Latest News

Thursday, March 22, 2018

သစ်ခုတ်သမားရဲ့''လွမ်းချင်း''


''မျောက်''သားစားချင်ရင်တော့
''မျောက်မျက်နှာ''ကို အရင်ကြည့်ဦးပေါ့
မြင်ဘူးတယ် ရှိအောင်လို့ပါ…

''ဗျည်း''မပါတဲ့''သရ''
လုံးကြီးတင် သက်သက်မျှနဲ့တော့
သိကြားမင်းတောင်မှ
''ဝ''မရှိဘဲ''ဝိ''လုပ်လို့မရ……

''သစ်ခုတ်သမားတွေ''မရှိတော့တဲ့အခါ
''ခင်ဗျား''ရဲ့ ''ပန်းပုဆရာတွေ''နဲ့
''အိုးပုတ်'' ချိုးရုပ်''သာ လုပ်ရောင်းချေတော့။

နိုင်မြန်မာ