Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 25, 2018

မကျေနပ်၍ မိန်းမအား ဓါးဖြင့်ခုတ်သည်ဟု မူလတန်းကျောင်းအုပ်တရားခံမှ ထွက်ဆို



ကျောက်တော် မေ ၂၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှ ကျောင်းအုပ်ဆရာကြီးမှာ ဇနီးသည်ကို သတ်ပြီး ထွက်ပြေးသွားစဉ် ကိုးဆယ်ကိုးတောင်၌ ဖမ်းဆီးရ မိကြောင်း ကျောက်တော်ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မေလ (၂၃)ရက်နေ့ နံနက် (၅)နာရီခွဲက မူအုပ်ဆရာကြီး ဦးအောင်တင်ဝင်း(၅၁)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဦးသန်းနွယ် (၄၉)နှစ်၏ မျက်နှာကို နေအိမ် ဈေးဆိုင်ခန်းတွင် ငှက်ကြီးတောင် ဓါးဖြင့် ငါးချက် ခုတ်သတ်ခဲ့၍ ထွက်ပြေးစဉ် ၎င်းနေ့ ညနေ (၃) နာရီခွဲတွင် ရဲအုပ် မင်းသိန်းစော နှင့်အဖွဲ့မှ တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။

တရားခံမှ မိန်းမဖြစ်သူအား သမီးတို့နေအိမ်တွင် သွားရောက်အိပ်နေသောကြောင့် မကျေနပ်၍ ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဟု ရဲစစ်ချက်၌ ထွက်ဆိုသွားကြောင်း သိရသည်။

ထိုနောက် တရားခံ ကျောင်းအုပ်ကြီးအား ( ပ)အမှတ် ၉၆/၂၀၁၈၊ ပုဒ်မ ၃၀၂ ဖြင့် ကျောက်တော်မြို့မ ရဲစခန်း၌ အမှုဖွင့်ကာ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးလွင်မှ ပြောကြားသည်။

သတင်း/ဓါတ်ပုံ- လူထုဇော်ဝင်း(ကျောက်တော်)
.......................................................................


No comments:

Post a Comment