရာ ေၾကာက္မက္ဖြယ္ေကာင္းသည္။ ဒုကၡအမ်ိဳးမ်ိဳးႏွင့္ ေတြ႕ႀကဳံ ေသာ ဘဝတမ်ိဳးျဖစ္၍ ေဟာရမည္ျဖစ္ေၾကာင္း ျပန္ေျပာေလသည္။

မိမိမွာ “ဝတ္ေၾကာင္ပုဆိုး၊ ေကာင္းက်ိဳးမေပး”ဆိုေသာ စကားကဲ့သို႔ သူေတာ္သူျမတ္တို႔ အေရာင္အဝါျဖင့္ ေမွာင္တဏွာ ကင္းရွင္းရန္ ေတာထြက္ျခင္း တည္းဟူေသာ ရည္သန္ကိစၥကိုကား ခဏခဏ ေျပာဆိုေလ့ရွိေၾကာင္း။ ေမာင္ထြန္းႀကိဳင္မွာ ပါဠိဘာသာမွစ၍ စီကုံးဖြဲ႕ႏြဲ႕ထားေသာ စာမ်ိဳးတို႔ကိုပင္ မိမိအလိုအေလ်ာက္ ဖတ္ျပႏိုင္သည့္စြမ္းရည္ ရွိသည့္ျပင္၊ အကၡရာမွားေသာ စာမ်ားကိုပင္ျပင္ဆင္ႏိုင္ေသာ သတၱိထူးလည္း ရွိေပသည္။

မိမိ နာမည္ေရးလ်က္၊ ၎ေအာက္တြင္ ‘သမၼာသဗၺဳဒၶ မတုလ’ ဟူ၍ အၿမဲ ေရးသားလ်က္ ပါသည္။

အသခၤတဓာတ္၊ ျမတ္ေသာ နိဗၺာန္ကို မရမီ ကာလပတ္လုံး၊ ဘုံသုံးပါး၌ က်င္လည္ ေမ်ာပါရၾကကုန္ေသာ သတၱဝါအေပါင္းတို႔အား၊ တရားဓမၼ ေဟာျပႏိူင္ေသာ ဘဝမ်ိဳးတြင္သာ အခါမလင့္၊ အသင့္ျဖစ္ရပါ လို၏ဟု တိုတိုပင္ ဆုေတာင္းေလ့ရွိသည္ျပင္၊ အဆုံးစြန္ေသာဘဝတြင္ သဗၺညဳတ ေ႐ႊဉာဏ္ရွင္ ျဖစ္ရပါလို၏ဟု ဆုေတာင္း၏။

သူေတာ္ေကာင္း၊ သူျမတ္ေလာင္းတို႔၏ ဘုန္းကံ ပါရမီရွိသည့္အလ်ာက္၊ မိန္းမမ်ားကို လြန္စြာ ေရွာင္ရွားသည္။ သူ၏ မိခင္မွတပါး အျခားေသာ မိန္းမမ်ားကို မိမိ အပါးသို႔ လာမည္ကိုကား မ်ားစြာ စိုးရိမ္ေလသည္။လမ္းသြားေသာအခါ မိန္းမမ်ားကို ဖယ္ၾကပါဟု ေျပာေလ့ေျပာထရွိ၏။

ေမာင္ထြန္းႀကိဳင္မွာ ဘိုကေလးၿမိဳ႕၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မ်ားတြင္ တရားေဟာေနခိုက္၊ ဆန္းၾကယ္ေသာ စကားတခြန္းကို ေျပာေဟာထားေလသည္။

ထိုစကားမွာ အျခားမဟုတ္။ ပန္းတေနာ္ၿမိဳ႕က်မွ သူ၏ အျဖစ္အပ်က္ကို ေျပာျပမည္ဟု အနည္းငယ္ ပါရွိေလသည္။

ထိုေနာက္ မ်ားမၾကာမီ ပန္းတေနာ္ၿမိဳ႕သို႔ ေရာက္လာေသာအခါ မိမိသည္ ဆြမ္းေကြၽးေသာ အိမ္တအိမ္မွာ ေနစဥ္၊ ၎ဆြမ္းေကြၽးေသာ အိမ္၌ ပန္းတေနာ္ ၿမိဳ႕အရပ္ရွိ ယြန္းေက်ာင္းတိုက္၌ စာပို႔ခ်လ်က္ ေနေသာ၊ တိုက္အုပ္ ဦးဇာဂရႏွင့္ အျခားဘုန္းေတာ္ႀကီးမ်ားကို ျမင္ေသာအခါ…..

ဦးဇဂရကို သိသည္ဟု၊ သူ႔အနီးတြင္ရွိေသာ လူမ်ားကို ေမာင္ထြန္းႀကိဳင္က ေျပာ၍ “ေမာင္ဇာဂရ’’ ဟု ေခၚၿပီးလွ်င္ အားရ႐ႊင္လန္းစြာ ဦးဇာဂရကိုယ္ေတာ္၏ ေပါင္ေပၚသို႔တက္ထိုင္ၿပီး အနည္းငယ္ စကားမ်ားကိုေျပာ၍ မိမိသည္ ၎ဦးဇာဂရကိုယ္ေတာ္ သီတင္းသုံးေသာ ယြန္းေက်ာင္းသို႔ တပါတည္း လိုက္ပါလ်က္၊ မိမိမွာ ေရွးဘဝက ထိုေက်ာင္းတြင္ ဆရာေတာ္ႀကီးျဖစ္၍ ေနထိုင္ခဲ့ဖူးသည္။

