Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 19, 2018
ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း((၁)
(၂)
စခန်းတခုလုံးကိုလှမ်းပြီးမြင်နိုင်တဲ့ ဒီနေရာမှာ  ကျနော်တို့ ကလွဲလို့ ဘယ်သူမှမရှိပါဘူး။ ကက်ဆက် ရီကော်ဒါကတော့ စပြီး အသံဖမ်းနေပါပြီ။ အောင်နိုင် က ထိုင်ပြီး သတင်းထောက်နဲ့ စ စကားပြော ပါတယ်။ ပထမဆုံး ရင်ဒီး က ကျနော်တို့ ရဲ့  အုပ်စုလိုက်ပုံကိုဓာတ်ပုံရိုက် တယ်။ နောက်တယောက်ပြီး တယောက် ဘယ်သူဘယ်ဝါပါဆိုပြီးမိတ်ဆက်စကားပြောကြတယ်။
သူရဲ့  ပထမဆုံးမေးခွန်းက   စစ်ကြောရေးလုပ်တုန်းက နှိပ်စက်ညှင်းပန်းခံခဲ့ကြရသလား    တဲ့
ကျနော်တို့ ခု ကျန်းကျန်းမာမာပါပဲ  ဒါကျနော့်အဖြေပါ။
မဟုတ်ဘူး။ကျမမေးတာ ရှင်တို့  စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရသလားဆိုတာကိုမေးနေတာပါ။
ကျောင်းသားတပ်မတော်က ကျနော်တို့ ကို သင့်တော်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပါတယ်ခင်ဗျ။
ကျမမေးတာ ရှင်တို့ နှိပ်စက်ခံခဲ့ကြရသလား     ဒီတခါတော့သူက အသံကိုမြှင့်ပြီးမေးလာပါတယ်။
ဒဏ်ရာကတော်တော် ဆိုးဆိုးဝါးဝါးဆိုရင် အရေးပေါ်ကုသပေးပါတယ်။
သူကျနော့်ကို ကြည့်လာ တဲ့အခါ ကျနော်က ရီကော်ဒါဆီမျက် ရိပ်တ ချက်ပြ လိုက်ပြီး သူကိုတောင်းပန်တဲ့ အကြည့်နဲ့ ကြည့် ပါတယ်။(ငါ့ကိုချောင် ပိတ်မဖမ်းပါနဲ့ ။ မင်းဘာသာ သဘောပေါက်လိုက်ပါ ရင်ဒီး)
ဒါပေမဲ့ မမျှော်လင့်ပဲဒီအခြေအနေ ကို အောင်နိုင်က၀င်ထိန်းလိုက်ပါ တယ်။
ဟုတ်တယ်။ ကျနော်တို့ ဒီလူတွေကို ထိုးတယ်။ကြာပွတ်နဲ့ ရိုက်တယ်။ ကန်တယ်။ လိုအပ်လာရင် ကျင်စက်  နဲ့ တို့  တယ်။ အကုန်လုပ်တယ်ဗျာ။ ဒီကောင်တွေဟာတော်တော်ကောက်ကျစ်ယုတ်မာတဲ့အကောင်တွေဗျ။ ကျုပ်တို့  ဒီလိုမှမလုပ်ရင် သူတို့ ဘာမှကိုဖော်မှာမဟုတ်ဘူး။
ရင်ဒီး အခြေအနေကို ကောင်းကောင်းသဘောပေါက်သွားပုံရပါတယ်။
၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)  
m2
နှင်းတောထဲမှာ မလှုပ်မရှား ရပ်နေကြတဲ့ကျနော်တို့ ဟာ  မြင်းရေးပြနေတဲ့ မျိုးဝင်းရဲ့ ပရိသတ်တွေပေါ့။ ခနနေတော့ သန်းဇော်က မျိုးဝင်းကိုသတင်းပို့ လာတယ်။ တယ်လီဖုန်းဆီသွားပြီးနားထောင်တယ်။ ဘာ။ ပျောက်သွားတာမဟုတ်ဘူး။ ရောဂါပျောက်သွားတာဟုတ်လား။အေး။ လူပျောက်တာ ပဲဖြစ်ဖြစ်။ရောဂါပျောက်တာပဲဖြစ်ဖြစ်။ ငါအမိန့် ပေးထားတဲ့အတိုင်းဆက်လုပ်။get it good.
သူ့ စကားတွေကြောင့် ကျနော်တို့ ပဟေဌိဖြစ်သွားကြတယ်။
ဒါပေမယ့်ကေအိုင်အေက စိုးဝင်းသန်းရောဂါပျောက်သွားပြီမို့ လာခေါ်ဖို့ ကျောင်းသားတပ်မတော်ကိုသတင်းပို့ ထားတယ်ဆိုတာတော့  ရိပ်ဖမ်းသံ ဖမ်းသိထားကြတယ်။ ဒါပေမယ့်တရုတ်ကြီးက ရောဂါပျောက်သွားပြီလို့  ကေအိုင်အေကပြောတာ ကိုလူပျောက်သွားတယ်လို့  နားကြားလွဲတယ်။  ဒါနဲ့  ဒီပျောက်တဲ့သတင်းကို သန်းဇော်ကိုသတင်းပို့ ။  သန်းဇော်က မျိုးဝင်းဆီကို ဆက်ပြီးသတင်းပို့ ။
ကျနော်တို့ သေခြင်းတရားနဲ့  ရင်းနှီးကျွမ်းဝင်ခဲ့တာတော့ ကြာခဲ့ပါပြီ။ ကျနော်တို့ အားလုံး သေခြင်းတရားနဲ့  မျက်နှာချင်းဆိုင်ပြီး အိမ် နီးခြင်းဖြစ် ခဲ့ကြရာက ကံကောင်းလို့ လွတ်မြောက်လာကြတာပါ။
(4)
သူ့ ဆီက ဘာမှစကားပြန်မလာဘူး။
၁၀မိနစ်လောက်ကြာတဲ့အခါ အိမ်အပြင်ဖက်က ခြေသံတွေကြားရတယ်။ လက်နက်ကိုင်ထားတဲ့ကျောင်း သားစစ်သားနှစ်ယောက်အိမ်ရှေ့  ကနေ၀င် လာတယ်။တချိန်တည်းမှာပဲလှဆိုင်နဲ့ ကျော်ထင်ဦးက နောက်ပေါက် ကနေ၀င်လာတယ်။
ကျနော်တို့ အားလုံးရှေ့ မှာပဲ လှဆိုင်နဲ့ ကျော်ထင်ဦးက ခင်မောင်စိုးရဲ့ ဘယ်နဲ့ ညာမှာနေရာယူလိုက်တယ်။ ခင်မောင်စိုးရဲ့  ကျောကို ငှားထားတဲ့သေနတ်ပြောင်းနဲ့ ထောက်ထားလိုက်တယ်။ လှဆိုင်က ခင်မောင်စိုးကို လက်ထိပ်ခတ်လိုက်တယ်။ လွယ်လိုက်တာ။ ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိကို ဥက္ကဌရဲ့  ရှေ့ မှာပဲ ဥက္ကဌရဲ့ အိမ်မှာ ကြက်ကလေးငှက်ကလေးလိုဖမ်းဆီးလိုက်တာ။
ဒါဘယ်လိုဖြစ်တာလဲ။ ကျနော့်ကို ရှင်းပြပါဦး  ကျနော်သူ့ ကိုတောင်းဆိုလိုက်တယ်။
ငါ သူတို့ ကိုမီးစိမ်းပြလိုက်တာ ကိုထွန်းအောင်ကျော်က စကားပြန်လာတယ်။
မဟုတ်ဘူး။ခင်ဗျားညာနေတာ။ ဥက္ကဌတယောက်ဆီကသေနတ်ကိုပါ သိမ်းလိုက်ဖို့ ခင်ဗျားကမီးစိမ်းပြလိုက် တယ်ပေါ့လေ။ဟုတ်လား။
ချိုကြီးက ကျနော်တို့ နှစ်ယောက်ကြားထဲဝင်ရပ်တယ်။
ဥက္ကဌ။ဒီတခါတော့ ခင်ဗျား  စော်ကားခံရတာမဟုတ်တော့ဘူးဗျ။ ဖင်-ိုးခံလိုက်ရတာ။
ကဲ။ကဲ။ မင်းတို့ ဥက္ကဌနဲ့ စကားပြောတဲ့အချိန်မှာ သင့်တင်လျောက်ပတ်စွာ ယဉ်ကျေးစွာဆက်ဆံဖို့ ငါ အမိန့် ပေးတယ်။
အိုး။ ငါဒီနေ့ ပဲဒီကိုရောက်တယ်။ ဥက္ကဌရဲ့ သူငယ်ချင်းဆီကအမိန့် ကို နာခံနေရပါပကောလား။
ကောင်းပြီ။ ဒါဆို ခင်ဗျားနဲ့ ကျနော် တရားဝင်စကားပြောမယ်။ နံပါတ်၁ ကဘာကြောင့်ခင်ဗျား အိမ်မှာ လုံခြုံရေးတယောက်မှချမထားတာလဲ။အဲဒါကျနော်ကိုရှင်းပြ။ နောက်တခုကဒါထက်အရေးကြီးတယ်။ကျနော် ခင်မောင်စိုး ရဲ့ ကိစ္စကို ဆက်ပြောချင်တယ်။ နိုး။နိုး။ကျေးဇူးပြုပြီး  ခင်ဗျားမီးစိမ်းပြလိုက်တယ် လို့ မပြော ပါနဲ့ ။ဒါတွေဖြစ်ပျက်တဲ့ ချိန်ထိ ခင်ဗျားဘာမှမသိဘူးဆိုတာကျနော်သိတယ်။If you knew everything before hand, it was no need for them.
10
ခနနေတော့ ညီညီကျော် က ကျနော်တို့ အားလုံးအတွက် လက်ဖက် ရည်ဖျော်ဖို့ သိန်းထွန်းဦး ကိုပြော လိုက်တယ်။ သိန်းထွန်းဦးထွက်သွားတော့ ညီညီကျော် ကပြောတယ်။
ဒီဖမ်းဆီးတဲ့ကိစ္စ တွေကို ကျနော်ဥက္ကဌကို အထပ်ထပ်ပြောပြီးပြီ။ သူသေချာဂရုမစိုက်ဘူးဗျ။ နောက်ဆုံး တကြိမ် ကျနော်ပြောတော့ ဒီကိစ္စကို  ထပ်မပြောဖို့ တောင် ပြောတယ်။
အခုကတော့ ခင်ဗျားတို့ သူငယ်ချင်းကို ပြောဖို့   ခင်ဗျားတို့ အပေါ်မှာပဲမူတည်တယ်။ ဒီကိစ္စ တခြားမပေါက် ကြားစေချင်ဘူး။ ဒါကြောင့် သိန်းထွန်းဦးကိုအပြင်လွှတ်လိုက်တာ။
ဘာဗျ။ ဒီအလောင်းကိုတွင်းထဲထည့်။မြေကြီးပြန်ဖို့ ။
ဒါဆိုပြီးပြီးပေါ့။  ခွေးသေ၀က်သေသေပေါ့။ ကျနော်အပြင်ကို ပြေးထွက်ခဲ့တယ်။
ငါဒီကိုလာခဲ့တာမှားပြီလား။
အောင်မင်းကျနော့်နောက်ကိုလိုက်လာပြီး  ပြောနေကျစကားကိုပြောတယ် ။
ညီညီ တခုခု အချိန် မှီလုပ် ရမယ်။ ငါတို့ မှာဆင်ခြေမရှိဘူး………
(200)
ဒါနဲ့ သူနောက်တနည်းစလာပါတယ်။
ဟေး။ အောင်မင်း။ မင်းကဘာလို့ ပြုံးနေတာလည်း။
မဟုတ်ပါဘူးဆရာ။ဘာမှမဟုတ်ပါဘူး။
လှမျိုးအောင်ရဲ့ ဒေါသက ပေါက်ကွဲတော့ထွက်မလာပါဘူး။ ဒါပေမယ့်သူရဲ့ သွေးဆာနေတဲ့၊ကောက်ကျစ်တဲ့ စိတ်အခံကတော့ ပွင့်ထွက်လာပါတယ်။
မင်းက သေနတ်ရှာနေတာလားကွ။သေနတ်ကို လုချင်နေတာလား။
မဟုတ်ပါဘူးဆရာ။ မလုပ်ရဲပါဘူး။ ပြီးတော့ ကျနော်က စတိုထဲရောက်နေတာသေနတ်ရဖို့ မဖြစ်နိုင်ပါဘူး။
အော်။ငါသိပြီ။ မင်းက စတိုထဲမှာမဟုတ်ရင်တော့ သေနတ်ကိုလုမယ်ပေါ့ဟုတ်လား။
ကျနော်ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးဆရာ။
လှမျိုးအောင်သူ့ ကို ကြိမ်တုတ်နဲ့ အကြိမ်ကြိမ်ရိုက်တယ်။
ပြောဦးကွ။ပြောဦး။ စတိုထဲမှာမဟုတ်ရင်မင်းသေနတ်လုမယ်လို့ ဆိုလိုတာငါသိတယ်။
အေး။စောင့်နေကြ။ငါပြန်လာခဲ့မယ်။
ကျနော်တို့ ကိုသော့ခတ်ပြီး လှမျိုးအောင် သူ့ ဘားတိုက်ထဲကိုထွက်သွားပါတယ်။
ခင်ဗျားလုပ်ရမှာဒါပဲ။ဘရားသားရေ။ခင်ဗျားလုပ်ရမှာဒါပဲ။
လှမျိုးအောင်နံချပ်ကူနဲ့ ပြန်ရောက်လာပါတယ်။ကျနော်တို့ ရှေ့ မှာ လမ်းသလားလို့  မိန့် ခွန်းခြွေပါတယ်။ ဘာ အနှစ်သာရမှမရှိလိုက်တဲ့မိန့် ခွန်း။ ရိုးသားဖို့ ။ဖြူစင်ဖို့ ။ဖြောင့်မတ်ဖို့ တဲ့။ကျောင်းသားတပ်မတော်ကို စိတ် နဲ့ တောင်မပြစ်မှားဖို့ တဲ့။ မိန့် ခွန်းခြွေနေရင်းနဲ့ တောင် သူက အောင်မင်းကျောကိုနံချပ်ကူနဲ့ ရိုက်နေ လိုက် သေး တယ်။
.
(109)
သူတို့ ဟာ သာမန်လူတွေကြားထဲမှာတော့ သူဌေးတွေပဲပေါ့။ လက်သီးနဲ့ စန်းထွန်း အကြံဆိုးတွေနဲ ရောက် လာကြတယ်။
တရုတ်ကြီးအရက်ဝယ်ဖို့ မင်းမှာ ပိုက်ဆံနည်းနည်းမရှိဘူးလား။
ဘာလုပ်ဖို့ လည်းကွ။
မင်းအရက်ဝယ်ရင် ငါ အသားရအောင်စီစဉ်လိုကမယ်။ဘယ်နှယ့်လဲ  စည်သူက ပြောတယ်။
အသားနဲ့  ဗော့်ဒဂါနှစ်ပုလင်းနဲ့ ဆို အတော်ပဲ။
ဗော်ဒဂါ။ဘယ်ကဗော်ဒဂါရလည်း။
တရုတ်လုပ် ဗော့ဒဂါအရက်တွေပေါ့ကွာ။
အိုကေ။ငါအသားသွားစီစဉ်လိုက်မယ်။ မင်း အရက်စီစဉ်လိုက်။
သူတို့ အောက်ဆင်းပြီး အသားသွားရှာကြတယ်။ သိပ်မကြာလိုက်ဘူး။ အသားတွဲတွေဆွဲပြီး
တက်လာကြတယ်။
တရုတ်ကြီးက  အသားကလတ်တယ်ကွ။တယ်ကောင်းပါလား။
စည်သူက အသားတွေကို ကြော်နေပါတယ်။
ညီညီ မင်းအသားမစားဘူးလား။
ဒါဘာသားလဲ။
ဒါသမင်သားကွ။
ဘယ်သူပစ်တာလဲ။ငါသေနတ်သံလည်းမကြားမိပါလား။ အသားကိုသေသေချာချာကြည့်တော့တမျိုးဆန်းနေတယ်။မဟုတ်ဘူး။ အသားက ပုံမှန်ပါပဲ။ သွေးကြောတွေ က နည်းနည်းကြီးပြီး အမဲသားရဲ့  လေပြွန်ကပိုက်လိုဖြစ်နေတာ။
သူတို့ ကိုထပ်မေးကြည့်တယ်။
ဘာအသားလည်းကွ။
သမင်သားကွ။သမင်သား။ ဒါသမင်ဇော်ဝင်းချစ်ရဲ့ အသား။ သန့် ပါတယ်ကွ။ငါတို့  ပေါင်သားကိုလှီးယူခဲ့တာ..
(12)
Thangyaung (L) and Dr Naing Aung (R).—MNA
ရပြီ။ရပြီ။  ဒါတော်လှန်ရေးပဲကွာ။
ရပြီဆိုတာ မင်းဘာကိုဆိုလိုတာလဲ။
ဒီနေရာမှာ တော်လှန်ရေးနာမည်ခံပြီးတော့ လူသတ်တာ တရားဝင်တယ်လို့ ဆိုလိုချင်တာလား။
တော်လှန်ရေးအမည်ခံပြီးတော့ ….
