Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 28, 2018

အေလာင္းျပန္ေဖာ္စစ္ေဆးရာမွ ေဖာက္ျပန္တဲ႔လင္ငယ္မွ လင္ၾကီးအား ရိုက္သတ္မႈျဖစ္ပြားခဲ႔ေၾကာင္းေပၚ

 ေတာင္ယာပဲခင္းေစာင့္ေနသည့္ အမ်ိဳးသားတစ္ဦး
ဒဏ္ရာမ်ားျဖင့္ေသဆံုးသည္ကို ေန႔ခ်င္းေျမျမဳပ္သၿဂိၤဳလ္သည့္ကိစၥ မသကၤာ၍ ျပန္ေဖာ္စစ္ေဆးရာမွ လူသတ္မႈေပၚေပါက္ခဲ႔သည္ဟု ေရတာရွည္ၿမိဳ႕မရဲစခန္းမွ စုံစမ္းသိရွိရပါသည္။

ျဖစ္စဥ္တြင္ ေတာင္ငူခရိုင္ ေရတာရွည္ၿမိဳ႕ အေနာက္ဘက္ ၂၁မိုင္ခန္႔အကြာ စေကြးအုပ္စု ေအာင္ခ်မ္းသာေက်းရြာ အေရွ႕ေတာင္ဘက္တစ္မိုင္ခြဲခန္႔အကြာရွိ ယာပဲခင္း ေစာင့္ေနသူ ဦးေစာလွမူး အသက္(၆၂)ႏွစ္တြင္ နံနက္ ၆ နာရီအခ်ိန္ခန္႔ တဲေပၚတြင္ ဦးေခါင္းေသြးထြက္ ဒဏ္ ရာျဖင့္ေသဆံုးေနသည္ကို သမီးျဖစ္သူ မေနာ္လားေဖာ္ဖာ ကေတြ႕ရွိခ့ဲျခင္းျဖစ္သည္။ ထိုသို႔ျဖစ္ပြားသည္ကို မိခင္ေဒၚေအးျမင့္မွ ေသြးရိုးသားရိုးတဲေပၚမွလိမ့္က်သည္ဟု ေန႔ခ်င္းသၿဂိၤဳလ္ခိုင္းျခင္းျဖစ္ေၾကာင္း သတင္းအား ေမ ၂၆ ရက္ေန႔ ညေနပိုင္း၌ ေရတာရွည္ၿမိဳ႕မရဲစခန္းသို႔ သတင္းေပးတိုင္တန္းခ့ဲျခင္းျဖစ္သည္။

ထိုသို႔ ေပးပို႔ေသာသတင္းအား အခင္းျဖစ္သည့္ ေဒသသို႔ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္စစ္ေဆးခ့ဲရာ ေသဆံုးသူ ဦးေစာလွမူး အား ေခ်ာင္းတစ္ဘက္ကမ္းရွိ ေတာင္ ေၾကာတြင္ျမဳပ္ႏွံထားသည္ကိုေတြ႕ရွိသျဖင့္ တူးေဖၚၾကည့္ရႈစဥ္ နဖူး၌ ေပါက္ၿပဲဒါဏ္ရာ ၂ ခ်က္ကိုေတြ႕ရွိခ့ဲသည္။ ဆက္လက္စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ေသဆုံးသူ ဇနီး ေဒၚေအးျမင့္တြင္ တစ္ရြာတည္းေန ဖားစံျမင့္ (၃၈)ႏွစ္ ႏွင့္ လူမႈေရးေဖာက္ျပန္ေနၿပီး ဦးေစာလွမူးအား ဖားစံျမင့္မွ တုတ္ျဖင့္ရိုက္သတ္ခ့ဲ ျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိရသည္ဟု ေျပာၾကားသည္။

ထိုေနာက္ တရား ဖားစံျမင့္ (၃၈)ႏွစ္ ေအာင္ခ်မ္းသာ
ေက်းရြာ ေနသူအား ေရတာရွည္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ၾကီးပုဒ္မ ၃၀၂အရစစ္ေဆးေဆာင္ရြက္လ်ွက္ရွိေၾကာင္း သတင္းရရွိပါသည္။

သတင္းဓါတ္ပုံ – သာခိုင္(တံျမက္စည္း)
 luckymyanmar


# Unicode Version ျဖင့္ ဖတ္ပါ #
တောင်ယာပဲခင်းစောင့်နေသည့် အမျိုးသားတစ်ဦး
ဒဏ်ရာများဖြင့်သေဆုံးသည်ကို နေ့ချင်းမြေမြုပ်သဂြိၤုလ်သည့်ကိစ္စ မသင်္ကာ၍ ပြန်ဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့သည်ဟု ရေတာရှည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရပါသည်။

ဖြစ်စဉ်တွင် တောင်ငူခရိုင် ရေတာရှည်မြို့ အနောက်ဘက် ၂၁မိုင်ခန့်အကွာ စကွေးအုပ်စု အောင်ချမ်းသာကျေးရွာ အရှေ့တောင်ဘက်တစ်မိုင်ခွဲခန့်အကွာရှိ ယာပဲခင်း စောင့်နေသူ ဦးစောလှမူး အသက်(၆၂)နှစ်တွင် နံနက် ၆ နာရီအချိန်ခန့် တဲပေါ်တွင် ဦးခေါင်းသွေးထွက် ဒဏ် ရာဖြင့်သေဆုံးနေသည်ကို သမီးဖြစ်သူ မနော်လားဖော်ဖာ ကတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားသည်ကို မိခင်ဒေါ်အေးမြင့်မှ သွေးရိုးသားရိုးတဲပေါ်မှလိမ့်ကျသည်ဟု နေ့ချင်းသဂြိၤုလ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းအား မေ ၂၆ ရက်နေ့ ညနေပိုင်း၌ ရေတာရှည်မြို့မရဲစခန်းသို့ သတင်းပေးတိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပေးပို့သောသတင်းအား အခင်းဖြစ်သည့် ဒေသသို့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးစောလှမူး အား ချောင်းတစ်ဘက်ကမ်းရှိ တောင် ကြောတွင်မြုပ်နှံထားသည်ကိုတွေ့ရှိသဖြင့် တူးဖေါ်ကြည့်ရှုစဉ် နဖူး၌ ပေါက်ပြဲဒါဏ်ရာ ၂ ချက်ကိုတွေ့ရှိခဲ့သည်။ ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးသူ ဇနီး ဒေါ်အေးမြင့်တွင် တစ်ရွာတည်းနေ ဖားစံမြင့် (၃၈)နှစ် နှင့် လူမှုရေးဖောက်ပြန်နေပြီး ဦးစောလှမူးအား ဖားစံမြင့်မှ တုတ်ဖြင့်ရိုက်သတ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြောကြားသည်။

ထိုနောက် တရား ဖားစံမြင့် (၃၈)နှစ် အောင်ချမ်းသာ
ကျေးရွာ နေသူအား ရေတာရှည်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ – သာခိုင်(တံမြက်စည်း)
 luckymyanmar

No comments:

Post a Comment