Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 11, 2018

ကျောင်းဆရာ(စာ​ရေးဆရာ)တစ်ဦးမှ ၅ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်ကြောင်းသိရ


မန္တ​လေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းခွဲတွင် ၅ နှစ်အရွယ်ကျောင်းသူတစ်​ဦး အဓမ္မပြုကျင့်ခံရသည်ကို မတ်လ ၁၀ရက်နေ့ ည ၈:၁၅ နာရီက အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်​တိုင်ကြားသည်ဟု သိရသည်။

အဆိုပါ ဘကကျောင်းမှ ကျောင်းဆရာ(စာရေးဆရာ) မောင်သစ်ဦးက ကျောင်းအိပ်ကျောင်းစားပညာသင်နေသော ကျောင်းသူ မ---- (အသက် ၅နှစ်)အား မတရားချုပ်နှောင်၍ ကာမရယူခဲ့ကြောင်း သိရရှိရ၍ အမှတ် (၁) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သက်ငယ်မုဒိမိးမှုကျူးလွန်သူ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦးမှာ ယခုအခါ ထွက်ပြေးတိမိးရှောင်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦး အား အမှတ် (၁) ရဲစခန်းမှ ပ-၁၂၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှု့ဖွင့်တရားစွဲဆိုသွားနိုင်ရန် ဝရမ်းထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်​ထူး
#TheMandalayNewsJournal

No comments:

Post a Comment