မိမိ ေနထိုင္ခဲ့ဖူးေသာ အခန္းကို အထူးတလည္ ေရွးဦးစြာျပေလသည္။ မိမိ အမည္ေတာ္မွာ ဆရာေတာ္ျဖစ္စဥ္က ဦးပ႑ိစၥဟု အမည္ ရွိသည္ဟု ေျပာျပေလသည္။

မိမိတရားေဟာသြားေသာ ၿမိဳ႕႐ြာေဒသမ်ားတြင္ ဦးဇာဂရကိုယ္ေတာ္ကို အထူးတလည္ မိမိႏွင့္တပါတည္း ပါေစလိုေသာ ဆႏၵလည္း ရွိေပသည္။

သို႔မွသာလွ်င္ ႐ႊင္လန္းစြာႏွင့္ တရားေဟာ ေျပာေပေၾကာင္း၊ ထို႔ျပင္ ယြန္းေက်ာင္း ဆရာေတာ္ႀကီးျဖစ္စဥ္ ေတာနယ္က တပည့္လက္သားမ်ား ပင့္၍ သြားလိုေသာအခါ မိမိစီးသြားေသာ ေလွနာမည္ကို ေမာင္ထြန္းႀကိဳင္က “ေဘဘႀကီး”ဟု ႐ုတ္တရက္ထုတ္တ္ေဖာ္ေျပာျပေလ၏။

ယြန္းေက်ာင္းအနီးအနားတြင္ရွိသည့္ ကိုပီက်က္ဥယ်ာဥ္တြင္းရွိေသာ ေညာင္ပင္တပင္တြင္ မိမိသည္ ပ်ံလြန္ေတာ္မႈၿပီးလွ်င္ၿပီးခ်င္း ႐ုကၡစိုးနတ္ ၃-ႏွစ္ေက်ာ္ျဖစ္ၿပီးမွ ယခုလက္ရွိ မိခင္ဝမ္းမွာ ပဋိသေႏၶေနရ၍ ဖြားျမင္လာေၾကာင္း။

ထိုေနာက္ တဖန္ေျပာျပျပန္သည္မွာ မိမိအား ယြန္းေက်ာင္းတိုက္ကို ျပန္အပ္ရန္ ေျပာေသာအခါ ဦးဇာဂရ ကိုယ္ေတာ္က ေမာင္ထြန္းႀကိဳင္သကၤန္ဆီး၍ ကိုရင္ကေလးျဖစ္လွ်င္ ေက်ာင္းတိုက္ကို အပ္ပါမည္ဟု ေျပာထားရေပ၏။ ေမာင္ထြန္းႀကိဳင္မွာ ဆရာေတာ္ျဖစ္စဥ္တြင္ ဘုရားဆုကို အၿမဲေတာင္းေလ့ရွိ၏။ ေညာင္တုန္းၿမိဳ႕၌ ၁၂၈၆-ခု၊ တန္ေဆာင္မုန္း လကြယ္ေန႔က တရားမေဟာမီ ရဟန္းပရိသတ္လူပရိသတ္ ၅ဝဝဝ-ေက်ာ္၊ ၆၀ဝဝ ခန႔္ေရွ႕တြင္ မိမိသည္ ေရွးဘဝက ယြန္းေက်ာင္းဆရာေတာ္ျဖစ္ခဲ့ဖူး၍ အမည္ေတာ္မွာ ဦးပ႑ိစၥျဖစ္ေၾကာင္း၊ ဦးပ႑ိစၥ ပုံသဏၭာန္ကို လည္း အထူးတူေအာင္ ေျပာျပသြားေၾကာင္း။

ထို႔ေၾကာင့္ ျမန္မာျပည္အတြင္း မွီတင္းေနထိုင္ၾကကုန္ေသာ သူေတာ္ေကာင္းအေပါင္းတို႔သည္ မိမိတို႔ႏိုင္ငံေတာ္တြင္ အံ့ဖြယ္သရဲထူးကဲေသာ ဘုန္းပါရမီ ဝသီဓာတ္ခံတို႔ႏွင့္ အမွန္ျပည့္စုံေသာ သူေတာ္ေကာင္းျဖစ္သည့္အံ့တိုင္း ေမာင္ထြန္းႀကီးမွာ ေလာကီအက်ိဳးကို စက္ဆုပ္႐ြံရွာေသာ အလိုအာသာလည္း ရွိရကား ေမတၱာ က႐ုဏာေရွ႕ထားလ်က္ ေမာင္ထြန္းႀကိဳင္အား ရွည္လ်ားျမင့္ၾကာ ခႏၶာၫြန႔္လ်က္၊ ကုသိုလ္ဆက္ဖို႔ အသက္ရွည္ရာ ရွည္ေၾကာင္း ဆုေတာင္းဆုယူ ျပဳေတာ္မူၾကပါေစကုန္သတည္း။

ဤကား ထိုစဥ္က ေမာင္ထြန္းႀကိဳင္အေၾကာင္း ေရးသားေဖာ္ျပေသာ အတၳဳပၸတၱိ အက်ဥ္းခ်ဳပ္မ်ားထဲမွ တခုပင္ျဖစ္သည္။

