Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 26, 2018

မိန္းကေလး ငယ္ငယ္တိုင္းအတြက္ အေရးၾကီးလို႕ ေက်ာ္မသြားပဲ ဖတ္ၾကည့္ဗ်ာ (သမီးရွင္ေတြ သတိထားဖို႔ (နားနဲ႔မနာ ဖဝါးနဲ႔နာ ပါ))

မေရးခ်င္ေပမယ့္_ေရးလိုက္ပါဦးမည္​။

ဒီ​ေန႔​ေဆးခန္​းမွာ case 2 ခု တၿပိဳင္​တည္​း ရပါသည္​။ ပထမ case က ၂၃နွစ္​ပါ။

က်မရဲ႕ထံုးစံက ultrasoud ၾကည္​့ရင္​း early pregnancy ​ေတြ႔ရင္​ ကိုယ္​ဝန္​႐ွိ​ေနၿပီလို႔ တခါတည္း တန္​းမ​ေျပာပဲ အိမ္​​ေထာင္​႐ွိလားလို႔ အရင္​​ေမးတတ္​ပါတယ္​။ အိမ္​​ေထာင္​မ႐ွိတဲ့ ကိုယ္​ဝန္​​ေဆာင္​ တ​ေန႔တျခား မ်ားလာတဲ့​ေခတ္​ႀကီးမွာ လူနာနဲ႔အ​ေဖာ္​ပါလာတဲ့သူကို မသိ​ေစခ်င္​လို႔ပါ။

အိမ္​​ေထာင္​မ႐ွိဘူးလို႔​ ေျဖ​ေတာ့ ရည္​းစား​ေရာ႐ွိလား​ေပါ့။ ရည္​းစားလည္​းမ႐ွိဘူး ဆရာမ။ အဲ့သလိုဆိုျပန္​​ေတာ့ မတတ္​ႏိုင္​​ေတာ့ သမီး ကိုယ္​ဝန္​ ၆လျပည္​့​ေတာ့မယ္​။ အတူ​ေနဖူးတဲ့ ေယာက်္ား​ေတာ့ ႐ွိကို႐ွိ​ေနမွာမို ့ အဲဒီလူကို လက္​ထပ္​လိုက္​ဖို႔ ႀကိဳးစားပါလို႔​ ေျပာလိုက္​​ေရာ.. ဆရာမ​ေ​ရ႕ ကူပါကယ္​ပါနဲ႔ ငိုပါ​ေလ​ေရာ။.. အဲ့ဒါနဲ႔ အဓိက ဘယ္​​သူနဲ႔ရတဲ့ကိုယ္​ဝန္​လည္​းဆိုတာပဲ အ​ေရးႀကီးဆံုး​ေလ.. အရင္​ဆံုး လင္​​ေကာင္​​ေဖာ္​ရမွာမို႔ ဘယ္​သူနဲ႔ရတာလည္​းသမီး.. ပထမ​ေတာ့မ​ေျဖပါ…

ကဲ ဆရာမကိုမ​ေျဖရင္​လည္​း အိမ္​က်ရင္​ မိသားစုကို​ေျဖၿပီး အဲ့ဒီလူနဲ႔ ယူဖို႔ စီစဥ္​​ေပါ့လို႔​ေျပာမွ အိမ္​ကို​ေျပာလို႔မျဖစ္​ဖူး။ အိမ္​ကို​ေျပာရင္​ အ​ေမႀကီး လဲ​ေသသြားလိမ္​့မယ္​.။ ယူလို႔လည္​းမျဖစ္​ႏိုင္​ဘူး…ဆို​ေတာ့ ဘယ္​သူျဖစ္​​ေနလို႔​လည္​းသမီးလို႔ က်မထပ္​​ေမးမိ​ေတာ့ အကိုဝမ္​းကြဲပါတဲ့ .. သမီးတို႔အိမ္​က​ေန GTC လာတက္​တာပါတဲ့…။

