Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 21, 2018

တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်သားတွေကို ရဲတရားရုံးမှာ စတင်စစ်ဆေး

တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂ဝ၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်/ Photo: Khaymani Win/RFA
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာ တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်သားတွေနဲ့ တာဝန်ရှိသူတွေကို မန္တလေးခရိုင်ရုံးအတွင်းက ရဲတရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။

စစ်ဆေးမှုမှာ တရားမျှတမှု ရှိ မရှိ စောင့်ကြည့်သွားမယ်လို့ သက်သေအဖြစ် စစ်ဆေးခံခဲ့ရတဲ့ ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ဦးကိုကိုလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆  ရက်နေ့က တန်ချိန် ၅ တန်ခန့်ရှိတဲ့ ပိတောက်ရွေးတုံးတွေကို တရားမဝင်သယ်ဆောင်လာ တဲ့ဖြစ်စဉ်ကို ရဲတပ်သားတွေက ဖော်ထုတ်တိုင်ကြားခဲ့ရာမှာ ကျောက်ဆည်မြို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်သားတွေကို အန္တရာယ်မကျရောက်စေဘဲ ဝိုင်းဝန်း ကူညီဆောင်ရွက်ဖို့အတွက် ကျောက်ဆည်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့တဲ့မေလ ၁ဝ ရက်နေ့က ဟိုတယ်ကျောက်ဆည်မှာ ကျင်းပခဲ့ကြပါတယ်။

တရားမဝင်သစ်သယ်ဆောင်မှုကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရာရှိတွေနဲ့ သက်သေတွေကို ဒီနေ့ စစ်ဆေးတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment