Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 21, 2018

ဓါတ်ပုံအကြောင်း တစေ့တစောင်း (၇)


စကားချီး။ ။ MPAS မှ အခန်းဆက်ဆောင်းပါးတွေဟာ ဓါတ်ပုံအကြောင်းကို တတ်ကျမ်းတစ်ခုလိုမဟုတ်ဘဲ အများနားလည် ခံစားနိုင်စေဖို့ ပေါ့ပေါ့ပါးပါး ရေးထားလို့၊ ဓါတ်ပုံဆရာတွေအတွက် ရီစရာတစ်ခုလို ဖြစ်နေနိုင်သော်ငြားလည်းပဲ … ကင်မရာကိုင် ဓါတ်ပုံရိုက်နေပေမယ့် ဓါတ်ပုံသင်တန်း မတက်ရောက်နိုင်သူတွေ၊ နောင်တစ်ချိန် ကင်မရာဝယ်ပြီး ဓါတ်ပုံရိုက်ဖို့ စိတ်ကူးထားသူတွေ နဲ့ ဖုန်းကင်မရာ ရိုက်ချင်သူတွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
မှန်ဘီလူးအကြောင်း …
=============
# # # စာတွေအများကြီး ပါနေတဲ့ ဓါတ်ပုံတွေကို Facebook ရဲ့ မူဝါဒအရ ခွင့်မပြုလို့ တစ်ချို့ပုံတွေကို Comment Box ထဲမှာ တွဲတင်ထားပါတယ်။
ကင်မရာလို့ ဆိုလိုက်တာနဲ့ မှန်ဘီလူး ဖြုတ်လဲ/ပြောင်းလဲ တပ်ဆင်နိုင်တဲ့ Digital SLR ကင်မရာပဲ ဖြစ်ဖြစ်၊ အိမ်သုံး (point & shoot) ကင်မရာပဲ ဖြစ်ဖြစ်၊ ဖုန်းကင်မရာပဲ ဖြစ်ဖြစ် … ကင်မရာတစ်ခုရဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ အလုပ်လုပ်ပုံတွေကတော့ အတူတူပဲမို့ ဒါတွေကို အရင်ဆုံး သိနားလည်တယ်ထားဆိုရင် ပုံကောင်းတစ်ပုံ ရိုက်နိုင်ဖို့အတွက် အိုင်ဒီယာကောင်းတွေ ရလာမှာပါ။ ဒါကြောင့် ဒီအကြောင်းလေးတွေကို ဦးစွာ မိတ်ဆက်ပေးပါရစေ။
ကင်မရာဟာ လူတစ်ယောက်ရဲ့ မျက်လုံး၊ အမြင်အာရုံခံစားသိမှတ်မှုနဲ့ သဘောတရားအတူတူပါပဲ။ ဆိုလိုတာက လူ့ မျက်လုံးနဲ့ အမြင်အာရုံမှတ်ဥာဏ်ကို နမူနာယူပြီး မှန်ဘီလူးနဲ့ ကင်မရာကို တည်ဆောက်ထားတာပါ။ လူ့မျက်လုံးသူငယ်အိမ် နဲ့ ကင်မရာမှန်ဘီလူး (lens) ရဲ့ အလင်းဝင်ပေါက် (aperture) ဟာ သဘောတရား တူပြီး၊ အလင်းဝင်ပေါက် အကျဉ်း အကျယ်ကို လိုသလို ထိမ်းညှိပေးနိုင်တယ်ဆိုတာ သိရင်ရပါပြီ။
ကင်မရာမှာ (လူ့မျက်လုံးလို့ တင်စားနိုင်တဲ့) မှန်ဘီလူးအပိုင်းနဲ့ (စက္ခုအာရုံဦးနှောက်လို့ တင်စားနိုင်တဲ့) ကင်မရာဘော်ဒီ ရယ်ဆိုပြီး၊ (၂)ပိုင်းသာ ရှိတာမို့ ဒီနှစ်ခုအကြောင်းကို သေသေချာချာသိရင် ဓါတ်ပုံကောင်းရဖို့ ပထမခြေလှမ်း လှမ်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ပထမအပိုင်းဖြစ်တဲ့ မှန်ဘီလူးအကြောင်းနဲ့ စ လိုက်ကြရအောင်။
ဘယ်လိုကင်မရာမျိုးပဲဖြစ်ဖြစ် … မှန်ဘီလူး (lens) နဲ့ ပတ်သက်လို့ အဓိကအချက် (၅) ချက်ကို သတိထားသင့်ပါတယ်။
(၁) Focal Length (ဆုံတာ)
(၃) Fixed Focal Length/Prime Lens မှန်ဘီလူးလား၊ Zoom မှန်ဘီလူးလား။
(၂) Aperture (မှန်ဘီလူး အလင်းဝင်ပေါက်)
(၄) Vibration Reduction (VR) / Image Stabalization (IS)
(၅) Optical Technology (မှန်ဘီလူးနည်းပညာ)
အားလုံးဖတ်ပြီးရင်တော့ ...
- အရှေ့က အရာဝတ္ထုကို focus ပြတ်သားစေပြီး၊ နောက်ခံ အရာဝတ္ထုတွေကို မှုန်ဝါးသွားစေချင်တာလား?
- နောက်ခံ အရာဝတ္ထုတွေကို focus ပြတ်သားစေပြီး၊ အရှေ့က အရာဝတ္ထုကို မှုန်ဝါးသွားစေချင်တာလား?
- ရှေ့ နောက် ရျိသမျှ အရာဝတ္ထုတွေ အားလုံးကို focus ပြတ်သားစေချင်တာလား? .... ဆိုတာ
(၁) မှန်ဘီလူးအလင်းဝင်ပေါက် (aperture) နဲ့
(၂) မှန်ဘီလူး နဲ့ ကင်မရာထဲက ပုံရိပ်ဖမ်းကရိယာ (image sensor) ကြား အကွာအဝေး မီလီလီတာ (mm) ... အဲဒီနှစ်ချက်နဲ့ လိုသလို ကစားနိုင်တယ်ဆိုတာ နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါက မှန်ဘီလူးရဲ့ အပိုင်းပါ။ ကင်မရာအပိုင်းကလည်း လိုသလို ထိန်းချုပ်ကစားနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ဆက်ရေးပါ့မယ်။
ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဓါတ်ပုံချစ်သူများအနေနဲ့ အပိုင်း (၁ မှ ၆) ကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
======================
မေတ္တာဖြင့်
MPAS
MPAS

No comments:

Post a Comment