Myint Mo Aung
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့သော နှစ်ပေါင်း ၉ဝ-ကျော်ခန့်က မြန်မာ ဗုဒ္ဓဘာသာ လောက ၌ ထူးခြားသော သူငယ်ကလေးတဦး ပေါ်ပေါက်ခဲ့ဖူးသည်။သူသည် ဓမ္မကထိက မောင်ထွန်းကြိုင် ခေါ် ပိဋကတ် မောင်ထွန်းကြိုင် ဖြစ်သည် အသက် ၅-နှစ်ခန့် အရွယ်မျှနှင့်ပင် လူထုပရိသတ် ရှေ့မောက်၌ တရားဟောပြောနိုင်သည်။

သူဟောသော တရား မှာလည်း အလွန် နက်နဲသိမ်မွေ့သော ဗုဒ္ဓတရားတော် ဖြစ်သည်။

“လေး အသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ် အသင်္ချနှင့် ကမ္ဘာတသိန်း၊ တစ်ဆယ့်ခြောက် အသင်္ချနှင့် ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်မှ ရ၍၊ သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ဟောကြားတော် မူအပ်သော တရားတော်ကို ရိုရိုသေသေ နာကြပါခင်ဗျား။

ကျွန်တော် မောင်ထွန်းကြိုင် ကလေး ကို မရိုသေကြပါနှင့် ခင်ဗျား’ဟူ၍ အစချီကာ ဟောပြောသည်။

ဟောပြောရာ၌ ဒုစရိုက် ၁ဝ-ပါး၊ ပုညကြိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒွတ္တိံသ ၃၂-ပါး၊ ခန္ဓာ ၅-ပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ လက္ခဏရေး ၃-ပါး၊ အပါယ် ၄-ပါး၊ စေတီ ၄-ပါး၊ ဂုဏ်တော် ၉-ပါး စသည်တို့ကို ပါဠိဘာသာနှင့်တကွ မြန်မာလို အနက်ပြန်၍ ရှင်းလင်းဟောပြောသည်။

ခက်ခဲနက် နဲ သော အဘိဓမ္မာတရားကိုလည်း ရှင်းလင်း ဟောပြောသည်။ထို့ပြင် ပဋိစ္စသမုပ္ပါဒ် တရားတော်ကိုလည်း ရှင်းလင်း ဟောပြသည်။

“အဝိဇ္ဇာချုပ်လျှင် သင်္ခါရချုပ်ပါသည်။ သင်္ခါရချုပ် လျှင် ဝိညာဉ်ချုပ်သည်။ ဝိညာဉ်ချုပ်လျှင် နာမ်ရုပ် ချုပ်သည်။ နာမ်ရုပ် ချုပ်လျှင် သဠာယတနချုပ်သည်။ သဠာယတနချုပ်လျှင် ဖဿချုပ်သည်။

ဖဿချုပ်လျှင် ဝေဒနာချုပ်သည်။ ဝေဒနာချုပ်လျှင် တဏှာချုပ်သည်။ တဏှာချုပ်လျှင် ဥပါဒါန်ချုပ်သည်။ ဥပါဒါန် ချုပ်လျှင် ဘဝချုပ်သည်။

ဘဝ ချုပ်လျှင် ဇာတိချုပ်သည်။ ဇာတိချုပ်လျှင် မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခံ၊ ဒေါမနဿ၊ ဥပါယာသချုပ်ပါသည် ခင်ဗျား’ စသည်ဖြင့် ကျကျနန တင်ပြ ဟောပြောသည်။

ထို့ပြင် သက္ကာယ ဒိဋ္ဌိ ခွာသင့်ကြောင်းကိုလည်း…. “ငါ့ကိုယ်၊ ငါ့ရုပ်၊ ငါ့နာမ်၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့လယ်၊ ငါ့ယာ၊ ငါ့ကိုင်း၊ ငါ့ကျွဲ၊ ငါ့မြင်း၊ ငါ့ပစ္စည်း၊ ငါ့သား၊ ငါ့သမီး၊ ငါ့မယား၊ ငါ့အဆွေ၊ ငါ့အမျိုး၊ ငါသာ တတ်သည်၊ ငါသာမြတ်သည်၊ ငါသာ လိမ္မာသည်၊ ငါ့သာ ပညာရှိသည်ဆိုတာ သက္ကာယဒိဋ္ဌိကြီးပါခင်ဗျာ။ အပါယ်ကြောက်လျှင် ဒိဋ္ဌိကို ခွာကြပါခင်ဗျာ…’ စသည်ဖြင့်လည်း ဟောကြားသည်။

ကြားနာရသူတိုင်း အံ့ချီးမဆုံးရှိကြသည်။သူသည် မြို့ရွာအများသို့ လှည့်လည် တရားဟောခဲ့သည်။ဟိုမြို့ကဖိတ် သည်မြို့ကဖိတ်နှင့် ရှိခဲ့သည်။

အံ့ချီးဖွယ်ကောင်းသဖြင့် လူ ပရိသတ် သာမက ရဟန်း ပရိသတ် များကပါ သူ့တရားပွဲသို့ လာရောက်ကြသည်။ ပရိသတ် ၅ဝဝဝ-ကျော် ၆ဝဝဝအထိ စည်ကားခဲ့သည်။

ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရှိ ဇရပ်များတွင် တနေ့ တနေရာစီ ရွှေ့ပြောင်း ဟောပြောခဲ့ရာ ၁၁-ရက်တိတိ ကြာခဲ့သည်။

ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့များ၌ တရားဟောစဉ် မောင်ထွန်းကြိုင်က မိမိသည် ယခင်ဘဝဟောင်းက ပန်းတနော်မြို့မှ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍိစ္စ ဖြစ်ခဲ့ဖူးကြောင်း ပြောဆိုသည်။