သမီးတို႔ ခ်စ္​သူ​ေတြလားဆို​ေတာ့ မဟုတ္​ဖူးတဲ့။ မဟုတ္​ပဲနဲ႔ ဘာလို႔ အတူ​ေနျဖစ္​တာလည္​းလို႔ ထပ္​​ေမး​ၾကည္​့ေတာ့ အိမ္​မွာ အားလံုးအျပင္​သြားတဲ့​ေန႔ အကို ေက်ာင္​းကျပန္​လာရင္​း သမီးကိုဆြဲၿပီး အတူ​ေနတာပါတဲ့။ မ႐ုန္​းဘူးလား။ မ​ေအာ္​ဘူးလားဆိုတဲ့​ ေမးခြန္​း​ေတြကို ဆက္​မ​ေျဖပဲ ငူငူႀကီး ျင္ိမ္​​ေနပံု​ေထာက္​​ေတာ့ သူကိုယ္​တိုင္​က အလိုတူခဲ့ပံုပါပဲ။

အဲ့ဒါနဲ႔ အိမ္​ကိုဖြင္​့​ေျပာၿပီး ယူလိုက္​​ေတာ့​ေပါ့သမီးရယ္​ လို႔ပဲ​ ေျပာျဖစ္​ပါသည္​..။ သူက​ေတာ့ ယူလို႔မရဘူး ​ေမာင္​ႏွမဝမ္​းကြဲ​ေတြမို႔ဆိုၿပီး ထပ္​ခါထပ္​ခါ​ ေျပာလာ​ေတာ့ ယူလို႔ ရလို႔ ညား​ေတာင္​​ေနၿပီသမီး​ေရ… ဒီဗိုက္​က​ ေနာက္​လဆို ဖံုးလို႔မရ​ေတာ့ဘူး။ ဒီလထဲမွာ လူႀကီး​ေတြဖြင္​့​ေျပာၿပီး ဆြဲစိထားႏုိင္​မွ ရ​ေတာ့မွာ.. အိမ္​ကိုဖြင္​့​ေျပာလိုက္​လို႔ အၾကံ​ေပး​ေတာ့ အိမ္​ကို​ေတာ့ လံုးဝအသိခံလို႔မရ..။ ရတယ္​။ သမီးဘာသာ ၾကံအုံးမယ္​လို႔ ဥာဏ္​ႀကီး႐ွင္​မမက ဆိုပါတယ္​။

ဒီ​ေနရာမွာ က်မ ညီမ​ေလး​ေတြကို သတိ​ေပးခ်င္​တာက ဒီလိုျပသနာ ၾကံဳလာခဲ့ရင္​ အရင္​ဆံုး ႀကိဳးစားရမွာ လင္​​ေကာင္​​ေပၚဖို႔ က​ေလးအ​ေဖ ဖမ္​းမိဖို႔မို႔ ဒီကိစၥကို အရင္​ဆံုးအသိ​ေပးသင့္​သူ​ေတြက ညီမ​ေလးတို႔ရဲ႕ အ​ေမနဲ႔ မိသားစုဝင္​​ေတြကိုပါ။ ကိုယ္​မွ အ​ေနအထိုင္​မတတ္​ခဲ့​ေတာ့ ႐ိုက္​လည္​းခဏ​ေပါ့လို႔​ေတာ့​ ေတြးၾကည္​့လိုက္​ပါ။ ဘယ္​အ​ေမ ဘယ္​အကိုမွ​ေတာ့ ​ေသ​ေအာင္​ မသတ္​ႏိုင္​တာမို႔ အနီးစပ္​ဆံုးမိသားစုဝင္​​ေတြကို အဓိက ယံုၾကည္​​ေပးၿပီး အကူအညီ​ ေတာင္​း​ေပး​ေစခ်င္​ပါတယ္​။ ​ေနာက္​တခုအၾကံ​ေပးခ်င္​တာက ​႐ုွပ္​​ေထြးလွတဲ့ အခု​ေခတ္​ထဲမွာ ​သမီးမိန္​းက​ေလး႐ွိတဲ့ အိမ္​တိုင္​းမွာ ​ေယာက်္ားလူပ​်ိဳ လူအို ဘယ္​သူ႔ကိုမဆို ယံုၾကည္​ၿပီး တမိုး​ေအာက္​ထားမယ္​ဆိုရင္​ သတိႀကီးႀကီးထားၾကဖို႔ လိုလာၿပီဆိုတာပါပဲ။ ကိုယ္​့သမီး လစဥ္​ရာသီလာ မလာကို တ​ေစ့တ​ေစာင္​း အကဲခတ္​ရမွာ လစဥ္​​ေမ​ေမတို႔တာဝန္​ ျဖစ္​​ေနၿပီ​ေနာ္​။

