Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 1, 2018

မိန်းမဖြစ်​သူအား​ယောင်္ကျားဖြစ်​သူမှလည်​ပင်းညစ်​သတ်​မှုဖြစ်​ပွား



ပဲခူးမြို့၊​အမှတ်​(၃)နယ်​​မြေရဲစခန်းအပိုင်​၊ဥသာမြို့သစ်​(၈)ရပ်​ကွက်​တွင်​(၁.၄.၂၀၁၈)​နေ့ နံနက်​(၈)နာရီအချိန်
ခန့်​က လူသတ်​မှုတစ်​ခုဖြစ်​ပွားခဲ့သည်​။ဖြစ်​စဉ်​မှာ ချစ်​ဦးနိုင်​(ခ)စံကြီး(၂၅)နှစ်​၊(ဘ)ဦး​အောင်​​သောင်း၊ကျီးပင်​စု​ကျေးရွာ၊သနပ်​ပင်​မြို့​နေသူနှင့်​ မစန္ဒာ​ကျော်​ဇင်​(၁၈)နှစ်​၊(ဘ)ဦး​မြင့်အောင်၊ကျွန်သာယာရပ်ကွက်၊ပဲခူးမြို့​နေသူနှင့်​လွန်​ခဲ့​သော (၃)နှစ်​ခန့်​က အိမ်​​ထောင်​ကျပြီး
၂၀၁၈မတ်​လ ၁၁ရက်​​နေ့တွင်​ ဇနီးဖြစ်​သူ မစန္ဒ​ကျော်
ဇင်​မှ ​နေအိမ်​ကထွက်​ခွာသွားပြီး ပြန်​လည်​​ရောက်​ရှိလာ
ခြင်းမရှိသဖြင့်​ လိုက်​လံစုံစမ်းရာ ရန်​ကုန်​မြို့ရှိ​ရေသန့်​စက်​တွင်​အလုပ်​​နေ​ကြောင်းကြားသိရ၍ ရန်​ကုန်​သို့
သွား​ရောက်​စုံစမ်းခဲ့ရာ ဇနီးဖြစ်​သူမစန္ဒ​ကျော်​မင်းမှ ဖုန်း
ဖြင်​ဆက်​သွယ်​၍ မင်္ဂလာဒုံစစ်​သင်္ချိင်းအနီးတွင်​အိမ်​ငှါး
နေထိုင်​​ကြောင်းသိရှိရသဖြင့်​ သွား​ရောက်​ခဲ့ရာ မစန္ဒ​ကျော်​မင်းအား ရန်​ကုန်​မြို့၊​စောဘွားကြီးကုန်းရှိလက်​ဘက်​ရည်​ဆိုင်​တွင်​ အမည်​မသိအသက်​(၂၀)ခန့်​ရှိ
အမျိုးသားတစ်​ဦးဖြင့်​​တွေ့ရှိခဲ့ရ၍ ချစ်​ဦးနိုင်​(ခ)စံကြီးမှ
ဆိုင်​ကယ်​ဖြင့်​ဇနီးဖြစ်​သူအား​ခေါ်​ဆောင်​၍ မြဝတီမြို့တွင်​အလုပ်​သွား​ရောက်​လုပ်​ကိုင်​မည်​ဟု​ပြောရာ ဇနီးဖြစ်​သူမှာ ​စောဘွားကြီးကုန်းလက်​ဘက်​ရည်​ဆိုင်​တွင်​​တွေ
သောအမည်​မသိအမျိုးသားနှင့်​သာ​ပေါင်း​ရန်​​ပြောသဖြင့်​ ၄င်းမှမေ​ကျနပ်​၍ ပဲခူးမြို့၊နာရဏီသိမ်​အတွင်းရှိလမ်းသွယ်​တစ်​ခုသို့​ရောက်​ရှိပြီးဆိုင်​ကယ်​ရပ်​တန့်​စဉ်​မစန္ဒ​ကျော်​မင်းမှ နင်​နဲ့မလိုက်​နိုင်​​ကြောင်း​ပြောဆိုစဉ်​ ချစ်​ဦးနိုင်​(ခ)စံကြီးမှ ငါနဲ့မလိုက်​နိုင်​ရင်​ ဘာလို့ဖုန်းဆက်​တာလဲ
ဟု​ပြောဆိုစဉ်​ တစ်​ဦးနှင့်​တစ်​ဦးစကားများရန်​ဖြစ်​ပြီး ချစ်​ဦးနိုင်​(ခ)စံကြီးမှ မစန္ဒ​ကျော်​မင်းအား လည်​ပင်းညစ်​ပြီး
ဆိုင်​ကယ်​​​အောက်​သို့ဆွဲချခဲရာ (၁၅)မိနစ်​အကြာတွင်
လည်​ပင်​ညစ်​ခဲ့သည့်​အတွက်​​ကြောင့်​​သေဆုံးသွားခဲ့သဖြင့်​စခန်းမှချစ်​ဦးနိုင်​(ခ)စံကြီးအား
(ပ)၂၂၀/၂၀၁၈ရာဇသတ်​ကြီးပုဒ်​မ၃၀၂ဖြင့်​အမှုဖွင့်​အ​ရေးယူထား​ကြောင်းသတင်းရရှိသည်​။
Thant Zin






No comments:

Post a Comment