သို့ပြောဆိုရာမှ ဦးပဏ္ဍိစ္စ ပုံပန်းသဏ္ဌာန်နှင့် လူအမည်တို့ကိုလည်း ပြောပြသည်။ဆရာတော် ဦးပဏ္ဍိစ္စ စီးခဲ့သော လှေအမည်ကိုလည်း ပြောပြသည်။အားလုံး မှန်ကန်နေပေသည်။

ယွန်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စမှာ ၁၂ဝ၇-ခုနှစ်တွင် ဖွား၍ ၁၂၇၇-ခုတွင် ပျံလွန်တော်မူခဲ့သည်။ဝိနည်းပိဋကတ်တော်တို့ကို ကျွမ်းကျင်စွာ တတ်မြောက်သည်။

မင်းတုန်းမင်းနှင့် သီပေါမင်းတို့ အထူးရိုသေပူဇော်ခြင်းကို ခံရသော ရဟန်းမြတ်ဖြစ်သည်။မန္တလေးတွင် သီတင်းသုံးတော်မူရာမှ ၁၂၄၇-ခုတွင် သီပေါမင်း ပါတော်မူသောအခါ ပန်းတနော်မြို့ ယွန်းတိုက်ကြီးတွင် ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။

ထို့ပြင် မောင်ထွန်းကြိုင်က ထိုစဉ်က သက်ရှိထင်ရှားရှိနေသော ယွန်းကျောင်း တိုက်အုပ်ဆရာတော် ဦးဇာဂရကိုလည်း “မောင်ဇာဂရ’ဟု ခေါ်ကာ ရင်းနှီးစွာ ပြောဆို ဆက်ဆံခဲ့လေသည်။

မောင်ထွန်းကြိုင်သည် ပန်းတနော်မြို့အပိုင် မင်းဆယ်ရွာဇာတိ ဖြစ်သည်။၁၂၈၁-ခု၊ ပြာသိုလဆုတ် ၂-ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။အဘမှာ ကိုဘမောင်၊ အမိမှာ မမယ်ရီ ဖြစ်သည်။

ကိုဘမောင်နှင့် မမယ်ရီတို့သည် အလွန်ဆင်းရဲကြသည်။ မောင်ထွန်းကြိုင်သည် ၄-နှစ်သား အရွယ်တွင် မော်လမြိုင်ကျွန်းအပိုင်၊ ကျုံလတာ ရွာသို့ ခေတ္တပြောင်းရွှေ့ပြီး စီးပွားရှာကြသည်။

ကိုဘမောင်က ပျိုးနုတ် ကောက်စိုက် အလုပ်ကို လုပ်သည်။မမယ်ရီက သင်ဖြူးဖျာ ယက်သည်။ထိုနောက် မင်းဆယ်ရွာသို့ တဖန်ပြန်လာကြသည်။

လှေဖြင့် မိသားစုပြန် လာစဉ် ဘိုကလေးသို့ ရောက်သောအခါ ခေတ္တဝင်နားကြသည်။ကိုဘမောင်တို့က မိတ်ဆွေတဦးကို သွားရောက် နှုတ်ဆက်သည်။

ထိုနောက် ပြန်လည် ထွက်ခွာမည်ပြုစဉ် မောင်ထွန်းကြိုင်က သူတော်ကောင်း အိမ်တအိမ်သို့ ပို့ပေးပါ။တရားဟောလိုပါသည် ဆိုသည်။

သို့ဖြင့် ဦးရွှေစိုးဆိုသူ၏ အိမ်သို့ အဘကပို့ပေးရာ မောင်ထွန်းကြိုင်က တရားဟောသည်။ထိုမှစ၍ မောင်ထွန်းကြိုင်သည် တရားများ ဟောခဲ့သည်။ထိုစဉ်က အသက် ၄-နှစ်နှင့် ဂ-လအရွယ်သာ ရှိပေသည်။

မောင်ထွန်းကြိုင်ကို ဆရာတော်များနှင့် ရဟန်းလူထွက်များက ပါဠိ စာပေများကို မေးမြန်းကြရာ ရဲဝံ့မှန်ကန်စွာပင် ဖြေဆိုပြနိုင်ခဲ့သည်။မေးမြန်းသော ဆရာတော်များတွင် ဆရာတော် ဦးသုဘောဂလည်း ပါဝင် သည်။

ဆရာတော် ဦးသုဘောဂမှာ တောင်တွင်းကြီးမြို့ မြောက်ဘက် ၁၂မိုင်ကွာ အရပ်ရှိ ရဟန္တာကုန်း၌ သီတင်းသုံးတော်မူသော အရှင်သူမြတ် ဖြစ်သည်။သက်တော် ၆ဂ- နှစ်၊ ဝါတော် ၄ဂ-ဝါရှိသော တောရ ဆရာတော် ဖြစ်သည်။

ဆရာတော်ဘုရားသည် မောင်ထွန်းကြိုင် တရားဟောရာ ဓနုဖြူမြို့သို့ ကြွလာပြီး ပါဠိကျမ်းဂန်လာ စာအချို့ကို မေးမြန်းတော်မူသည်။မောင်ထွန်းကြိုင်က မကြောက်မရွံ့ပဲ ရဲဝံ့မှန်ကန်စွာ ဖြေဆိုပြခဲ့လေသည်။