ကဲ..ထားပါ​ေလ။ အဲ့ဒီ သမီးၾကံပါမယ္​ဆိုတဲ့ ​ေရႊဥာဏ္​႐ွင္​မမ​ေလးကို တတ္​သ​ေလာက္​မွတ္​သ​ေလာက္​နဲ႔ ​ေဆြး​ေႏြးဖိတ္​​ေခၚ အၾကံ​ေပး အၿပီးမွာ က်မ အျခားလူနာ ဆက္​ၾကည္​့​ေနခဲ့ပါတယ္​။

၁၅မိနစ္​​ေလာက္​သာျခားၿပီး မမ OG ဝင္​လာပါတယ္​ ျမတ္​သန္​႔​ေရ.. ဒီမွာနင္​့ case ​ေဟ့.. စိတ္​ပ်က္​လြန္​း​ေပမယ္​့ ​ေပါက္​ကရ​ေလွ်ာက္​လုပ္​ရင္​ ငါလည္​း ဒုကၡမ်ားမွာမို႔ ကိုယ္​တိုင္​လာပို႔တာ…ဆိုၿပီး ၁၆ႏွစ္​မျပည္​့​ေသးတဲ့​ ေကာင္​မ​ေလးတစ္​​ေယာက္​နဲ႔ ဝင္​လာပါတယ္​။.

ရည္​းစားလည္​းမထားဖူး .. အိမ္​အျပင္​လည္​း ထြက္​မလည္​တတ္​တဲ့ က​ေလးမ​ေလးက ကိုယ္​ဝန္​ .၄လ​ေက်ာ္​ေနၿပီမို႔ပါတဲ့။​ သူ႔အ​ေမ.. မမ OG နဲ႔ က်မ အစ္​ေအာက္​​ေမးလိုက​္​ေတာ့ တရားခံ ထြက္​လာပါတယ္​။ တရားခံက အ​ေမရဲ႕ အကိုႀကီးပါဆို​ေတာ့ က်မႏႈတ္​က​ေတာင္​ ​ေႀသာ္​ ..ဘႀကီး​ေပါ့ လုပ္​ရက္​လိုက္​တာလို႔ ၿငီးမိပါတယ္​။ ငယ္​​ငယ္ေလးထဲက ဘဘကလည္​းအရမ္​းခ်စ္​ သူကလည္​း ဘဘကို အရမ္​းခ်စ္​တာမို႔ ဘႀကီးက ညအိပ္​ည​ေန သူတို႔အိမ္​ကို အလည္​လာတိုင္​း မွာ ဘဘရဲ႕အိပ္​ရာထဲမွာ အတူသြားအိပ္​ပါတယ္​တဲ့။ ငယ္​စဥ္​ထဲက​ေပါ့။

ဘဘက ဟိုဟိုဒီဒီစမ္​း​ေတာ့ သမီးက မလုပ္​ပါနဲ႔လို႔​ ေျပာပါတယ္​တဲ့။ ဒါ​ေပမယ္​့ ေဆးပညာအရ​ေတာ့ အမွန္​တကယ္​ျငင္​းဆိုျခင္​း မ​ေျမာက္​ဘူး ​ေျပာရမယ္​​ေပါ့။ ဘဘကလည္​း ခု​ေနာက္​ပိုင္​း ​ေဆးကုလာတယ္​ဆိုၿပီး ခဏခဏ ညအိပ္​ည​ေန လာပါတယ္​တဲ့။ အသက္​ ၇၀ ဘဘခမ်ာ ​ေနသာမ​ေကာင္​းတယ္​ အစားအ​ေသာက္​က​ေတာ့​ ေကာင္​း​ေနပံုပဲ။

ဘယ္​လိုပဲ သ​ေဘာတူသည္​ျဖစ္​​ေစ သ​ေဘာမတူပဲ လုပ္​သည္​ျဖစ္​​ေစ အဲ့သလို​ ေဆြမ်ိဳးရင္​းနဲ႔ ကိုယ္​ဝန္​ရတဲ့ မိန္​းမငယ္​​ေတြဟာ ခ်စ္​သူနဲ႔ ကိုယ္​ဝန္​ရတဲ့သူ​ေတြထက္​ ပိုၿပီး စိတ္​ထိခိုက္​ခံစားရျပီး အရိပ္​မဲႀကီး ပိုက်န္​ရစ္​ခဲ့ၿပီမို႔ ​ေမ​ေမတို႔အ​ေနနဲ႔. ကိုယ္​့သမီးေလး ဘယ္​အရြယ္​မဆို ဘယ္​လို ​ေယာက္​်ားမ်ိဳးနဲ႔မွ ႏွစ္​ဦးထဲလႊတ္​မ​ေပး လႊတ္​မထား​ေတာ့ပဲ သတိႀကီးႀကီးနဲ႔ ထိန္​းသိမ္​းတတ္​ဖို႔ အၾကံ​ေပးပါရ​ေစ။ ​