နိုး။နိုး။ ငါဒီလိုပြောတာမဆိုလိုပါဘူး။ အားလုံးပြီးသွားတဲ့အချိန် မင်းကိုငါအားလုံးရှင်းပြပါ့မယ် ။
သံချောင်းက ဒီလိုကတိပေးတယ်။
ဘာ။ မင်းစကားတွေက ခုလက်ရှိအခြေအနေတွေကို မင်းဘာမှာမသိဘူးဆိုတာသက်သေပြနေတယ်။
ကိုထွန်းအောင်ကျော် အိမ်ထဲကိုပြန်လာတယ်။ လူတိုင်း နေ့ လည်အိမ်မက်တွေ နဲ့  ငြိမ်နေကြ တယ်။ တော် လှန်ရေး အမည်တပ်ပြီး  အသတ်ခံရတဲ့ သူက အယောက် ၂၀  ထက်မနည်းတော့ဘူး။ချိုကြီးနဲ့ ကျနော် မန္တလေးမှာရှိစဉ်က  ခင်ချိုဦးနဲ့  နန်းအောင်ထွေးကြည်ကိုမသတ်ဖို့  လှမ်းပြီး ရာဇသံပေး ခဲ့တယ်။ ဒီလို အချင်းချင်းသတ်နေရင် ကျောင်းသားတပ်မတော်အတွက် အလုပ်လုပ်ပေးမှာ မဟုတ်တော့ဘူး လို့ ရာဇ ချိုကြီးနဲ့ ကျနော် မန္တလေးမှာရှိစဉ်က  ခင်ချိုဦးနဲ့  နန်းအောင်ထွေးကြည်  ကိုမသတ်ဖို့  လှမ်းပြီး ရာဇသံပေး ခဲ့တယ်။ ဒီလို အချင်းချင်းသတ်နေရင် ကျောင်းသားတပ်မတော်အတွက် အလုပ်လုပ်ပေးမှာ မဟုတ်တော့ဘူး လို့ ရာဇ သံပို့ ခဲ့တယ်။ အဲဒီတုန်းက မျိုးဝင်းက ကျနော်တို့ ဆီအကျိုး အကြောင်း ရှင်းလင်းတဲ့စာလှမ်းပို့ ပြီး  အဲဒီအမျိုး သံပို့ ခဲ့တယ်။ အဲဒီတုန်းက မျိုးဝင်းက ကျနော်တို့ ဆီအကျိုး အကြောင်းရှင်းလင်းတဲ့စာလှမ်းပို့ ပြီး  အဲဒီအမျိုး သမီးနှစ်ယောက် လိပ်စာကိုပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ်သူ တို့ အဲဒီတုန်း က သူတို့ လုပ်နေ တာတွေ ကို ရပ်ခဲ့ပေ မယ့် အခု ခင်ချိုဦးနဲ့  နန်းအောင်ထွေးကြည် ကိုပြန် ဖမ်း ထားပြန်ပြီ။ 
ငါ င့ါရဲ ဘော်တွေကိုယုံကြည်ပါတယ်။ဒါဆိုငါတို့ ကရော။
ငါတို့ ကရောရဲဘော်ရဲဘက်တွေမဟုတ်ဘူးလား။ မယုံကြည်ရဘူးလား။
ငါ့ကိုချောင်ပိတ်မဖမ်းပါနဲ့ ကွာ။
ငါမင်းတို့ အကုန်လုံးကိုတော်တော်စိတ်ပျက်နေပြီ။
ဒါဆိုအထက်ဗမာပြည်တခုလုံးမှာ မျိုးချစ်ကျောင်းသားတပ်မတော်အဖွဲ့ ဝင်က ၃၅၀ပဲရှိတာတော်တော်သနား စရာပဲ။
ငါ အဲဒီလို ပြောချင်တာမဟုတ်ပါဘူးကွာ။
ဟုတ်ပါတယ်။ ခင်ဗျားပြောချင်တာအဲဒီိလိုပါ။ ခင်ဗျားအဲဒါကို ၀န်မခံရဲဘူးဖြစ်နေတာ။
မင်းဒီလို မပြောရဘူး။
လူတိုင်းမှာ ကိုယ့်လမ်းကို ကိုယ်ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်။ ကျနော်လဲ ဒီအနေ အထား တွေကိုစိတ်ပျက် လာရင် ကျနော့်ဆန္ဒအတိုင်း ကျနော့်လမ်းကျနော်ရွေးခွင့်ရှိတယ်။
နိုး။ ရွေးခွင့်မရှိဘူး။
ဘာကြောင့် ရွေးခွင့်မရှိရမှာလဲ။
ဘာကြောင့်လဲဆိုတော့ ငါက ရွေးခွင့်မရှိဘူးလို့ ပြောလို့ ပဲ။ မင်းသဘောပေါက်လား။
ကျနော်စကားတလုံးမှ မပြောနိုင်တော့ပါဘူး။ နှလုံးသားထဲမှာနာနေတယ်။ ဒီတော်လှန်ရေးကြီးပြီးရင်တော့ တရားဝင်ရှင်းလင်းချက်လုပ်ရမယ်လို့  စိတ်ထဲကနေကိုယ့်ကိုယ်ကို ကတိပြုလိုက်တယ်။
ကျနော်တို့ အားလုံးငြိမ်သက်လို့ ။တနေ့ လုံးဘာမှမလုပ်ပဲအချိန်ကုန်သွားတယ်။
ညီညီကျော်နဲ့ ရဲလင်း ကထမင်းစားပြီးတော့ရောက်လာကြတယ်။ သူတို့ က ကေအိုင်အေ စခန်းကို သွားကြ ရအောင်တဲ့ ။
စခန်းဘယ်နားကိုလည်း။ ဒေါ်ခင်ညိုအိမ်ကိုလေ။ ငါတို့ လက်ရည်သွားသောက်ရအောင်။
အိုကေ။သွားကြတာပေါ့။
ဒေါ်ခင်ညိုက တခါက ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ ဝင်တယောက်ပါ။ သူ့ က PSOကေအိုင်အို ကတ်ပ တိန် ခူးနော်Hkun Naw နဲ့ လက်ထပ်ထားပါတယ်။ သူလည်းထိန်းသိမ်းခံရမယ့်စာရင်းမှာပါပေမယ့် ကေ အိုင်အေ က သူ့ ကို ကယ်ထားပါတယ်။
ကျနော်တို့ သိုက်ထွန်းဦး ဆီသွားမလို့ လုပ်တော့ တချို့ ကျနော်တို့ နဲ့ လိုက်လာပါတယ်။ အသစ်ရောက် လာတဲ့သူက  Myo Thit, Baman ကဖြစ်ပြီး သူ့ နာမည်က ကိုထွန်းပါ။တချိန်က ရှမ်းလဲဗီးတပ် ကပါ။ He was once a red Shan levy, these levies were together with BSPP and against KIA.