ထိုခေတ်က ပိဋကတ် မောင်ထွန်းကြိုင်၏ အမည်သည် မြန်မာတနိုင်ငံလုံး ပျံ့နှံ့ထင်ရှားခဲ့သည်။ သူ့အကြောင်းကို သတင်းစာများကလည်း ရေးသားဖော်ပြကြသည်။

စာအုပ်များ ရေးသား၍လည်း ထုတ်ဝေ ရောင်းချကြသည်။ထို့ပြင် သူ့အကြောင်းကို ကဗျာများဖွဲ့ဆိုကြသည်။သီချင်းများ ရေးစပ်၍လည်း သီဆိုကြသည်။

ယင်းတို့အနက် ၁၂-လမ်း ဆရာဖောင် ရေးသား၍ နာမည်ကျော် အဆိုတော် မစိန်မှုန် သီဆိုသော သီချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

“မြတ်ဗုဒ္ဓာ သာသနာအတွင်းပေမို့၊ လောကုတ္တရာ ဘာသာအရင်းကိုဖြင့်၊ (သြော် )စာဓမ္မခံလင်းခဲ့တာက မောင်ထွန်းကြိုင် . . . . . . . အမည်ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။

အဘိဓမ္မာဓမ္မေသဘောကိုလ၊ သုတ်ပိနေယာ စာဖြေလို့ ဟောခဲ့တာကြောင့်၊ ပြောဖွယ် အရပ်ရပ်မှာဖြင့် ကမ္ဘာတည်၊ မြန်မာပြည်မှာဖြင့် ဓမ္မကထိက ပုဂ္ဂိုလ်ကျော်တဦး(၂)။ ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။

တောင်ကျွန်းဇမ္ဗူဒီ၊ လက်ယာမြေမဟီ၊ ဓမ္မာရွှေစီ ရွန်းလို့လာသည်။ ပန်းတနော်မင်းဆယ်နဂရ၊ ခပင်းနယ်အဝဝ၊ စံရမမီ(၂)။ တွေးရစ်ဖို့ စကားအတည်၊ လေးနှစ်သား ဇာမနည်။

(၂)၊ ကိုဘမောင် အမည်၊ မမမယ်ရီ၊ ပတ္တမြားရွှေကြုတ်မှာ၊ အားထုတ်ခါပ အတည်။ (ရှေးဘဝကုသလအညီ၊ ၂) ဓမ္မကထိက မောင်ထွန်းကြိုင်အမည်။ ၂) ပိဋကတ်သုံးပုံ၊ နှုတ်ငုံဆောင်နိုင်ကြည်၊ ဟုတ်ပေသည်။

ဘုရားဆုပန် မင်းယောက်ျားမို့ ထက်မြက်ပေသည်။ အဘိဓမ္မာ သဒ္ဒာသွင်းလို့၊ ရင်းဝဓနတည်ကြည်၊ (၂)။ (ထူးမြတ်ပေသည်)၂။ စာဂီ အာသီ ပါရမီ၊ မြန်မာပြည်အဝှန်းမှာ၊ ထွန်းတောက်ခဲ့သည်။ (ရှေးဘဝကုသလအညီ(၂)၊ ကထိက၊ မောင်ထွန်းကြိုင်အမည်(၂) ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်နိုင်ကြည်၊ ဟုတ်ပေသည်။

ဘဒ္ဒဤကမ္ဘာ မှတ်စရာတွေးကြည်၊ သဗ္ဗဗုဒ္ဓာဆုပတ္ထနာတောင်းသည်။ သတ္တဝါအပေါင်းကို အောင်ကြောင်းမျှော်ရည်၊ ရှိသမျှ တောင်းကျွန်းမဟီ၊ (၂)၊ (ရှေးဘဝကုသလအညီ) (ဓမ္မကထိက မောင်ထွန်းကြိုင်အမည် ၂)၊ ပိဋကတ်သုံးပုံ နှုတ်ငုံခေဆာင်နိုင်ကြည်။ ဟုတ်ပေသည်။

(ပတ်စာပိုး) ပိဋကတ်ရွှေစာ ပြေရွာ အတွင်းမှာလ အသေအချာ လင်းခဲ့တာက၊ ဓမ္မကထိကအခြေညီ၊ သတင်းကြားနှင့်မယုံကြည်၊ အချို့လူက ပြောကြပေသပ၊ နဂိုမူလ သဘောမှာတော့ ကုသလပါရမီ၊ ရှုကြစို့စာသာကီ ရုပ်ပုံဖိုတို ဘလောက်ကိုလ၊ အဟုတ်ပ ကြည်ညိုဖို့ ရောက်ခဲ့တာက မပြတ်မလပ်သပ တကယ် ကြည်၊ မောင်ထွန်းကြိုင်၏ ပါရမီ၊ မြန်မာပြည် ဟံသာဝတီအတွင်းမှာလ၊ ဖက်ပြိုင်လို့မသီ၊ စံတုမမီ၊ ရှေးဘဝက ကုသလပုညအတည်။ (၁၂)လမ်း ဆရာဖောင်၊ စားသွားနဝင်အေးကြည်။ (မစိန်မှုံ) ဆိုရ ပြန်တော့သည်။”