ေနာက္​ၿပီး က​ေလး​ေတြကိုလည္​း မိန္းမကိုယ္ကို တင္​ပါးကို ​ေပါင္​ကို ရင္​သားကို ​ေမ​ေမနဲ႔ ဖြားဖြားကလြဲလို႔ မည္​သူ႔ကိုမွ မျပရ မထိ​ေတြ႔​ေစရ အကိုင္​တြယ္​မခံရ​ေၾကာင္​း တကယ္​လို႔ တဦးဦးက အဲ့သလို လုပ္​လာခဲ့ရင္​လည္​း​ ေမ​ေမတို႔ကို အရင္​ဆံုး​ေျပာဖို႔ ငယ္​စဥ္​ထဲက သင္​ၾကား​ေပးဖို႔ အၾကံ​ေပးရင္​း ဒီ​ေန႔ က်မၾကံဳ​ေတြ႔ခဲ့ရတာ​ေလး​ေတြကို ဗဟုသုတအျဖစ္​​ မ်ွ​ေဝ​ေပးလိုက္​ပါတယ္​။

ပြင္​့​ေသာပန္​းတိုင္​း လွႏိုင္​ ​ေမႊးႏိုင္​ လန္​းႏိုင္​ပါ​ေစ။

: ျမင္​့မို​ရ္ေမတၱာ (ခိုနားရာ)

#Unicode Version#
#မရေးချင်ပေမယ့်_ရေးလိုက်ပါဦးမည်။

ဒီနေ့ဆေးခန်းမှာ case 2 ခု တပြိုင်တည်း ရပါသည်။ ပထမ case က ၂၃နှစ်ပါ။

ကျမရဲ့ထုံးစံက ultrasoud ကြည့်ရင်း early pregnancy တွေ့ရင် ကိုယ်ဝန်ရှိနေပြီလို့ တခါတည်း တန်းမပြောပဲ အိမ်ထောင်ရှိလားလို့ အရင်မေးတတ်ပါတယ်။ အိမ်ထောင်မရှိတဲ့ ကိုယ်ဝန်ဆောင် တနေ့တခြား များလာတဲ့ခေတ်ကြီးမှာ လူနာနဲ့အဖော်ပါလာတဲ့သူကို မသိစေချင်လို့ပါ။

အိမ်ထောင်မရှိဘူးလို့ ဖြေတော့ ရည်းစားရောရှိလားပေါ့။ ရည်းစားလည်းမရှိဘူး ဆရာမ။ အဲ့သလိုဆိုပြန်တော့ မတတ်နိုင်တော့ သမီး ကိုယ်ဝန် ၆လပြည့်တော့မယ်။ အတူနေဖူးတဲ့ ယောကျ်ားတော့ ရှိကိုရှိနေမှာမို့ အဲဒီလူကို လက်ထပ်လိုက်ဖို့ ကြိုးစားပါလို့ ပြောလိုက်ရော.. ဆရာမရေ့ ကူပါကယ်ပါနဲ့ ငိုပါလေရော။.. အဲ့ဒါနဲ့ အဓိက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လည်းဆိုတာပဲ အရေးကြီးဆုံးလေ.. အရင်ဆုံး လင်ကောင်ဖော်ရမှာမို့ ဘယ်သူနဲ့ရတာလည်းသမီး.. ပထမတော့မဖြေပါ…

ကဲ ဆရာမကိုမဖြေရင်လည်း အိမ်ကျရင် မိသားစုကိုဖြေပြီး အဲ့ဒီလူနဲ့ ယူဖို့ စီစဉ်ပေါ့လို့ပြောမှ အိမ်ကိုပြောလို့မဖြစ်ဖူး။ အိမ်ကိုပြောရင် အမေကြီး လဲသေသွားလိမ့်မယ်.။ ယူလို့လည်းမဖြစ်နိုင်ဘူး…ဆိုတော့ ဘယ်သူဖြစ်နေလို့လည်းသမီးလို့ ကျမထပ်မေးမိတော့ အကိုဝမ်းကွဲပါတဲ့ .. သမီးတို့အိမ်ကနေ GTC လာတက်တာပါတဲ့…။

သမီးတို့ ချစ်သူတွေလားဆိုတော့ မဟုတ်ဖူးတဲ့။ မဟုတ်ပဲနဲ့ ဘာလို့ အတူနေဖြစ်တာလည်းလို့ ထပ်မေးကြည့်တော့ အိမ်မှာ အားလုံးအပြင်သွားတဲ့နေ့ အကို ကျောင်းကပြန်လာရင်း သမီးကိုဆွဲပြီး အတူနေတာပါတဲ့။ မရုန်းဘူးလား။ မအော်ဘူးလားဆိုတဲ့ မေးခွန်းတွေကို ဆက်မဖြေပဲ ငူငူကြီး ြငိမ်နေပုံထောက်တော့ သူကိုယ်တိုင်က အလိုတူခဲ့ပုံပါပဲ။

အဲ့ဒါနဲ့ အိမ်ကိုဖွင့်ပြောပြီး ယူလိုက်တော့ပေါ့သမီးရယ် လို့ပဲ ပြောဖြစ်ပါသည်..။ သူကတော့ ယူလို့မရဘူး မောင်နှမဝမ်းကွဲတွေမို့ဆိုပြီး ထပ်ခါထပ်ခါ ပြောလာတော့ ယူလို့ ရလို့ ညားတောင်နေပြီသမီးရေ… ဒီဗိုက်က နောက်လဆို ဖုံးလို့မရတော့ဘူး။ ဒီလထဲမှာ လူကြီးတွေဖွင့်ပြောပြီး ဆွဲစိထားနိုင်မှ ရတော့မှာ.. အိမ်ကိုဖွင့်ပြောလိုက်လို့ အကြံပေးတော့ အိမ်ကိုတော့ လုံးဝအသိခံလို့မရ..။ ရတယ်။ သမီးဘာသာ ကြံအုံးမယ်လို့ ဉာဏ်ကြီးရှင်မမက ဆိုပါတယ်။

ဒီနေရာမှာ ကျမ ညီမလေးတွေကို သတိပေးချင်တာက ဒီလိုပြသနာ ကြုံလာခဲ့ရင် အရင်ဆုံး ကြိုးစားရမှာ လင်ကောင်ပေါ်ဖို့ ကလေးအဖေ ဖမ်းမိဖို့မို့ ဒီကိစ္စကို အရင်ဆုံးအသိပေးသင့်သူတွေက ညီမလေးတို့ရဲ့ အမေနဲ့ မိသားစုဝင်တွေကိုပါ။ ကိုယ်မှ အနေအထိုင်မတတ်ခဲ့တော့ ရိုက်လည်းခဏပေါ့လို့တော့ တွေးကြည့်လိုက်ပါ။ ဘယ်အမေ ဘယ်အကိုမှတော့ သေအောင် မသတ်နိုင်တာမို့ အနီးစပ်ဆုံးမိသားစုဝင်တွေကို အဓိက ယုံကြည်ပေးပြီး အကူအညီ တောင်းပေးစေချင်ပါတယ်။ နောက်တခုအကြံပေးချင်တာက ရုှပ်ထွေးလှတဲ့ အခုခေတ်ထဲမှာ သမီးမိန်းကလေးရှိတဲ့ အိမ်တိုင်းမှာ ယောကျ်ားလူပျို လူအို ဘယ်သူ့ကိုမဆို ယုံကြည်ပြီး တမိုးအောက်ထားမယ်ဆိုရင် သတိကြီးကြီးထားကြဖို့ လိုလာပြီဆိုတာပါပဲ။ ကိုယ့်သမီး လစဉ်ရာသီလာ မလာကို တစေ့တစောင်း အကဲခတ်ရမှာ လစဉ်မေမေတို့တာဝန် ဖြစ်နေပြီနော်။

ကဲ..ထားပါလေ။ အဲ့ဒီ သမီးကြံပါမယ်ဆိုတဲ့ ရွှေဉာဏ်ရှင်မမလေးကို တတ်သလောက်မှတ်သလောက်နဲ့ ဆွေးနွေးဖိတ်ခေါ် အကြံပေး အပြီးမှာ ကျမ အခြားလူနာ ဆက်ကြည့်နေခဲ့ပါတယ်။

၁၅မိနစ်လောက်သာခြားပြီး မမ OG ဝင်လာပါတယ် မြတ်သန့်ရေ.. ဒီမှာနင့် case ဟေ့.. စိတ်ပျက်လွန်းပေမယ့် ပေါက်ကရလျှောက်လုပ်ရင် ငါလည်း ဒုက္ခများမှာမို့ ကိုယ်တိုင်လာပို့တာ…ဆိုပြီး ၁၆နှစ်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဝင်လာပါတယ်။.

