CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 29, 2018
အိမ်တံခါးသော့ဖျက်ပြီး ပစ္စည်းနှင့်ကားခိုးသည့် သူခိုးကို ရွာသား များဖမ်းမိ
တောင်ကြီးမြို့ ပေါမူရွာတွင် အိမ်တံခါးသော့ကို ဖျက်ပြီး ပစ္စည်းနှင့် ကားခိုးယူသည့် သူခိုးကို ရွာသားများက ဝိုင်းဖမ်းမိပြီး ရဲလက်ထဲ အပ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်သည်မေလ ၂၈ ရက်နေ့ ဦးပျေား(ခ)ဦးဥာဏ်အိမ်က သော့ခတ်ပြီးခြံသွားနေစဉ် မနက် ၁၀ နာရီအချိန်ခန့်တွင် မိုးရွာပြီး အလုပ်လုပ်ရန် အဆင်မပြေသည့်အတွက် အိမ်သို့ပြန်လာစဉ် အိမ်တွင်းရှိကားကို သူခိုးကမောင်းနှင်ရန်ကြိုးစားသည်ကို တွေ့ပြီး သူခိုးကို ဆွဲချရာ ထွက်ပြေးသွားသောကြောင့် ရွာတွင်းရှိကာလ သားလူငယ်များက လိုက်လံဖမ်းဆီးရာ ရွာဘုန်းကြီးကျောင်း တောင်ဘက်တွင်ဖမ်းမိခဲ့ကြောင်းသိရသည်။
``ဆိုင်ကယ်ကိုထားခဲ့ပြီး ကားကိုမောင်းသွားဖို့ လုပ်နေတာကို ကျွန်တော့အဖေကတွေ့တော့ ဆွဲချလိုက်တာထွက်ပြေးသွားတယ်။ အဲ့အချိန်ကျွန်တော်လည်းပြန်ရောက်လာတော့ ရွာထဲကလူငယ်တွေနဲ့ လိုက်ဖမ်းရင်းဖမ်းမိတာပါ။ သူခိုးရဲ့ဖိနပ်နဲ့ဆိုင်ကယ်တော့ ကျန်ခဲ့တယ်´´ဟု သူခိုးကို လိုက်ဖမ်းသည့် ခွန်ရဲထွန်းကပြောသည်။
ဆိုင်ကယ်ကိုလည်း ထီဟော်ရွာက ခိုးလာခြင်းဖြစ်ကြောင်း ရွာသား များထဲမှ အွဉ်လိုင်းပေါ်တင်ထားသည်ကို တွေ့ပြီးထီဟော်ရွာသားများ လိုက်လံမေးမြန်းစဉ် ရဲလက်ထဲသို့အပ်ပြီးပြီဖြစ်ကြောင်းသိရသည်။
``ဆိုင်ကယ်ရော လူရောကျွန်တော်တို့ တောင်ကြီးမြို့အမှတ် ၂ ရဲစခန်းကိုအပ်လိုက်တယ် ထီဟော်ရွာသားတွေ တောင်ကြီးထိလိုက် သွားတယ် ပြန်ရမရတော့မသိဘူး´´ဟုခွန်ရဲထွန်းကဆက်ပြောသည်။
အိမ်တံခါးသော့ဖျက်ပြီး အိမ်တွင်းရှိ ရွှေလက်စွပ်နှစ်ကွင်း၊ တစ်ကျပ် သားရှိရွှေဆွဲကြိုးနှစ်ကုံးနှင့် ငွေကျပ်သုံးသိန်းကျော်အပြင် ကားကိုပါ မောင်းနှင်သွားရန်ကြိုးစားခြင်းဖြစ်ကြောင်း၊ ပေါမူဒေသတွင် ဆိုင်ကယ် များပျောက်ခြင်း၊ ကားဘက်ထရီများဖြုတ်ယူခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်း သိရသည်။
ဖမ်းဆီး ရမိသူကို ရဲက စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး အသေးစိတ်မသိရသေးကြောင်းသိရသည်။
နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
အိမ်တံခါးသော့ဖျက်ပြီး ပစ္စည်းနှင့်ကားခိုးသည့် သူခိုးကို ရွာသား များဖမ်းမိ
Reviewed by MP4 YoU
on
May 29, 2018
Rating: 5
Reviewed by MP4 YoU
on
May 29, 2018
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment