Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 28, 2018

မအေးသောင်းအသက်သပြေခက်....

မအေးသောင်းအသက်သပြေခက်....



နှစ်တိုင်း သူ့အသက်ကိုပြောရင်
မယုံချင်ကြပါဘူး .,
သူကအနုပညာလောကထဲကို ၁၉၉၆ ခုနှစ်မှာစတင်ဝင်ရောက်ခဲ့သူပါ။အဲ့ဒီအချိန်က သူ့အသက်၁၂နှစ်ဘဲရှိပါသေးတယ်။ ၁၉၈၄ခုဖွားဆိုတော့ ...

၁၉၉၆--၁၉၈၄=၁၂နှစ်ပါ။

သူ့အမ နှင်းဝတ်ရည်သောင်းက အသက်၁၃နှစ်မှာဝင်တာပါ။ သူတို့၂ယောကရဲ့အသက်က၁နှစ်နဲ့၎လဘဲကွာပါတယ်။

သူများတွေ၈တန်းကိုးတန်းစာတွေကျက်ချိန်မှာသူက စာလဲကျက်ရတယ် အနုပညာအလုပ်လဲလုပ်ရပါတယ်။ သမီးရေကိုယ်ကအနုပညာသမားလဲဖြစ်တယ်ကျောင်းသူလဲဖြစ်နေတယ်ဆိုတော့သူများထက်ပိုကြိုးစားရတာပေါ့။တကယ်လဲပင်ပန်းခဲ့ရပါတယ်။

၁၉၉၉-- ၂၀၀၀ ကာလများမှာတော့ VCD / Video ရုပ်ရှင် တွေရိုက် မော်ဒယ်ပွဲ ပေါင်းမြောက်များစွာကို ပါဝင်ရင်းနဲ့သူ့ကျောင်း (အထက၂ ရန်ကင်းစိန်မိုက်ကယ် ) မှ ဆရာဆရာမများတိုက်တွန်းချက်အရ ကျောင်းကိုယ်စား ရန်ကုန်တိုင်းနယ်မြေပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကိုဝင်ပြိုင်တာ တတိယရရှိလိုက်တဲ့တံဆိပ်က သူ့အသက်ကိုခန့်မှန်းလို့ရနေပါပြီ။

၂၀၀၀--၁၉၈၄=၁၆ နှစ်ပါ

အဲ့နှစ်မှာ၁၀တန်းကိုနှစ်ချင်းပေါက်အောင်မြင်ပြီးအနုပညာအလုပ်တွေဆက်လုပ်နေတာပါ။
နောက်ပိုင်း သူ့အမ နှင်းက နိုင်ငံခြားမှာပညာသင်သွားတော့သူလဲပညာရေးဘက်လှည့်ပြီးအနုပညာအလုပ်တွေရပ်နားထားလိုက်ပါတယ်။

၂၀၁၈--၁၉၈၄ =၃၄နှစ်ပါ။

လူတယောက်နဲ့တယောက်ဘဝဖြတ်သန်းပုံချင်းကမတူနိုင်ပါဘူး။ ဒါကြောင့်မအေးသောင်းအသက်ကို၃၄နှစ်လို့မယုံနိုင်တာကတော့ သူတို့ညံ့လို့မဟုတ်ပါဘူးမအေးသောင်းတော်လွန်းလို့ပါလို့ပြောပါရစေတော့ဗျာ။

ဖီဖီ
ခွက်ဒစ်..မမရဲ့ ဖီဖီ၊ ​ယောက္ခမကြီး 😘

“ကျမအသက် သပြေခက် ရလဒ်စားခြေတူပါစေ”

     အထက်ပါအမေးကို လုလင်ပျိုက မှန်ကန်စွာဖြေဆိုနိုင်ပါက ကာယကံရှင်မိန်းကလေးက ပန်းတပွင့်(သို့)
သတ်မှတ်ထားသည့် ပန်းအရေအတွက်ပေးရပါတယ်။ မဖြေနိုင်ပါက “ပန်းပေးပါတယ်  နှမရယ်”ဟုပြောပြီး
မိန်းမပျိုလေးကို ပန်းပွင့်လေးများပေးရပါတယ်။
အထက်ပါ စကားထာရဲ့ အဖြေမှာ မြန်မာနာမ်ကောက်နည်းအရ နောက်ဆုံးကစကောက်ပါတယ်။
ခက်“ သည် ၂၊ ပြေ သည် ၅၊ သ သည် ၆၊ ထို့ကြောင့် ၂၅၆ ဖြစ်ပါတယ်။
၂၅၆ သည် ကိန်းရင်းကို ကိန်းရင်းနည်းဖြင့်ရှာလျှင် ၁၆ ရပါတယ်။
ဒါကြောင့် မိန်းမပျိုလေးအသက် ၁၆ ဖြစ်ပါတယ်။

No comments:

Post a Comment