(26)
Oh, we are thin skinned.
ဆိုးဆိုးဝါးဝါးတခုခုတော့မကြာခင်ဖြစ်တော့မယ်။ ဥက္ကဌထွန်းအောင်ကျော်ကလွဲရင် ရဲလင်း။ညီညီကျော် နဲ့ မန္တလေး က လူတွေက  အခြေအနေ ဆိုးနေပြီဆိုတာလက်ခံတယ်။  အခုကျနော်တို့ ကျောင်းသားတပ် မတော်ဟာ ကင်ဆာဖြစ်နေတဲ့ လူမမာတယောက်နဲ့ တူနေပြီ။ အထဲက အင်္ဂါအစိတ်အပိုင်း အားလုံးပျက်စီး ကုန်ပြီး။ ပုတ်ကုန်ပြီ။ တော်တော်များများ အသတ်ခံလိုက်ရပြီ။ တချို့ လည်းမြို့ ကိုပြန်ပြေးကုန်ပြီ ။ကျန်ရစ်ခဲ့ တဲ့ လူတွေကရော။ ကျနော်တို့ အဖွဲ့ သုံးဖွဲ့ ခွဲလို့ ရတယ်။
အမဲလိုက်တဲ့မုဆိုးက ပထမအုပ်စု။
သားကောင်ဖြစ်ရသူက ဒုတိယအုပ်စု။
တတိယက ပွဲကြည့်ပရိသတ်။
တရက်မှာ ခင်ဆွေလှိုင်နဲ့ သင်တန်းခန်းနားမှာဆုံတယ်။ သူကျနော့်ကိုကောင်းကောင်းသိပါတယ်။ သူ နဲ့ သူ့ သူငယ်ချင်းတွေ မန္တလေးမှာထောက်လှမ်းရေးလိုက်ဖမ်းတုန်း ကျနော်အိမ်မှာဖွက်ပေး ထားပြီး အေ ဘီနဲ့ ချိတ်ဖို့ စီ စဉ်ပေးခဲ့ဖူးတယ်။ ခုလက်ရှိသတ်ဖြတ်နေတဲ့အခြေအနေကို သူနဲ့ ဆွေးနွေး ဖို့ ကြိုးစားကြည့် တယ်။ နားနှစ်ဖက်ကိုတောင်မယုံနိုင်ဘူး။
သူကက်ကက်လန်ပြန်ပြောတာက ဒါကျမအလုပ် မဟုတ်ပါဘူး။
ဒါဆို နင့် အ လုပ် ကဘာလည်း။
ကျမ စီအက်သံချောင်းကို ယုံကြည်တယ်။သူက ရိုး သားပြီးတော့ ဘယ်တော့မှ မမှားဘူး။
(112)
ဟေ့ ကုလား ရာဒါရာဒါလုပ်မနေနဲ့ ။  VCS အမိန့် နဲ့  လက်မ လက်ထိပ်ပဲဖြုတ်ပေး မယ်။
ကျေးဇူးပါဗျာ၊ကျေးဇူးပါ။VCSကိုလည်းကျေးဇူးတင်ပါတယ်။
အခုတော့ နေရထိုင်ရခက်တဲ့ အနေအထားကနေ ကျနော်လွတ်မြောက်သွားပါပြီ။ တခါထပ်ပြီးကျေးဇူးတင် ပါတယ်။ ဒီအတွက်တချိန်ချိန်ကျရင် ကျေးဇူးပြန်ဆပ်ပါ့မယ်။
နောက်တော့မှကျနော်သိတာက အဲဒီအချိန်ကစလို့   ကျနော်စိတ်ဓာက်ရေးရာအနေအထား ကအဆိပ် သင့်နေပါပြီ။  ကြောက်ရွံ့ မှုနဲ့ ရိုကျိုးမှုက ရောဂါလက္ခဏာတွေ။ ကျနော်အတွင်းမှာ ကြောက်ရွံ့ မှု ကျနော် ပိုရိုကျိုးလာတယ်။အတွင်းက ကြောက်ရွံ့ မှုကဒီရိုကျိုးမှုတွေကိုစိုက်ပျိုးကြီးထွားလာစေတာပါ။ အစောင့်တွေ က ကိုယ့်ကို ပျော့ပျော့ပြောင်းပြောင်းဆက်ဆံစေချင်တယ်။ ကျနော်ရိုကျိုးတယ်။ ရိုကျိုး ဖို့ ကြိုးစားတယ်။ ဒါ ကျနော့်မနက်ဖြန်အနာဂတ်အတွက်။
မင်းင့ါမျက်ရည်တွေကို သုတ်ပေးမလား။
တယောက်ယောက်ကကျနော့်နာမည်လှမ်းခေါ်ရင် အရမ်းကိုသိမ်မွေ့ တဲ့ အမူအယာနဲ့ တုန့် ပြန်တယ်။
No, sir, I don’t feel like eating something
(312)
ဒေါက်တာနိုင်အောင်ရဲ့ ခွင့်ပြုချက်နဲ့  ဘိုဘို။ဝဏဇော်။ညီညီအောင် တို့ ကိုလွှတ်မယ်။ ဒါပေမယ့် ကမ္ဘာ့ကြက်ခြေနီကလာရင် အဲဒီအချိန်အားလုံးကိုလွှတ်လိုက်မယ်။
သူတို့ နားထောင်တယ်။ဘာမှမပြောပဲ စာရွက်မှာလက်မှတ်ထိုးလိုက်တယ်။နောက်တော့ ကျနော်တို့ ဒါ နဲ့ ပတ်သက်ပြီး ဘာလုပ်သင့်သလဲ ကျနော်တို့ အခြေအနေကို အချင်းချင်းဆွေးနွေးကြတယ်။
They are not seemed to be slackening their stands. နောက်တချက်က CS VCS ကတို့ ကိုရှောင်နေတယ်။ ဒေါက်တာနိုင်အောင်နဲ့ ကျောင်းသားတပ်မတော်ဗဟိုအကြောင်းလည်းအရမ်းကိုပြောလွန်းတယ်။ ကြည့်ရတာ ဒေါက်တာနိုင်အောင်ဒီရောက်နေပုံပဲ။ဟုတ်တယ်။ ဒီကောင်က ဒီသတ်ပွဲကိုတာဝန်ယူနေပုံပဲ။ သူဘာလုပ်နေလဲ သူသေသေချာချာသိရဲ့ လားလို့ ကျနော်သံသယရှိတယ်။ ဒီဖြုတ်ဦးနှောက်လောက်နဲ့  ဒါ ဗဟိုကဥက္ကဌတဲ့လား။
Mg Mg, don’t left behind NLD (LA). They are one step ahead of Naing Aung. They live together in a camp.So I think we’d better bargain something out.