ထိုခေတ်က “ပိဋကတ်မောင်ထွန်းကြိုင်’အကြောင်း ရေးသားထုတ် စာအုပ်များတွင် “ဝိသေသထူးသော၊ ပုဂ္ဂိုလ်ထူး၊ ဓမ္မကထိက။သုံးဘဝကူး မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ” အမည်ရှိ စာအုပ်မှာ စုံလင်သည်။ ယင်းကို ရန်ကုန်မြို့၊ ၁ဂ၅ ဒါလဟိုဇီလမ်း၊ မောင်မြကြည် တံဆိပ်ထု စာပုံနှိပ်တိုက်က ထုတ်ဝေသည်။ထိုစာအုပ်တွင် မောင်ထွန်းကြိုင် ၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း ဖော်ပြသည်။

ပန်းတနော်မြို့ ယွန်းကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကိုလည်း ဖော်ပြသည်။ မောင်ထွန်းကြိုင် ဟောပြောသော တရားအချို့ကိုလည်း ပူးတွဲပြသည်။ မောင်ထွန်းကြိုင်အကြောင်း ဖွဲ့ဆိုသော ကဗျာနှင့် သီချင်အချို့ကိုလည်း ဖော်ပြသည်။

ထို့ပြင် မောင်ထွန်းကြိုင်၏ ဓာတ်ပုံ၊ မောင့်ထွန်းကြိုင်ဖခင် ကိုဘမောင်၏ ဓာတ်ပုံ၊ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍစ္စ၏ ပုံတော်၊ ထိုစဉ်က လက်ရှိကျောင်းတိုက် ဆရာတော် ဦးဇာဂရ၏ ပုံတော်စသည်တို့ကိုပါ ဖော်ပြထားသည်။

ထိုစာအုပ်၌ မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“ပန်းတနော်အပိုင်၊ မင်းဆယ့်ရွာ၌၊ မကွာတကွ နေထိုင်ကြသော၊ အဘ မောင်ဘမောင်၊ အမိ မမယ်ရီတို့တွင် ၁၂၈၁ခုနှစ် ပြာသိုလဆုတ် ၂ရက်၊ အင်္ဂါနေ့ည ၉နာရီအချိန်၌၊ ဘုန်းကံ ပါရမီနှင့် ယောက်ျားအာဇာနည်ဟု ဆိုအပ်သော သတို့သား မောင်ထွန်းကြိုင်ကို ဖွားမြောက်သန့်စင် အောင်မြင်ခဲ့သည်။

မောင်ထွန်းကြိုင်မှာ အသက် ၄နှစ်နှင့် ၆ လ၊ သေးငယ် နူနယ်သော အရွယ်ကပင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ငါးဖြာ ဓမ္မခန်၊ ရပ်နာမ်နှစ်ရပ်၊ စွဲကပ်ဒိဋ္ဌိ, ကင်းဘိသက္ကာ။

သစ္စာမလပ်၊ ပဋိစ္စသမုပ္ပါဒ်၊ ရုပ်ဓာတ်စီစဉ်၊ ဌီဘင်သဘောတို့ဖြင့် ကောင်းစွာ ကောင်းစွာ ဟောပြောနိုင်သည့်ပြင်၊ မကြောက်မရွံ့၊ စွန့်စွန့်စားစား၊ ယောက်ျားကောင်းပီပီ၊ တည်ကြည်သော သတ္တိထူး၊ သတ္တိမြတ်၊ ဂုဏ်သကတ်နှင့်လည်း ပြည့်စုံပေ၏။မောင်ထွန်းကြိုင်မှာ၊ ရှေးပုညပါရမီ စာဂီဘုန်းကံ ။

ရင့်သန်ခဲ့ပေရာ၊ လူသာမန်တို့ ကြံစည်ခြင်းငှာမရရာသော အဘိဓမ္မာ ဒေသနာတော်ကိုလည်း၊ မိမိကိုယ်တိုင်၊ ပိုင်ပိုင် နှိုင်နိုင်၊ ကြံ့ခိုင်သော သဘောထားဖြင့် ဆန်းပြားစွာ ဟောကြားပေသည့် အတွက်၊ လေးနက်လှစွာသော ပရမတ်တရားကို မှတ်သားနာယူဖို့ရာ၊ ကြွရောက်လာကြကုန်သော လူပရိသတ် ရဟန်းပရိသတ် ပုဂ္ဂိုလ်တို့က အထပ်ထပ် ကောင်းချီးဩဘာ ပေးခြင်းကို ခံရပေသတည်း။

ဓမ္မကထိက မောင်ထွန်းကြိုင်မှာ မိမိ တရားဓမ္မ ဟောပြ နေရာတွင် ကြွရောက်သော ပရိသတ် အပေါင်းတို့က၊ ဆုတောင်း မေတ္တာပို့သလျက်၊ ဉာဏ်ပူဇော်ကြသည့် ကြေးငွေ အသပြာတို့ကို မိမိကိုယ်တိုင်၊ တရားဟော၍ ရေစက်ချပြီးနောက်၊ တဖန် ပြန်၍ ငွေကြေး အသပြာတို့ကို စွန့်ကြဲပြန်လေသည်။

ဤသူငယ်လေး နှစ်သက်သော အဝတ်မှာ သင်္ကန်းရောင်နှင့် မခြားမနား။ဝါလဲ့လဲ့ ရှိသော အကျႌရှည်ကလေးကို အမြဲဝတ်လေ့ရှိသည့်အပြင်၊ စိပ်ပုတီးကို မပြမလပ် စိပ်၍ နေလေ့ရှိ၏။

စိပ်ပုတီးကို မိမိ၏လည်တွင် အမြဲလိုပင်ဆွဲဆင်၍ ထားလေ့ရှိပေသည်။တရား ဟောပြောမည့် နေရာသို့ ရောက်လျင်၊ မိမိဘခင် ဦးခေါင်း၌ ပေါင်းဆင်ထားသော ပဝါကို အချွတ်ခိုင်းလျက်၊ မိမိအပါးတွင် အမြဲနေစေသည်။