ရည်းစားလည်းမထားဖူး .. အိမ်အပြင်လည်း ထွက်မလည်တတ်တဲ့ ကလေးမလေးက ကိုယ်ဝန် .၄လကျော်နေပြီမို့ပါတဲ့။ သူ့အမေ.. မမ OG နဲ့ ကျမ အစ်အောက်မေးလိုက်တော့ တရားခံ ထွက်လာပါတယ်။ တရားခံက အမေရဲ့ အကိုကြီးပါဆိုတော့ ကျမနှုတ်ကတောင် သြော် ..ဘကြီးပေါ့ လုပ်ရက်လိုက်တာလို့ ငြီးမိပါတယ်။ ငယ်ငယ်လေးထဲက ဘဘကလည်းအရမ်းချစ် သူကလည်း ဘဘကို အရမ်းချစ်တာမို့ ဘကြီးက ညအိပ်ညနေ သူတို့အိမ်ကို အလည်လာတိုင်း မှာ ဘဘရဲ့အိပ်ရာထဲမှာ အတူသွားအိပ်ပါတယ်တဲ့။ ငယ်စဉ်ထဲကပေါ့။

ဘဘက ဟိုဟိုဒီဒီစမ်းတော့ သမီးက မလုပ်ပါနဲ့လို့ ပြောပါတယ်တဲ့။ ဒါပေမယ့် ဆေးပညာအရတော့ အမှန်တကယ်ငြင်းဆိုခြင်း မမြောက်ဘူး ပြောရမယ်ပေါ့။ ဘဘကလည်း ခုနောက်ပိုင်း ဆေးကုလာတယ်ဆိုပြီး ခဏခဏ ညအိပ်ညနေ လာပါတယ်တဲ့။ အသက် ၇၀ ဘဘခမျာ နေသာမကောင်းတယ် အစားအသောက်ကတော့ ကောင်းနေပုံပဲ။

ဘယ်လိုပဲ သဘောတူသည်ဖြစ်စေ သဘောမတူပဲ လုပ်သည်ဖြစ်စေ အဲ့သလို ဆွေမျိုးရင်းနဲ့ ကိုယ်ဝန်ရတဲ့ မိန်းမငယ်တွေဟာ ချစ်သူနဲ့ ကိုယ်ဝန်ရတဲ့သူတွေထက် ပိုပြီး စိတ်ထိခိုက်ခံစားရပြီး အရိပ်မဲကြီး ပိုကျန်ရစ်ခဲ့ပြီမို့ မေမေတို့အနေနဲ့. ကိုယ့်သမီးလေး ဘယ်အရွယ်မဆို ဘယ်လို ယောက်ျားမျိုးနဲ့မှ နှစ်ဦးထဲလွှတ်မပေး လွှတ်မထားတော့ပဲ သတိကြီးကြီးနဲ့ ထိန်းသိမ်းတတ်ဖို့ အကြံပေးပါရစေ။

နောက်ပြီး ကလေးတွေကိုလည်း မိန်းမကိုယ်ကို တင်ပါးကို ပေါင်ကို ရင်သားကို မေမေနဲ့ ဖွားဖွားကလွဲလို့ မည်သူ့ကိုမှ မပြရ မထိတွေ့စေရ အကိုင်တွယ်မခံရကြောင်း တကယ်လို့ တဦးဦးက အဲ့သလို လုပ်လာခဲ့ရင်လည်း မေမေတို့ကို အရင်ဆုံးပြောဖို့ ငယ်စဉ်ထဲက သင်ကြားပေးဖို့ အကြံပေးရင်း ဒီနေ့ ကျမကြုံတွေ့ခဲ့ရတာလေးတွေကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

ပွင့်သောပန်းတိုင်း လှနိုင် မွှေးနိုင် လန်းနိုင်ပါစေ။

 မြင့်မိုရ်မေတ္တာ (ခိုနားရာ)

No comments:

Post a Comment