တကယ်လို့ ကျနော်တို့ ညှိုနှိုင်းနိုင်ရင် တခုခုတော့ရနိုင်တယ်။  ပြီးတော့ဒီ အငယ်သုံးယောက်က နည်း နည်းလေးပျော့တယ်။ဘိုဘို၊၀ဏဇော်နဲ့ ညီညီအောင်ကိုပြန်လွှတ်ပေးဖို့ ပြောမယ်။သူတို့ ကအသက်ငယ်တယ်။ ပြီးတော့ သူတို့  စကားအရဆိုရင်  ထောက်လှမ်းရေးအရာရှိတွေလည်း မဟုတ်ကြဘူး။Then, with three young guys, they are a little bit soft. So, we will ask Bo Bo, Wa Na Zaw and Nyi Nyi Aung back. They are young and according to their words, they are not the officers.
သူတို့ အမိန့် ကိုစောင့်နေတုန်း ကျနော်တို့ ကဒီမှာစောင့်နေမယ်။ တယောက်ပဲလွှတ်ခဲ့ရင်တောင် ကျနော် တို့ လက်ခံမယ်။
အေပရယ် ဒုတိယပတ်မှာ ကျောင်းသားတပ်မတော်ရဲ့  တာဝန်ရှိသူတွေဖြစ်ကြတဲ့ 
အောင်နိုင် ။အောင်ကြီး။နေဒွန်း။သက်ထွန်း။သန်းဇော် လူ၇ယောက်နဲ့ ဆွေးနွေးပွဲတခု စီစဉ်တယ်။ ဂျပန်သ တင်းထောက်နဲ့  မိဘတွေလည်းပါတယ်။
(21)
အခု ကျနော့်အလှည့်။ ညီညီ ဆင်းလာခဲ့။ဒါပေမယ့်ကျနော်ချက်ခြင်းဆင်းမလာနိုင်ဘူး။ ခုမှမြို့ ပြန်ရောက် တာဖြစ်ပြီးဖိနပ်တောင် မချွတ်ရသေး။ပထမသန်းဇော်က ကျနော့်ဆီကဖိုက် နာရီနဲ့ ဖီးဂျက်ကက်ကိုချွတ် တယ်။ သက်လင်းက ဝေါ့ကင်းရှူးနဲ့  ခြေစွတ်ကို ချွတ်တယ်။ နောက်တော့တခြားလူတွေလိုပဲ လက်နှစ် ဖက်ခေါင်းပေါ် တင်ပြီး အိမ်ရှေ့ မှာဆောင့်ကြောင့်ထိုင်လိုက်ရတယ်။
ချိုကြီးမျက်နှာမှာသွေးတွေစီးကျနေတယ်။ မျိုးဝင်းရောက်လာပြီး ကျနော်တို့ ကို စကားပြော တယ်။
ဟေး ညီညီ။ငါမင်းကိုပြောဖူး တယ်မဟုတ်လား။ ငါကကျားကွ။ သမင်မဟုတ်ဘူးဆိုတာ။
ဟုတ်ကဲ့။ပြောဖူးပါတယ်။ ဒါပေမယ့်ခု ဘာတွေဖြစ်နေတာလည်း ကျနော်နားမလည်ဘူး။
ကုလား။မင်းပါးစပ်ပိတ်ထားစမ်း။ သေသွားချင်လား။   သန်းဇော် ကျနော့်ကိုခြိမ်းခြောက်တယ်။
ဒါဟာ ဒီကျောင်းသားစခန်းကိုစရောက်ကတည်းက ပထမဆုံးလူမျိုးရေးခွဲခြားနှိပ်ကွပ်ခံလိုက်ရတာပဲ။
(35)
ရုပ်ပိုင်းအသွင်အပြင်နဲ့ အတွင်းသားပုံသဏ္ဍာန်အကြောင်း ကျနော်စဉ်းစားနေမိတယ်။ အဲဒီလိုအတိအ ကျတော့လည်း မဟုတ်။ နောက်တနည်းစဉ်းစားကြည့်ပါဦးမယ်။ အိုကေ။ အပျော့ထည်နဲ့ အမာထည်။
ခင်ဗျားတခုခုကို သင်ယူတယ်ဆိုရင်  အဲဒီသင်ကြားမှု တွေတည်ရှိတဲ့နေရာဟာ အပျော့ထည်။
အောင်လက်မှတ်၊ ခင်ဗျားတတ်မြောက်ကျွမ်းကျင်မှုကို ညွှန်ပြတဲ့အသိအမှတ်ပြုမှုတွေက အမာထည်။
အင်ဂျင်နီယာတွေရော၊ဆရာဝန်တွေရော နိုင်ငံရေးသမားပါမကျန် ဒီနည်းလမ်းနဲ့  စဉ်းစားလို့ ရတယ်။
အပျော့ထည်နဲ့ အမာထည် တွဲဖက်ညီနေသမျှ အိုကေပဲ။ အပျော့ထည်က အမာထည်ထက် ပိုပြီးကောင်းနေ ရင် အဲဒီလူ အတွက်ပြဿနာကြီးကြီးမားမားမဟုတ်ဘူး။ ဒါ ဒီလူဟာ သူ့ ဌာနအတွက် အရမ်းကိုတော်နေရုံ သက်သက်ပဲ။ ဒါပေမယ့် အမာထည်က အပျော့ထည်ထက် ပိုပြီးသာလွန်လွှမ်းမိုးလာရင်တော့ အဲဒါဇတ်လမ်း အဆုံးသတ် သွားတာပဲ။ ဘာနဲ့ အလားသဏ္ဍာန်တူမလဲဆိုတော့ မြင်းငတုံးတွေ တောကိုအုပ်ချုပ်သလိုပေါ့။
Almost all of the dictators in the past were socks. But their hardware was so great and big to be dictators.