ယွန်းကျောင်းတိုက်အုပ် ဘုန်းတော် ကြီး ဦးဇာဂရက အမိန့်ရှိသည်မှာ မောင်ထွန်းကြိုင်မှာ အလွန်တရာမှ သေးငယ်နူနယ်သော အရွယ်ဖြစ်ရကား တရားဟောရာတွင် လွန်စွာရှည်လျားသဖြင့်၊ အသက်၏ အန္တရာယ်ဖြစ်မည် စိုး၍ တောင်းပန်သည်မှာ တနေ့လျှင် အချိန်အားဖြင့် နှစ်ကြိမ်ကျ၊

တကြိမ်လျှင် နံနက်အချိန်တွင် တနာရီခန့်မျှ၊ နေ့လယ်အချိန်၌ တနာရီခန့်မျှ ဟောပါဟု ပြောကြားပါသော်လည်း၊ မောင်ထွန်းကြိုင်က ပြန်ပြောသည်မှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက် သင်္ချေနှင့် ကမ္ဘာတသိန်း၊ ဖြည့်ဆည်းပူးမှ ရသောတရားကို ဟောပြောရပေလိမ့်မည်။

နိဗ္ဗာန်ရွှေပြည် မြတ်သို့ မရောက်သေးသမျှ ကာလပတ်လုံး၊ သံသရာဝဋ်အတွင်း နစ်မျော၍ လောက၌ ပဋိသန္ဓေ နေခြင်းဆင်းရဲ၊ အိုခြင်း ဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ တို့သည်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။ ဒုက္ခအမျိုးမျိုးနှင့် တွေ့ကြုံ သော ဘဝတမျိုးဖြစ်၍ ဟောရမည်ဖြစ်ကြောင်း ပြန်ပြောလေသည်။

မိမိမှာ “ဝတ်ကြောင်ပုဆိုး၊ ကောင်းကျိုးမပေး”ဆိုသော စကားကဲ့သို့ သူတော်သူမြတ်တို့ အရောင်အဝါဖြင့် မှောင်တဏှာ ကင်းရှင်းရန် တောထွက်ခြင်း တည်းဟူသော ရည်သန်ကိစ္စကိုကား ခဏခဏ ပြောဆိုလေ့ရှိကြောင်း။ မောင်ထွန်းကြိုင်မှာ ပါဠိဘာသာမှစ၍ စီကုံးဖွဲ့နွဲ့ထားသော စာမျိုးတို့ကိုပင် မိမိအလိုအလျောက် ဖတ်ပြနိုင်သည့်စွမ်းရည် ရှိသည့်ပြင်၊ အက္ခရာမှားသော စာများကိုပင်ပြင်ဆင်နိုင်သော သတ္တိထူးလည်း ရှိပေသည်။

မိမိ နာမည်ရေးလျက်၊ ၎င်းအောက်တွင် ‘သမ္မာသဗ္ဗုဒ္ဓ မတုလ’ ဟူ၍ အမြဲ ရေးသားလျက် ပါသည်။

အသင်္ခတဓာတ်၊ မြတ်သော နိဗ္ဗာန်ကို မရမီ ကာလပတ်လုံး၊ ဘုံသုံးပါး၌ ကျင်လည် မျောပါရကြကုန်သော သတ္တဝါအပေါင်းတို့အား၊ တရားဓမ္မ ဟောပြနိူင်သော ဘဝမျိုးတွင်သာ အခါမလင့်၊ အသင့်ဖြစ်ရပါ လို၏ဟု တိုတိုပင် ဆုတောင်းလေ့ရှိသည်ပြင်၊ အဆုံးစွန်သောဘဝတွင် သဗ္ဗညုတ ရွှေဉာဏ်ရှင် ဖြစ်ရပါလို၏ဟု ဆုတောင်း၏။

သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ ဘုန်းကံ ပါရမီရှိသည့်အလျာက်၊ မိန်းမများကို လွန်စွာ ရှောင်ရှားသည်။ သူ၏ မိခင်မှတပါး အခြားသော မိန်းမများကို မိမိ အပါးသို့ လာမည်ကိုကား များစွာ စိုးရိမ်လေသည်။လမ်းသွားသောအခါ မိန်းမများကို ဖယ်ကြပါဟု ပြောလေ့ပြောထရှိ၏။

မောင်ထွန်းကြိုင်မှာ ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့များတွင် တရားဟောနေခိုက်၊ ဆန်းကြယ်သော စကားတခွန်းကို ပြောဟောထားလေသည်။

ထိုစကားမှာ အခြားမဟုတ်။ ပန်းတနော်မြို့ကျမှ သူ၏ အဖြစ်အပျက်ကို ပြောပြမည်ဟု အနည်းငယ် ပါရှိလေသည်။

ထိုနောက် များမကြာမီ ပန်းတနော်မြို့သို့ ရောက်လာသောအခါ မိမိသည် ဆွမ်းကျွေးသော အိမ်တအိမ်မှာ နေစဉ်၊ ၎င်းဆွမ်းကျွေးသော အိမ်၌ ပန်းတနော် မြို့အရပ်ရှိ ယွန်းကျောင်းတိုက်၌ စာပို့ချလျက် နေသော၊ တိုက်အုပ် ဦးဇာဂရနှင့် အခြားဘုန်းတော်ကြီးများကို မြင်သောအခါ…..