အခု ကျနော်တို့ ရဲ့ စီအီးစီအဖွဲ့ ဝင်တွေကို ခင်ဗျားဘယ်လိုထင်လဲ။ အားလုံး  အေ -ိုး တွေချဥ့်။
အချိန် ကာလအမှား နေရာဒေသအမှားပဲ။ ကျနော်တို့ ဟာကွင်းမှားပြီးလာကန်မိတဲ့ဘောသမားလို။  ဂိုးရ ဖို့ ကြိုး စားတာနဲ့  ကို လံဘီယာက အက်စ်ကိုဘာလိုဖြစ်သွားမယ်။
Well, just Yada Yada and be fucked together.ya·da ya·da
Variant(s):
or yad·da yad·da \ˈyä-də-ˈyä-də\ or yada yada yada or yadda yadda yadda \-ˈyä-də\
Function:
noun
Etymology:
alteration of earlier yatata idle chatter, probably ultimately from British dialect and argot yatter-yatter to chatter, of imitative origin
Date:
1980
: boring or empty talk —often used interjectionally especially in recounting words regarded as too dull or predictable to be worth repeating
The Yada Yada – Wikipedia, the free encyclopedia
Source
“The Yada Yada” is the 153rd episode of the American NBC sitcom Seinfeld. The 19th episode of the 8th season, it aired on April 24, 1997. George’s girlfriend is big on using the phrase “yada yada ya…
en.wikipedia.org/wiki/The_Yada_Yada
(129)
And the other end of the line is put on the beam.
Guards taunted the end and hook poked in the ear. Zaw Win Chit tip toed to reduce the pressure. The guards taunted further and hook went into the deeper inside. Zaw Win Chit cried loudly, “kill me, kill me. You are blood thirsty, kill me now”, like that kind of crying, he was punished badly and expired of injury sustained.
အစောင့်ကဇော်ဝင်းချစ်နားထဲကိုသံချောင်းထိုးထည့်လိုက်တယ်။
ဇော်ဝင်းချစ် သက် သာအောင်ခြေဖျားထောက်တယ်။ အစောင့်က နားအတွင်းထဲထိရောက်အောင် ထပ်ထိုး ထည့်လိုက် တယ်။
ဇော်ဝင်းချစ် က ငါ့ကိုသတ်လိုက်ပါ။သတ်လိုက်ပါ။ မင်းတို့ သွေးဆာနေတဲ့ကောင်တွေ။ ငါ့ကိုအခုသတ်လိုက်။ အဲဒီလိုအော်ဟစ်ရင်း ဆိုးဆိုးဝါးဝါးညှင်းဆဲခံရပြီး သေဆုံးခဲ့တယ်။ ဒီကောင်တွေဟာတော်တော်ဆိုးဝါးတဲ့ အကောင်တွေ။
ရန်ရှင်းလည်းသွေးခဲပြီး သေပြီ။ ရန်ရှင်းကအိန္ဒိယ အေဘီဂျီအက်ဖ်စခန်းကိုသွားပြီး အဲဒီကနေသံခဲကို အေဘီမှာလုပ်ဖို့ ခေါ်လာခဲ့တာ။ အိန္ဒိယကနေ ဖားကန့် ဒေ သရောက်တော့ ရန်ရှင်း နဲ့ မန္တလေးက နောက်တယောက် ခေါင်းဖြတ်သတ်ခံရ တယ်။ အဲဒီကိစ္စသံခဲဘာပြောလဲ။ သူဘာမှမသိသလိုလုပ်နေတယ်။ သူတာဝန်ယူ တယ်ဆို အိုင်စီစီကို ပြောရမယ်။ အခုသူဒီမှာ ။လက်ရှိအခြေအနေကို သူ ဘာပြောခဲ့ လဲ။ လောလောဆယ်သူအ လုပ်တွေနည်းနည်းရှုပ်နေလို့ ပါ။
သူဘာလုပ်နေလဲ။
မမွှန်နေတယ်။
မင်းတကယ်ပြောနေတာလား။
နိုး။နိုး။သူမမွှန်နေလား။မွှန်မနေဘူးလား။ကျနော်သေသေချာချာမသိပါဘူး။ ဒါပေမယ့်သူခင်ဆွေလှိုင်ကိစ္စနဲ့  အလုပ်ရှုပ်နေတယ်။
Good show, veteran and leftover story.
Good show, veteran and leftover story.
 These guys are very bad; Yan Shin was also killed cold bloodedly. Yan Shin went to ABGF India camp and brought Than Chae from there to work in ABSDF. When they reached Phar Khant area back from India, Yan Shin and another guy from Mandalay were beheaded.What did Than Chae say with it?He kept on blind eyes?Well, if he has certain responsibilities with it, he has to answer at the ICC.Now, he is here and what did he say about the present circumstance?I am afraid that he is a little too busy at present.What did he do?Tomcatting!You mean it?