ဦးဇဂရကို သိသည်ဟု၊ သူ့အနီးတွင်ရှိသော လူများကို မောင်ထွန်းကြိုင်က ပြော၍ “မောင်ဇာဂရ’’ ဟု ခေါ်ပြီးလျှင် အားရရွှင်လန်းစွာ ဦးဇာဂရကိုယ်တော်၏ ပေါင်ပေါ်သို့တက်ထိုင်ပြီး အနည်းငယ် စကားများကိုပြော၍ မိမိသည် ၎င်းဦးဇာဂရကိုယ်တော် သီတင်းသုံးသော ယွန်းကျောင်းသို့ တပါတည်း လိုက်ပါလျက်၊ မိမိမှာ ရှေးဘဝက ထိုကျောင်းတွင် ဆရာတော်ကြီးဖြစ်၍ နေထိုင်ခဲ့ဖူးသည်။

မိမိ နေထိုင်ခဲ့ဖူးသော အခန်းကို အထူးတလည် ရှေးဦးစွာပြလေသည်။ မိမိ အမည်တော်မှာ ဆရာတော်ဖြစ်စဉ်က ဦးပဏ္ဍိစ္စဟု အမည် ရှိသည်ဟု ပြောပြလေသည်။

မိမိတရားဟောသွားသော မြို့ရွာဒေသများတွင် ဦးဇာဂရကိုယ်တော်ကို အထူးတလည် မိမိနှင့်တပါတည်း ပါစေလိုသော ဆန္ဒလည်း ရှိပေသည်။

သို့မှသာလျှင် ရွှင်လန်းစွာနှင့် တရားဟော ပြောပေကြောင်း၊ ထို့ပြင် ယွန်းကျောင်း ဆရာတော်ကြီးဖြစ်စဉ် တောနယ်က တပည့်လက်သားများ ပင့်၍ သွားလိုသောအခါ မိမိစီးသွားသော လှေနာမည်ကို မောင်ထွန်းကြိုင်က “ဘေဘကြီး”ဟု ရုတ်တရက်ထုတ်တ်ဖော်ပြောပြလေ၏။

ယွန်းကျောင်းအနီးအနားတွင်ရှိသည့် ကိုပီကျက်ဥယျာဉ်တွင်းရှိသော ညောင်ပင်တပင်တွင် မိမိသည် ပျံလွန်တော်မှုပြီးလျှင်ပြီးချင်း ရုက္ခစိုးနတ် ၃-နှစ်ကျော်ဖြစ်ပြီးမှ ယခုလက်ရှိ မိခင်ဝမ်းမှာ ပဋိသန္ဓေနေရ၍ ဖွားမြင်လာကြောင်း။

ထိုနောက် တဖန်ပြောပြပြန်သည်မှာ မိမိအား ယွန်းကျောင်းတိုက်ကို ပြန်အပ်ရန် ပြောသောအခါ ဦးဇာဂရ ကိုယ်တော်က မောင်ထွန်းကြိုင်သင်္ကန်ဆီး၍ ကိုရင်ကလေးဖြစ်လျှင် ကျောင်းတိုက်ကို အပ်ပါမည်ဟု ပြောထားရပေ၏။ မောင်ထွန်းကြိုင်မှာ ဆရာတော်ဖြစ်စဉ်တွင် ဘုရားဆုကို အမြဲတောင်းလေ့ရှိ၏။ ညောင်တုန်းမြို့၌ ၁၂၈၆-ခု၊ တန်ဆောင်မုန်း လကွယ်နေ့က တရားမဟောမီ ရဟန်းပရိသတ်လူပရိသတ် ၅ဝဝဝ-ကျော်၊ ၆၀ဝဝ ခန့်ရှေ့တွင် မိမိသည် ရှေးဘဝက ယွန်းကျောင်းဆရာတော်ဖြစ်ခဲ့ဖူး၍ အမည်တော်မှာ ဦးပဏ္ဍိစ္စဖြစ်ကြောင်း၊ ဦးပဏ္ဍိစ္စ ပုံသဏ္ဌာန်ကို လည်း အထူးတူအောင် ပြောပြသွားကြောင်း။

ထို့ကြောင့် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့နိုင်ငံတော်တွင် အံ့ဖွယ်သရဲထူးကဲသော ဘုန်းပါရမီ ဝသီဓာတ်ခံတို့နှင့် အမှန်ပြည့်စုံသော သူတော်ကောင်းဖြစ်သည့်အံ့တိုင်း မောင်ထွန်းကြီးမှာ လောကီအကျိုးကို စက်ဆုပ်ရွံရှာသော အလိုအာသာလည်း ရှိရကား မေတ္တာ ကရုဏာရှေ့ထားလျက် မောင်ထွန်းကြိုင်အား ရှည်လျားမြင့်ကြာ ခန္ဓာညွန့်လျက်၊ ကုသိုလ်ဆက်ဖို့ အသက်ရှည်ရာ ရှည်ကြောင်း ဆုတောင်းဆုယူ ပြုတော်မူကြပါစေကုန်သတည်း။

ဤကား ထိုစဉ်က မောင်ထွန်းကြိုင်အကြောင်း ရေးသားဖော်ပြသော အတ္ထုပ္ပတ္တိ အကျဉ်းချုပ်များထဲမှ တခုပင်ဖြစ်သည်။
Myint Mo Aung

No comments:

Post a Comment