No, no. I really don’t know whether he is tomcatting or not. But he is busy in courting Khin Shwe Hlaing.
Good show, veteran and leftover story.
Anyhow, he cannot be clean by keeping. Blind eyes and guilty of encouraging Myo Win and Than Chaung.
Sure thing.When the work is finished. We are a little busy but it is worth working.
(40)
ဒီနေရာမှာသီချင်းမဆိုပါနဲ့ ။ ကျနော်မကြားချင်လို့ ပါ။ ကျနော်အိပ်ချင်လို့ ပါ။
သူ့ ကိုမအိပ်ခိုင်းနဲ့ ။ နှိုးလိုက်စမ်း။
ခဏလေးပါ။ခဏလေးအိပ်ပါရစေ။
Even the lion sleeps likes an eagle. Sure, fishing is the naughty fame. ငါးတွေကငါးမြှားချိတ်ကိုမြင်နိုင်ဘူး။Then, it is a trick. It is not a fair game. ဒါမျှတတဲ့ကစားပွဲတခုမဟုတ်ဘူး။
မင်းဘာလို့ လပ်ကီးစထရိုက်မကြိုက်တာလည်း။
ကျနော်အစီခံမပါတာပိုကြိုက်တယ်။
မနက်ဖြန်ရမယ်။
ငါတို့ လွတ်တော့မယ် ။
နိုး။နိုး။ကျနော်ရေမချိုးချင်ဘူး။အရမ်းအေးလွန်းတယ်။
ဘေးမှာ ဇော်ဇော်မင်းကရပ်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ ။ ရေပုံးအခွန်ကိုကိုင်လို့ ။ ထိုင်နေတဲ့ အနေအထားမှာ ကျနော်စိုရွှဲလို့ ။ အခြေအနေကိုခုထိ ရေရေလည်လည်သဘောမပေါက်သေး။ ဒါပေမယ့်သေချာတာက နာကျင်မှု။ နာကျင်မှုဝေဒနာက တကိုယ်လုံးမှာ။ခေါင်းထဲကထိုးတယ်။ငယ်ထိပ်ကထိုးတယ်။ ဘာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ဘူး။
ဒီကနေ့ နည်းနည်း သက်သာတယ်။ ဘာလို့ လည်းဆိုတော့ အခုပဲ အဆုံးသတ်အထိတွေးလိုက်လို့ ။ သူတို့ ငါ ဆီ ရောက်လာတယ်။ မန္တလေးက ထောက်လှမ်းရေးဗိုလ်မှူးမောင်မောင်ချိုလို့  တံဆိပ် ကပ်သွားတယ်။ညီအကိုဝမ်းကွဲ ထွန်းအောင်ကျော်ကလည်းအဲဒီဌာန ဗိုလ်မှူးပဲ။
သောက်ရူးတွေ။ မှတ်ပုံတင်မှာငါနာမည်က အောင်သန်း။ မန္တလေးက မစ်ရှင်ကျောင်းသွားတော့ ဖရက်ဒီ။ ချိုကြီးဆိုတာရင်းနှီးသူတွေခေါ်တာ။ သူတို့ အခုငါ့ကိုနာမည်သစ်တခုပေးတယ်။
(45)
ဒီကိစ္စကိုကျနော်ချဲ့ ကားမပြောဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ကိုကောက်ကြောင်းတ ခုဆွဲပြ မယ်။ သေသွားတဲ့ပြည်စိုးနိုင် နဲ့ ခင်ချိုဦးတို့ အကြောင်းပါ။ ပြည်စိုးနိုင်က စစ်ကြောရေးလုပ်တုန်း ညှင်းဆဲခံရ တယ်။စစ်ကြောရေးမှာဝန်ခံလာအောင်အရိုက်ခံရ။ညှင်းဆဲခံရတယ်။ သူ့ နောက်ဆုံးစကားက  ကျောင်းသားတပ်မတော်ကိုငါ မရွံရှာ။မစက်ဆုပ်ချင်ဘူး။
His last words were “I don’t want to disgust ABSDF.”
ဒီစကားပြောပြီးနောက် သတိလစ်ပြီး နောက်တော့သေဆုံးသွားတယ်။ပြည်စိုးနိုင်ဘာမှ ၀န်မခံပဲသေ ဆုံးသွားတော့ သူတို့ ဒီအခြေအနေကိုမကျေနပ်ဘူး။ခင်ချိုဦးကို အလောင်းဘေး ကိုခေါ်လာ တယ်။ ပြည်စိုးနိုင်ရဲ့ အလောင်းကိုဖက်ခိုင်းတယ်။ငိုခိုင်းတယ်။ ဒါကိုဗီဒီယိုမှတ်တမ်းယူတယ်။ဒါ ဟာ စီအီးစီ အဖွဲ့ ဝင်၊ ကျောင်းသားတပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဝင်တွေရှေ့ မှာဖြစ်ခဲ့တာပါ။ ဂျူဂျူး။သိမ့်ဆွေ နဲ့ တင်စမ်းဦးဆိုတဲ့ အ မျိုးသမီးအဖွဲ့ ဝင်တွေပါရှိတယ်။ ခင်ဆွေဦးကို  ပြည်စိုးနိုင် အလောင်း က ယောက်ျား အင်္ဂါကို orall sex လုပ်ခိုင်းတယ်။
သူတို့ ကအဖမ်းဆီးခံ ထားရတဲ့သူတွေဟာ  ခွေးတွေလိုပဲ ၀ါဒဖြန့် တယ်။ကြည့်ကြ။ ခင်ချိုဦးဟာ ဥပမာ တခုပဲ။      သေသွားတဲ့သူ့ ရည်းစား စပိုင် ရဲ့ အလောင်း ကိုတောင်ဒါမျိုး မစဉ်းစားရဲစရာမဖွယ်မရာတွေ လုပ် တယ် လို့ ဝါဒဖြန့် တယ်။
No comments:
Post a Comment